လမင်းရယ်

အလင်းတွေ မပေးချင်နေပါ
တခဏတာ အရောင်ပြပြိး
တိမ်ညိုတွေနဲ့ မဖုံးအုပ်လိုက်ပါနဲ့..

ကြယ်စင်တွေဝိုင်းနေတဲ့ မင်းကို
ကမ္ဘာမြေက
လှမ်းကြည့်ရသူပါကွာ.....

ချစ်သူ့ရင်

ထီးမပါဘူးဆိုမှ
သဲသဲမဲမဲ
ရွာတဲ့ မိုးလိုပါပဲ...

မိုးရွာတာကမှ
ခန့်မှန်းလို့ ရပါသေးတယ်
အချစ်မပါတဲ့
I Love you ဆိုတဲ့စကားက
မှန်းဆရခတ်တဲ့
မိုးကောင်းကင်တောင်
အရှုံးပေးလိုက်ပါဦးမယ်...

မြတ်နိုးခွင့်

* ကိုယ်လေ သိပ်ချစ်ပါတယ်
မြတ်နိုးရပါတယ် ဆိုတဲ့
ချစ်သူ တစ်ယောက်ရယ်....

* ကိုယ့် အတွက်တော့
သတိရခြင်း
တမ်းတခြင်း
လွမ်းရခြင်း
မျှော်လင့်ခြင်း တွေနဲ့
ကိုယ့်ဘ၀ က မင်းပါ...

* ဒီလို မြတ်နိုး
အချစ်ဆုံး ဆိုတဲ့မင်းကို
တပါးရင်ခွင် အများ အမြင်မှာ
မကြား မမြင်ပါပဲ
ကိုယ်တယောက် ထဲကိုပဲ
မြတ်နိုးခွင့်ပေးပါ ကွာ.....

ပြီးဆုံးခြင်းမှ

*ကောင်းကင်က အပြုံးတစ်ပွင့်နဲ့
မြေကြီးက မျက်ရည်တစ်စက်
ဒီတသက်ဆုံနိုင်ပါ့မလား ။
* ဟိုး...ခပ်စောစောက သက္ကရာဇ်တုန်းက
မင်းဟာ ငါ့ချစ်သူ
ဟုတ်တယ်နော်.....
* လူသားနှစ်ဦး ချစ်ကြတာ
တစ်ခန်းရပ်ပြဇာတ်ကတာမှ မဟုတ်ဘဲ
"ပြီးဆုံးသွားပြီ" ဆိုတဲ့စကား
မင်...ပြောသင့်ရဲ့လားကောင်မလေး....

အချစ်တဲ့

အချစ်တဲ့.....
အချစ်ကို မသိခင်တုန်းကပေါ့
အချစ်ကိုမသိပဲ လူတွေကိုချစ်ခဲ့ဖူးတယ်
ပြီးတော့ပြောလိုက်သေးတယ်......
အချစ်က ပူလောင်တယ်တဲ့ ။

အချစ်တဲ့.....
သိလာရတယ်
ရင်ခုန်တယ်.....
ပျော်တယ်....
ကြည်နူးတယ်...
ခံစားချက်တွေလည်း အများကြီးဘဲ
ဆက်ရန်တွေလည်း ရှိနေဦးမယ်...
အချစ်ကိုသိမှ အချစ်ဆိုတာကို ချစ်လာခဲ့တယ်....
တကယ်တော့
အချစ်ဆိုတာ မပူပါဘူး...
နွေးနွေးလေးနဲ့ အေးမြနေတာပါ ။

ထာဝရထက် မင်းကိုငါ တစ်ရက်ပိုချစ်တယ်

(၁) အချစ်ဆိုတာ သူ့ကို ကိုယ့်နှလုံးသားထဲ တိတ်တိတ်လေး ထည့်ဖွက်ထားတာဖြစ်တယ်။ ကိုယ်ဘယ်သွားသွား သူပါတယ်။ ကိုယ်ဘယ်ရောက်ရောက် တစ်သက်လုံးသူရှိနေတယ်။

