လိုအပ်သူ

သေချာစဉ်းစားပါ

ဘဝ

သူငယ်ချင်း

ကိုယ့်စိတ်ကိုယ်နိုင်ပါ

မိဘမေတ္တာ

နေတတ်ဖို့လိုတယ်

စိတ်ကိုထားတတ်ဖို့လိုတယ်

ဘ၀အရည်အသွေး

လုပ်တာကို သိဖို့လိုတယ်





ငြိမ်းချမ်းတဲ့ဘဝ

လူ့ဘဝ

ဘ၀ကို စိတ်ဝင်စားတတ်ပါ

မေတ္တ္တာ

ဘ၀ကို ကျေနပ်အောင်နေ

ရွေးချယ်တတ်ဖို့တော့လိုတယ်

အချစ်သက်သက်
ရည်းမှန်းချက်တွေ
တစ်စီတစ်တန်းကြီးနဲ့
မျှော်လင့်ချက်တွေ
အစွန်းရောက်စေခဲ့တဲ့ မင်းကို..

ဆင်ခြင်သုံးသပ်ဥာဏ်ကင်းစွာ
ချစ်ခဲ့တာ နောက်ဆုံးတော့
အလွမ်းတွေနဲ့ဘဲ
ရှေ့ဆက်ရမယ့် ငါ့အတွက်
တစ်ချက်လောက်တော့
လှည့်ကြည့်ပေးပါ
ကောင်မလေးရာ......။
ဖူးပွင့်ခဲ့တဲ့ အလွမ်း
လူခြေတိတ်ဆိတ် ညိမ်သက်တဲ့ည
ကြယ်တွေကြည့်ရင်းအိပ်မရတဲ့ငါ
ရက်တွေသာကြာခဲ့ပေါ့......

အေးချမ်းလှတဲ့ဆောင်းတစ်ည
နှင်းစက်ကြားကလရောင်
အလွမ်းတွေအတွက်
အရှိန်ပြင်းပြင်း
တောက်လောင်ခဲ့ရပေါ့

မင်းမသိပေမဲ့ ခံစားရတဲ့ဝေဒနာ
ရင်ထဲမှာကျွမ်းလောင်
ရင်နှင့်မဆံ့အလွမ်းတွေ
တထောင့်တနေရာမှာ
ထားလို့ရရင် သိပ်ကောင်းမှာဘဲ

ဒီလိုနဲ့ဘဲ ငါ့နှလုံးသားလဲ
အလွမ်းတွေနဲ့ ရင့်ကျက်ခဲ့ပြီလေ
အချိန်နဲ့ ရက်တွေသာ ကြာခဲ့ပေါ့
အလွမ်းတွေကတော့
လျှော့မသွားတဲ့ အပြင်
အဖူးအပွင့်တွေနဲ့ ဝေဆာနေတုန်းပါဘဲ .... ချစ်သူရယ်...။

*ထာဝရထက် မင်းကိုငါ တစ်ရက်ပိုချစ်တယ် *

(၁) အချစ်ဆိုတာ သူ့ကို ကိုယ့်နှလုံးသားထဲ တိတ်တိတ်လေး ထည့်ဖွက်ထားတာဖြစ်တယ်။ ကိုယ်ဘယ်သွားသွား သူပါတယ်။ ကိုယ်ဘယ်ရောက်ရောက် တစ်သက်လုံးသူရှိနေတယ်။

(၂) အချစ်ဆိုတာ ကိုယ့်နှလုံးသားကို သူ့ဆီမှာပဲထားတယ်။ ထွက်မပြေးဘူး၊ လျှောက်မပြေးဘူး၊ သူ့နှလုံးသားထဲမှာပဲ ကိုယ့်နှလုံးသားကို ထာဝစဉ် လဲလျောင်းစေတယ်။

(၃) "ချစ်တယ်" ဆိုတဲ့စကားက လူကိုနွေးထွေးဖို့ လုံလောက်ခဲ့တယ်။ ဒါပေမယ့် အဲဒီစကားက တစ်ဖက်သတ်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် နှလုံးသားချင်းထပ်ရတယ်။

(၄) နင်သိလား! ကိုယ့်ကိုနားလည်တဲ့လူကို ရှာဖို့ရာ မလွယ်ကူဘူး။ ဒါပေမယ့် ငါကံကောင်းခဲ့တယ်။ ဘုရားသခင်က ငါ့အတွက်မင်းကို စွန့်ကျဲခဲ့တယ်။ ရိုးရိုးရှင်းရှင်းစကားကို ငါအားမနာတမ်းပြောချင်တယ် "နင့်ကိုချစ်တယ်"...