(၂) အချစ်ဆိုတာ ကိုယ့်နှလုံးသားကို သူ့ဆီမှာပဲထားတယ်။ ထွက်မပြေးဘူး၊ လျှောက်မပြေးဘူး၊ သူ့နှလုံးသားထဲမှာပဲ ကိုယ့်နှလုံးသားကို ထာဝစဉ် လဲလျောင်းစေတယ်။

(၃) "ချစ်တယ်" ဆိုတဲ့စကားက လူကိုနွေးထွေးဖို့ လုံလောက်ခဲ့တယ်။ ဒါပေမယ့် အဲဒီစကားက တစ်ဖက်သတ်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် နှလုံးသားချင်းထပ်ရတယ်။

(၄) နင်သိလား! ကိုယ့်ကိုနားလည်တဲ့လူကို ရှာဖို့ရာ မလွယ်ကူဘူး။ ဒါပေမယ့် ငါကံကောင်းခဲ့တယ်။ ဘုရားသခင်က ငါ့အတွက်မင်းကို စွန့်ကျဲခဲ့တယ်။ ရိုးရိုးရှင်းရှင်းစကားကို ငါအားမနာတမ်းပြောချင်တယ် "နင့်ကိုချစ်တယ်"...

(၅) နင့်ကိုချစ်တာ ခံစားမှုတစ်မျိုး၊ နင့်ကိုလွမ်းတဲ့အလွမ်းက ငါ့ကိုပျော်စေတယ်၊ နင့်ကိုဖက်ထားရတာ ငါ့အတွက် မှီခိုမှုတစ်မျိုးပေါ့။ နင့်ကိုနမ်းတော့ ကြည်နူးရတယ်။ နင်ဟာ အမြဲတမ်း ငါရဲ့ပျော်ရွှင်ခြင်းပေါ့ကွယ်...

(၆) အရင်က နင်နဲ့ငါမသိခဲ့လို့ "အချစ်"နဲ့ ငါလမ်းလွဲခဲ့ရတယ်။ ခုတော့ ငါ့ဘဝထဲ မင်းအပိုင်စီးဝင်လာခဲ့ပြီ။ အထီးကျန်ခဲ့ဖူးတဲ့ ငါ့နေ့ရက်နဲ့ ပျော်ရွှင်ခြင်းတွေ ပြည့်နေမယ့် ငါ့အနာဂတ်ကို မင်းတာဝန်ယူပေးပါ။

(၇) ထာဝရထက် မင်းကိုငါ တစ်ရက်ပိုချစ်တယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် နင့်ကိုငါ လွမ်းတယ်။ နင့်ဘေးမှာ ငါမရှိပေမယ့် ငါ့အလွမ်းထဲမှာ နင်အမြဲရှိတယ်။ ငါ့နှလုံးသားထဲမှာ နင်နေရာအပြည့်ယူထားတယ်။

(၈) ငါ့ဘဝထဲ မင်းရောက်မလာခင် ငါဟာနေ့ည မခွဲခြားတဲ့ တေလေငှက်တစ်ကောင်လို့ လူ့ပင်လယ်ထဲမှာ လမ်းပျောက်နေခဲ့တယ်။ မင်းဟာငါရဲ့ ဓူဝံကြယ်ပါ။ မင်းနှလုံးသားမှာ ခိုလှုံနိုင်ဖို့ ငါ့ကိုအလင်းပေး လမ်းညွှန်ခဲ့တယ်။

(၉) ငါတို့က တောင်ပံတစ်ဖက်စီသာ ရှိကြတဲ့ အိန်ဂျယ်တွေပါ။ နှစ်ယောက်ပွေ့ဖက်ပေါင်းစပ်မှ ပျံသန်းနိုင်မှာဖြစ်တယ်။ နင် ငါရဲ့တောင်ပံတစ်ဖက် လုပ်နိုင်မလား?

(၁ဝ) တစ်နေ့မှာ ပျော်ရွှင်ခြင်းက ဘယ်မှာလဲလို့ နင်မေးလာခဲ့ရင် ပျော်ရွှင်ခြင်းက လေထဲမှာလို့ နင့်ကိုငါ တိုးတိုးလေးပြောပြမယ်။ နင်ရှုရှိုက်လိုက်တဲ့ လေတိုင်းမှာ နင့်ကိုငါပေးမယ့် ပျော်ရွှင်ခြင်းတွေ ပါဝင်နေခဲ့တယ်။

နိုင်ငံခြားကို အထင်ကြီးနေသော မိဘများအတွက်ပါ

-ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။
ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။
သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။
တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။
ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။
အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိသူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။
အမေရယ်ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။
ခုတော့ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင် ပြန်မစုပ်ချင်တဲ့
သရက်စေ့ တစ်စေ့ပေါ့။
ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။
လူတွေ ပြောတော့မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးကအကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။
ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။
လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။
ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။
လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။

အချစ်

ဒဏ္ဍာရီမဆန်

သီအိုရီ မကျ

ရစ်သမ် မလိုဘူး

မင်းကို ရိုးရိုးလေးပဲ............ချစ်တယ်.။

သိပ္ပံခေတ်လွန်ဇာတ်လမ်းမဟုတ်ဘူး

ပရမ်းပတာကဗျာလည်း မဟုတ်ဘူး

ကာရန်လှလှတွေလည်း မရှိဘူး

မင်းကို........ရိုးရိုးလေးပဲချစ်တယ်..

ကမ္ဘာဦးလူသားတွေလည်း

သုံးခဲ့ဖူးတယ်....

ဒီနေ့ထိလည်း

သုံးနေကြတယ်....

နောင်လာနောင်သားတွေလည်း

သုံးကြအုံးမယ်

မင်းကို ...ရိုး...ရိုး....လေး....ပဲ.....ချစ်တယ်

မီးကိုမတွေ့ရှိခင်ကတည်းက စ တယ်

အိုဇုန်းလွှာပေါက်လာတဲ့အထိ သုံးတယ်

အင်္ဂါဂြိုလ်ပေါ် ခြေချနိုင်ကြရင်လည်း

မင်းကိုရိုးရိုးလေးပဲချစ်တယ်

ဘယ်အရာတွေဘာပဲဖြစ်ဖြစ်

မင်းကိုရိုးရိုးလေးပဲချစ်တယ်

မင်းကို......ရိုးရိုးလေးပဲချစ်တယ်

မင်းကိုရိုးရိုးလေးပဲ.......ချစ်နေပါတယ်.......။

အချစ်က အစစ်

အမုန်းက အမှန်

မသိတဲ့ ဘ၀မှာ

အချစ်ပင်ကို ရင်မှာပျိုးခဲ့တယ်

အချစ်ကို မခံစားတတ်တဲ့ သူတစ်ယောက်အတွက်

ရင်နင့်အောင် ပျိုးခဲ့ရတဲ့

ရင်ဝှက်ပန်းလေး တစ်ပွင့်ပါ...