(၅) နင့်ကိုချစ်တာ ခံစားမှုတစ်မျိုး၊ နင့်ကိုလွမ်းတဲ့အလွမ်းက ငါ့ကိုပျော်စေတယ်၊ နင့်ကိုဖက်ထားရတာ ငါ့အတွက် မှီခိုမှုတစ်မျိုးပေါ့။ နင့်ကိုနမ်းတော့ ကြည်နူးရတယ်။ နင်ဟာ အမြဲတမ်း ငါရဲ့ပျော်ရွှင်ခြင်းပေါ့ကွယ်...

(၆) အရင်က နင်နဲ့ငါမသိခဲ့လို့ "အချစ်"နဲ့ ငါလမ်းလွဲခဲ့ရတယ်။ ခုတော့ ငါ့ဘဝထဲ မင်းအပိုင်စီးဝင်လာခဲ့ပြီ။ အထီးကျန်ခဲ့ဖူးတဲ့ ငါ့နေ့ရက်နဲ့ ပျော်ရွှင်ခြင်းတွေ ပြည့်နေမယ့် ငါ့အနာဂတ်ကို မင်းတာဝန်ယူပေးပါ။

(၇) ထာဝရထက် မင်းကိုငါ တစ်ရက်ပိုချစ်တယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် နင့်ကိုငါ လွမ်းတယ်။ နင့်ဘေးမှာ ငါမရှိပေမယ့် ငါ့အလွမ်းထဲမှာ နင်အမြဲရှိတယ်။ ငါ့နှလုံးသားထဲမှာ နင်နေရာအပြည့်ယူထားတယ်။

(၈) ငါ့ဘဝထဲ မင်းရောက်မလာခင် ငါဟာနေ့ည မခွဲခြားတဲ့ တေလေငှက်တစ်ကောင်လို့ လူ့ပင်လယ်ထဲမှာ လမ်းပျောက်နေခဲ့တယ်။ မင်းဟာငါရဲ့ ဓူဝံကြယ်ပါ။ မင်းနှလုံးသားမှာ ခိုလှုံနိုင်ဖို့ ငါ့ကိုအလင်းပေး လမ်းညွှန်ခဲ့တယ်။

(၉) ငါတို့က တောင်ပံတစ်ဖက်စီသာ ရှိကြတဲ့ အိန်ဂျယ်တွေပါ။ နှစ်ယောက်ပွေ့ဖက်ပေါင်းစပ်မှ ပျံသန်းနိုင်မှာဖြစ်တယ်။ နင် ငါရဲ့တောင်ပံတစ်ဖက် လုပ်နိုင်မလား?

(၁ဝ) တစ်နေ့မှာ ပျော်ရွှင်ခြင်းက ဘယ်မှာလဲလို့ နင်မေးလာခဲ့ရင် ပျော်ရွှင်ခြင်းက လေထဲမှာလို့ နင့်ကိုငါ တိုးတိုးလေးပြောပြမယ်။ နင်ရှုရှိုက်လိုက်တဲ့ လေတိုင်းမှာ နင့်ကိုငါပေးမယ့် ပျော်ရွှင်ခြင်းတွေ ပါဝင်နေခဲ့တယ်။

*လွယ်သလား ခတ်သလား*

♥ သူတပါးရဲ့ အမှားကို မြင်ဖို့ လွယ်ပေမယ့် ကိုယ်ပိုင်အမှားကို သိဖို့က ခက်ပါတယ်။
♥ မစဉ်းစားဘဲ ပြောဖို့ လွယ်ပေမယ့် လျှာကို ထိန်းနိုင်ဖို့က ခက်ပါတယ်။
♥ ကျနော်တို့ ချစ်တဲ့ သူတွေကို ထိခိုက်အောင် လုပ်ဖို့ လွယ်ပေမယ့် အဲဒီ ဒါဏ်ရာကို ဖြေဖျောက်ဖို့က ခက်ပါတယ်။
♥ သူတပါးကို ခွင့်လွှတ်ဖို့ လွယ်ပေမယ့် ခွင့်လွတ်မှုကို တောင်းဆိုဖို့က ခက်ပါတယ်။
♥ စည်းမျဉ်းတွေက ချမှတ်ဖို့ လွယ်ပေမယ့် လိုက်နာဖို့က ခက်ပါတယ်။
♥ ညတိုင်း အိပ်မက်မက်ဖို့ လွယ်ပေမယ့် ကိုယ့်အိပ်မက်ကို အကောင်အထည် ဖော်ဖို့က ခက်ပါတယ်။
♥ အောင်မြင်မှုကို ထုတ်ပြဖို့ လွယ်ပေမယ့် ဂုဏ်သိက္ခာရှိရှိ ရှုံးနိမ့်တယ်လို့ လက်ခံဖို့က ခက်ပါတယ်။
♥ လပြည့်ညရဲ့ လရောင်ကို ခံစားဖို့ လွယ်ပေမယ့် လရဲ့ တခြားဘက်အခြမ်းကို မြင်ဖို့က ခက်ပါတယ်။
♥ ခလုတ်တိုက် ချော်လဲဖို့ လွယ်ပေမယ့် ပြန်ထနိုင်ဖို့က ခက်ပါတယ်။
♥ နေ့စဉ်ဘဝမှာ ခံစားပျော်ပါးဖို့ လွယ်ပေမယ့် စစ်မှန် တန်ဖိုးတစ်ခု ဖြစ်ဖို့က ခက်ပါတယ်။
♥ တစ်စုံတစ်ယောက်ကို ကတိပေးဖို့ လွယ်ပေမယ့် အဲဒီကတိကို ဖြည့်ဆည်းပေးဖို့က ခက်ပါတယ်။
♥ ချစ်တယ်လို့ ပြောဖို့ လွယ်ပေမယ့် အချိန်တိုင်း သက်သေပြနိုင်ဖို့က ခက်ပါတယ်။
♥ ဝေဖန်ရှုံ့ချဖို့ လွယ်ပေမယ့် သူတစ်ဦးကို မြှင့်တင်ပေးဖို့က ခက်ပါတယ်။
♥ အမှားလုပ်ဖို့ လွယ်ပေမယ့် အမှားကနေ သင်ခန်းစာယူဖို့က ခက်ပါတယ်။
♥ ဆုံးရှုံးသွားတဲ့ အချစ်အတွက် ကြေကွဲဖို့ လွယ်ပေမယ့် လက်မလွတ်ရအောင် စောင့်ရှောက်ဖို့က ခက်ပါတယ်။
♥ ကိုယ့်ဘဝ တိုးတက်ဖို့အတွက် တွေးတောစဉ်းစားရတာ လွယ်ပေမယ့် စိတ်ကူးယဉ်တာ အရှိန်သတ်ဖို့နဲ့ အကောင်အထည်ဖော်ဖို့က ခက်ပါတယ်။
♥ လက်ခံဖို့ လွယ်ပေမယ့် ပေးဖို့က ခက်ပါတယ်။
♥ ခင်မင်မှု၊ အပေါင်းအသင်း ဆိုတာကို တော်ကီနဲ့ ပွားဖို့ လွယ်ပေမယ့် သူရဲ့ အဓိပ္ပာယ်ကိုတော့ ထိန်းသိမ်းဖို့က ခက်လိမ့်မယ်။
♥ သူတပါးရဲ့ အားနည်းချက်ကို မြင်ဖို့ လွယ်ပေမယ့် ကိုယ့်မှာကော ရှိလေမလားလို့ တွေးကြည့်မိဖို့က ခက်ပါတယ်။
♥ အပြောလွယ်ပေမယ့် အလုပ်ခက်ပါတယ်။
♥ အမြင်လွယ်ပေမယ့် အသိခက်ပါတယ်။
♥ အသိလွယ်ပေမယ့် အကျင့်ခက်ပါတယ်။