ရာသီတွေ အလီလီကုန်ဆုံး

သူ့အချစ်ဆုံးက.....ကိုယ် မဟုတ်တဲ့အခါ

ရင်ထဲက အလွမ်း ရင်ထဲမှာသာ

သူမသိအောင် လွမ်းခဲ့ရသူပါ။

ငါ့ရဲ့ မီးအိမ်ရှင်မလေး

နှလုံးသားတစ်နေရာမှာ
ကြယ်လေးတစ်ပွင့် လင်းလက်ခဲ့တယ်....
ဘ၀ပင်လယ်ပြင်ထဲ လမ်းပျောက်ဆဲ ငါ့ကို
မင်းက လမ်းပြပေးခဲ့တယ်...
ကြယ်စင်လေးရယ်...
နင်ဟာ ငါ့ဘ၀ရဲ့ မီးအိမ်ရှင်ပါ...
ငါ့ခန္ဓာကိုယ်ဆိတ်သုဉ်းလို့
အမှောင်တွေ ပိတ်ဖုံးသွားရင်တောင်
မင်းကိုငါ ရူးသွပ်နေမှာပါ...
ငါ့နှလုံးအိမ်ထက် သံယောဇဉ်ကွန်ယက်တို့
အထပ်ထပ်ရစ်ပတ်လို့
ငါ့မျှော်လင့်ချက်တွေ
သက်ဝင်လှုပ်ရှားခဲ့ပြီ ချစ်သူ...။

တကယ်ချစ်ခဲ့တာပါချစ်သူ

အပြင်မှာ မတွေ့ဘူးပေမယ့်ရင်မှာ
တကယ်ချစ်ခဲ့တာပါ ချစ်သူ ….။
တွေ့တာမကြာသေးပေမယ့် မေ့မှာ
ခဏလေးလို့တော့ မထင်လိုက်ပါနဲ့ ချစ်သူ …။
နယ်မြေတွေခြားနေလို့ လာမရဖြစ်နေပေမယ့်
ထာဝရချစ်နေမှာပါ ချစ်သူ ..။
ချစ်သူကိုချစ်တဲ့ အချစ်ကလွဲပြီးကျန်တာ
ဂရုမစိုက်တာမို့ ခွဲမသွားပါနဲ့လား ချစ်သူရယ် ….။

လူတိုင်းသိသင့်ပါသည်

“Remember friends, as you pass by, as you are now,
So once were I, as I am now.
So you must be prepared yourselves and follow me”


“မိတ်ဆွေ၊ ငါ့အနားက ဖြတ်သွားတဲ့အခါ သတိပြုလိုက်စမ်းပါ၊
ငါလည်းပဲ တစ်ခါတုန်းက မင်းလိုပဲ အသက်ရှင်ခဲ့ဖူးတာပါပဲ။
မင်းလည်းပဲ တစ်နေ့ကျရင် အခုငါ့လိုဖြစ်လာမှာပါ။
ပြင်ဆင်စရာရှိသမျှပြင်ဆင်ပြီးရင် ငါ့နောက်လိုက်ခဲ့ပေါ့။"

မချစ်တတ်တဲ့ ငါ

မချစ်ဖူးတဲ့ငါ့ကို
ချစ်တတ်အောင်သင်ပေးခဲ့တာ နင်ပဲ...

မလွမ်းဖူးတဲ့ ငါ့ကို
လွမ်းတတ်အောင်သင်ပေးခဲ့တာ နင်ပဲ...

စောင့်စားတာမုန်းတဲ့ ငါ့ကို
စောင့်တတ်အောင်သင်ပေးခဲ့တာ နင်ပဲ..

သည်းမခံတတ်တဲ့ ငါ့ကို
စာနာတတ်အောင်သင်ပေးခဲ့တာ နင်ပဲ..

လမ်းမှားထဲက ငါ့ကို
လမ်းမှန်ပို့ပေးခဲ့တာ နင်ပဲ..

ငါနဲ့ပတ်သတ်သမျှ
အရာအားလုံးက နင်ပဲ..

နင်ပဲစပြီးဖန်တီးပေးတဲ့ ငါ့အချစ်ကို
နင်ပဲ...မဖျက်ဆီးပါနဲ့......။

FOR KISS

Kiss on the hand - I adore you.

Kiss on the cheek - I just want to be friends.

Kiss on the chin - You are cute!

Kiss on the neck - I want you.

Kiss on the lips - I love you.

Kiss on the ears - Let's have some fun.