သိထားဖို့လိုတယ်နော်

၁။ မိန်းမတို့၏ အစားစားခြင်းကား....ယောကျာ်း တို့ထက် နှစ်ဆလွန်၏။
ပညာသည်လည်း လေးဆလွန်၏။ လုံ့လကား ခြောက်ဆလွန်၏။ ကာ
မဂုဏ်ကား ၇ှစ်ဆလွန်၏။

၂။ အချစ်ဆိုတာ လူနှစ်ယောက်ရဲ့ အတ္တပြိုင်ပွဲ။

၃။ ချစ်သူတွေရဲ့ ကတောက်ကဆဖြစ်ခြင်းဟာအချစ်ကို ဆထက်ထမ်းပိုးတိုးစေတယ်...။

၎။ ကြီးမားတဲ့အမုန်းတရားတွေကသာနောက်က လိုက်ပါမလာဘူးဆိုရင် ကြီးမားတဲ့ ချစ်ခြင်းတရားဆိုတာ ဘယ်မှာရှိနိုင်မလဲ။

၅။ သိပ်ချစ်ရတော့လည်း သိပ်ကြောက်ရတာပေါ့ ။

၆။ တကယ်ချစ်တဲ့ ချစ်သူဆိုတာ ဘယ်တော့ မှ မေ့ပျောက်လို့မရဘူး ။

၇။ သင်သည် မိန်းကလေး တယောက်ကို လက်မထပ်မီ သူမ၏မိခင်အကြောင်းကို စုံစမ်းပါ ။

၈။ မိန်းမတယောက်အား လက်ထပ်သူသည် သူမ၏မျိုးရိုးကို ကြည့်သည်။

၉။ သင့်၏အချစ်တွေကို ဇနီးသည်အား ပေးပါ။
သင်ပရဲ့လျို့ဝှက်တွေ မိမိကိုယ်ကိုပဲပေးပါ။

၁၀။ ယောကျာ်းတယောက် အဖို့ သူရဲ့ရည်းစားကိုအချစ်ဆုံး အချစ်နဲ့ ချစ်ပြီး
သူ့ရဲ့မိန်းမကိုတော့ အကောင်းဆုံး ချစ်ပါတယ်..။ဒါပေမဲ့ သူ့ရဲ့ မိခင်ကိုတော့
အချိန်ကာလ အကြာမြင့်ဆုံး ချစ်ပါတယ်..။

၁၁။ အချစ်စစ် အချစ်မှန်ဆိုတာ တာရှည်ခွဲခွာရစေဦးတော့ ဘယ်အခါမှမေ့မပျောက်နိုင်။

၁၂။ လုပ်ချင်တာ လုပ်ရဖို့ထက် လုပ်သင့်တာကို လုပ်ရမယ်။

၁၃။ အချစ်မှာ မျက်စိမရှိဘူး ပြောကြတယ်။
အမှန်က အချစ်တစ်ခုတည်းမှာသာ မျက်စိရှိနေတာ ။
ဒါကြောင့် အခြားသူတွေ မမြင်နိုင်တဲ့ အလျတွေကို မြင်နိုင်တွေ့နိုင်တာပေါ့ ။

၁၄။ တဖက်သားကို ချစ်တယ်ဆိုတာ တကယ်တော့ ကိုယ့်ကိုယ်ကို ချစ်နေလို့ပဲဖြစ်တယ်။

၁၅။ အကြင်မိန်းမသည် စားသောအခါတွင်လည်းကောင်း၊ အ၀တ်တန်ဆာ ပြုပြင်ဆင်ယင်သောအခါတွင်လည်းကောင်း ၊
အမိကဲ့သို့နှစ်လိုဖွယ် ပြုပြင်တတ်၏။ လျို့ဝှက်အပ်ကုန်သော ၊မကျစ်မလျစ်သော အရာတို့တွင် နှမကဲ့သို့လွန်းစွာ ရျက်တတ်၏။
အမှုလုပ်သောအခါတို့တွင်လည်းကောင်း ၊လင်၏အပါးသို့သွားသောအခါတို့တွင်လည်းကောင်း၊ ကျွန်မကဲ့သို့ ရိုသေပြုတတ်၏။
အိပ်သောအခါတွင် မွေ့လျော်စေတတ်၏။အရောင်အဆင်းကိုပြုပြင်ခြင်း တို့တွင် တိုင်ပင်ဖက်ရ၏။အမျက်ထွက်သော အခါတွင်
သည်းခံတတ်၏။ထိုမိန်းမကိုမြတ်၏ဟု ပညာရှိတို့က ဆိုကုန်၏။..
မိုးကောင်းကင်က

ကြယ်တစ်စင်း သက်စင်းလို့မြေခသွားတယ်။

ရင်ခွင်ထဲက

အချစ်ဆိုတဲ့အရာ က မမျှော်လင့်ပဲ

မင်းထံ သက်ဆင်းသွားခဲ့တယ်။

မိုးကောင်းကင်မှာ

ကြယ်တွေ မရေတွက်နိုင်လောက်အောင်ရှိလို့

ကြယ်တစ်စင်းကြွေသွားတာ သိပ်အထွေအထူးမရှိခဲ့ပါဘူး။

ဒါပေမယ့် ငါ့ရင်ထဲမှာ

တော့ မင်းအပေါ်သက်ဆင်းသွားတဲ့

ရင်ခုန်သံတွေ အချစ်တွေဟာ

အပြီးတိုင်ပါပဲ ချစ်သူ။

အဆုံးသတ် ချစ်ချင်းအတွက်

မင်းမေတ္တာတုန့်ပြန်မှုကို မျှော်လင့်ပေမယ့်

ငါမတောင်းဆိုပါဘူး ချစ်သူ။
နှလုံးသားနဲ့သာခံစားနိုင်တဲ့

ရင်ခုန်လှုပ်၊ရှားမှု့မျိုးကို

အချစ်လို့ခေါ်ရင်

ကောင်မလေးရေ

ငါ နင့်ကိုချစ်နေခဲ့ပြီ

ချစ်ခြင်းမေတ္တာမှာ

ပေးဆပ်ခြင်းကရာခိုင်နှုန်း

မည်မျှပါလဲ....ငါမသိပါဘူး

ငါရဲ့အချစ်ကတော့ ပေးဆပ်ခြင်းပါပဲ

ပိုင်ဆိုင်မှုဆိုတာငါအတွက်

လက်လှမ်း မမှီတဲ့အရာမို့

ငါ့ အချစ်တွေကို

ရင်ထဲမှာထာဝရသိမ်းထားပါမယ်

ကောင်မလေးရေ

ငါ့ကိုအပြုံးတစ်ချက်နဲ့

မနှစ်သိမ့်ပါနဲ့

ငါ့မျက်ဝန်းထဲကအချစ်တွေ

နင်သိသွားမှာဆိုးလို့ပါ

တစ်သက်တာမဟုတ်တဲ့

စိတ်ကူးယဉ်မှုမျိုးနဲ့

အရူးမထချင်တဲ့ငါဟာ

နင်စိတ်ချမ်းသာမယ်ဆို

ငါ့အချစ်တွေကိုပြည်ဖုံးကားချလို့

နင့် အတွက်ထာဝရ

ပေးဆပ်သူတစ်ယောက်ပါ။

LOVE

အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့
လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။

ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။
ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။

မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး
လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။

ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။

မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။

လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။

သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ
ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။

အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ
မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။

သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို
ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။

သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။

အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။

သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။

သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။

သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။

မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ
မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။

ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့
နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။

သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။

တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ
အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။

မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။

အခု အချစ်ဟာ သိပ် ခါးသီး နာကျင်နေစေမယ် ဆိုရင် ကျနော်တို့ ဘာကြောင့် ချစ်ကြဦးမလဲ။
ဘာအတွက်ကြောင့် ဒါကြီးကို တစ်ဘ၀လုံး ရှာနေဦးမလဲ။
ကျနော်တို့ ဒါကို ဘာလုပ်ဖို့ တောင့်တနေဦးမလဲ။
ဒီအနာတရ၊ ဒီမချိမဆံ့ ဝေဒနာ၊ ဒီဒုက္ခတွေက ဘာကြောင့်လဲ။
ကိုယ့်ရဲ့ အတ္တကိုတောင် ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့လေ။ အဲဒါ ဘာအတွက်လဲ။
အဖြေက သိပ်ရိုးရှင်းပါတယ်။ အဲဒါ အချစ်ကြောင့်လေ။
ဘယ်လောက်ထိ စွဲဆောင်အား ကောင်းသလဲဆိုရင် အချစ် မရှိဘူး ဆိုတဲ့လူတွေတောင်
ခံစားကြည့်ချင်တယ်။ ရှိပြီးသား လူတွေက သူများကိုလည်း ခံစားစေချင်တယ်လေ။

အနှိုင်းမဲ့ မေတ္တာ

အမေ...
လူတွေရဲ့ သမိုင်းမှာ
အနှိုင်းမဲ့တဲ့ အရာ
အမေ့မေတ္တာပါ....။

အမေ.....
အမေစားတဲ့ အစာ
ဖြစ်လာတဲ့ နို့ရည်က
ဘ၀တွေ စခဲ့ရတာ....။

အမေ.....
အမေကမ်းတဲ့ လက်ကိုကိုင်
'ရပ်နိုင်ပေ...ရပ်နိုင်ပေ 'လို့
အမေတိုင်တဲ့ စည်းဝါးသံအောက်
လမ်းလျှောက် သင်ခဲ့ရတာ...။

အမေ.....
အမေချော့လာတဲ့
တကျော့နှစ်ကျော့ တေးသံသာ
မိတ္တိလာ ကန်တော်အောက်နဲ့
သပြေသီး ကောက်သံတွေ
ကြားနေဆဲပဲလေ....။

အမေ.....
အမေက ကျီစယ်တော့
လူမမယ် အမေ့သား က
အမေ့အား ကန်ကျောက်
မောက်မာခဲ့တာလဲ
အမေဟာ ပြုံးလျက်ပါပဲ...။

အမေ....
အမေဆိုတဲ့
မြင့်မိုရ် ရွှေတောင်ဦးက
အနန္တကျေးဇူးရှင်ကို
အစဉ် ဂါရ၀ပြုလျက်ပါအမေ....။

အမေ့အလွမ်း

အမေရေ......
ရပ်ဝေးမြေခြား တိုင်းတပါးမှာ
နေထိုင်မကောင်း ဖြစ်တဲ့ အခါ
အိမ်ကိုလွမ်းတဲ့ ဝေဒနာဟာ
မကြေမငြာဘဲနဲ့
ဟောဒီရင်မှာ နေရာအပြည့်ယူလာတော့တယ်။
အမေ့အပြုံး အဖေ့အပြုံး
ညီအကို မောင်နှမတွေ တရုံးရုးံနဲ့
တ၀ုန်းဝုန်းဆူညံနေခဲ့တဲ့
အိမ်အိုလေးတလုံးကို လွမ်းလွမ်းနေတာလည်း
ဟောဒီ ရင်ထဲကပါပဲ..။
နေပူထဲမှာ ဆော့ကစား
အပြင်းဖျားတုန်းက အဖေဆူမှာဆိုးလို့
အိပ်ချင်ယောင်နေတဲ့အခါ
နဖူးလေး အသာလာစမ်း
ကျနော်ပါးလေးကို အမေနမ်းတာလည်း
ပြန်လည်တမ်းတလွမ်းနေရတာ
ဟောဒီ ရင်ထဲကပါပဲ..။
အိပ်ယာထဲမှာလှဲ အတွေးနယ်ထဲမှာ
ငယ်ကပေါင်း သူငယ်ချင်းရောင်းရင်းတွေနဲ့
ကျောင်းပြေးကြတာကအစ
ပျိုရွယ်စဉ်ဘ၀တွေကို ပြန်တွေး
ဆွေးဆွေးပြီး လွမ်းနေရတာလဲ
ဟောဒီ ရင်ထဲကပါပဲ...။
အခုများတော့ အမေရေ
ထစ်ကနဲဆို လွမ်းလွမ်းနေတတ်တဲ့
ဟောဒီရင် ကိုပဲ
မီးရှို့ပြာချ နလံထချင်လှပါပြီ။