Kiss anywhere else - You're the best.
ချစ်သူကို စကားနဲ့ဘဲ နွေးထွေးယုယနိုင်တဲ့ မောင့်အချစ်က မအတွက် မလုံလောက်ဘူးဆိုပေမဲ့..ပြည့်စုံစေချင်တယ် မရယ်....ထိတွေ့မှု့ရှိမှ အချစ်ဆိုတဲ့ အရာက ဖြစ်ပေါ်လာမယ်ဆိုရင်တောင် မောင့်အချစ်တွေကိုချွင်းချက်တခုအနေနဲ့ စဉ်းစားပေးပါမရယ်...မောင်မကိုဘယ်လောက်မြတ်နိုးတယ်ဆိုတာ မောင်ပြောတဲ့စကားတွေကို မောင့်ရင်ထဲက စကားတွေ အဖြစ် မတယောက်အသိအမှတ်ပြုမယ်ဆိုရင် ချစ်သူသိနေလောက်ပါပြီ ချစ်သူရယ်....
မနဲ့အဝေးမှာ နေနေရပေမဲ့ မ၇ဲ့ နှလုံးသားရဲ့အဝေးမှာတော့ မနေပါရစေနဲ့ မရယ်...ပင်လယ်ပြာကြီး လှပလာစေဖို့ လှိုင်းကြက်ခွပ်လေးတွေ လိုအပ်သလို မောင်ဘ၀လေး လှပဖို့အတွက် မလိုအပ်ပါတယ် မရယ်...ပင်လယ်ပြာကြီးလောက်လှပမှု့မရှိသလို မိုးကောင်းကင်ကြီးလောက်လည်းကြီးကျယ်ခမ်းနားမှု့မရှိပေမဲ့ မောင်ဟာ မလိုအပ်မှု့တွေရဲ့ တစိတ်တဒေသဖြစ်ခွင့်ရရင်တောင် မောင့်အတွက် လောကကြီးက အဓိပါယ်ရှိမှာပါ မရယ်....
အရင်က မနဲ့မောင် မသိခဲ့လို့ "အချစ်"နဲ့ မောင်လမ်းလွဲခဲ့ရတယ်။ ခုတော့ မောင့်ဘဝထဲ မအပိုင်စီးဝင်လာခဲ့ပြီ။ အထီးကျန်ခဲ့ဖူးတဲ့ မောင့်နေ့ရက်နဲ့ ပျော်ရွှင်ခြင်းတွေ ပြည့်နေမယ့် မောင့်အနာဂတ်ကို မတာဝန်ယူပေးပါ။
မကို ချစ်ပါတယ်ဆိုတဲ့ အရာအားလုံးထက် မောင်ပိုချစ်တယ်.. မဘေးနားမှာ မောင်မရှိနေနိုင်ပေမဲ့ မောင့်နှလုံးသားရဲ့ နေရာတိုင်းမှာကွက်လပ်မရှိမက နေရာပြည့် ယူထားတယ် မကို အရာရာတိုင်းထက်တန်ဖိုးထားလို့
မြတ်နိုးတယ်ဆိုတဲ့ စကားနဲ့တောင် မလုံလောက်ခဲ့ပါဘူး...
မောင်ရူသွင်လိုက်တဲ့ အောင်ဆီဂျင်တွေဟာ မကိုချစ်တဲ့ အချစ်ဆေးတွေ ဖြစ်မှန်း ရူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေ ဟာ မအပေါ်သည်းခံခြင်း ခွင့်လွတ်ခြင်း အနစ်နာခံခြင်းတွေဆိုတာ မောင်အရင်က မသိခဲ့ပါဘူး
ဒါကြောင့် မောင်လေတွေကို ရူသွင်းရူထုတ်နေသေးသမျှ မောင့်အချစ်တွေဟာ အမြဲထာဝရ မအတွက် ရျင်သန်နေမှာ ပါ......
"ချစ်တယ်" ဆိုတဲ့စကားက လူကိုနွေးထွေးဖို့ လုံလောက်ခဲ့တယ်။ ဒါပေမယ့် အဲဒီစကားက တစ်ဖက်သတ်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် နှလုံးသားချင်းထပ်ရတယ်။