အိမ်မက်ဆန်ခြင်း

လွမ်း
မှန်းမရတဲ့ တမ်းတခြင်းတွေ
သက်ဆင်းကာ ခယ
စလိုက်တဲ့ မနက်တွေမှာ
မျက်ရည်သာ အဖော်ပြု
အချိန်တစ်ခုကိုဆင့်ခေါ်
လင့်မျှော်တဲ့ နှလုံးသား
ေ၀၀ါးတဲ့ ဘ၀လမ်းမှာ
အနမ်းတွေခြောက်သွေ့
မေ့မရတဲ့ အိပ်မက်တွေ
ပင့်သက်တွေ လှိုက်မော
ရောသွားတဲ့သွေးနဲ့ မျက်ရည်
နာကျင် ခြင်းတွေသက်သာစေဖို့
အလွမ်းရက်တို့ ရပ်တန့်ပေးပါ
သစ္စာ ကိုအမှီပြု
အိပ်မက်တွေ မထုဆစ်ချင်တော့ဘူး
စူးစူးနစ်နစ် တောင်းပန်...
ပြန်လည်ကာ တမ်းတရင်း...
လွမ်း...

ချစ်သူ

ချစ်သူကိုတောင်
ချစ်တယ်လို့မပြောရဲတဲ့ကောင်
ရာစုတစ်ထောင်မှာ နေရစ်ခဲ့
ထိုသို့ဖြင်စကားမဲ့စေသတည်း..

ချစ်သူ
နင့်အပေါ်မှာထားတဲ့ ငါ့ရဲ့
ချစ်ခြင်းမေတ္တာဟာ
မိုးပေါ်ကိုဦးမော့ပြီးဝင်းပစွာ
လင်းမြတုန်ခါနေတဲ့
ရွှေဝါရောင် မီးတောက်မီးလျှံ
လိုပါပဲ ချစ်သူ။

စိုးရိမ်ခြင်း

ကောင်းကင်မှာ ကြယ်လေးတွေကြွေနေမှာကို
ငါလေ စိုးရိမ်မိသလို .....
သာနေတဲ့လမင်းလေးလဲ တိမ်ထဲကိုဝင်သွားမှာကို
ငါလေအရမ်း စိုးရိမ်မိတယ် ....
မင်းလဲငါ့အနားက နှုတ်မဆက်ဘဲ
ထွက်သွားမှာကို အရမ်းဘဲ စိုးရိမ်မိတယ် .....

ဘ၀အစက ပထမခရီး

ဘ၀က ဘယ်ကစခဲ့သလဲး ကျနော်မသိပါ ဘ၀တွေအများကြီးရှေက ဖြစ်ခဲ့တယ် အဲဒါကိုလည်း သေချာသိလား မသိဘူးလေ ကြက်ဥလိုရှာမရတဲ့ ဘယ်ကစလို့ ဘယ်လိုဖြစ်လာရမှန်းမသိတဲ့ လူးသားတစ်ဦးဝင် ကိုယ်လည်းပါတယ်။

ဘ၀အစခရီးက ဘာလဲးမေးရင် ဒီဘ၀ရဲ အစက အမေ၀မ်းထဲမှာ စပြီးနေတာက စတယ်လို့ သတ်မှတ်ရမယ်ထင်တယ် ဒါပေမယ် ကိုယ်မိခင်ဝမ်းထဲးမှာ နေမှန်းလည်း မသိဘူး ဘယ်လိုထွက်ခဲ့တယ်ဆိုတာ ကိုယ်မသိဘူးလေ။

အဲဒီ မသိမူဆိုတဲ့နေရာကနေပြီး အခုသိနေပြီလေ ဘာတွေသိတာလဲး ဘယ်အရွယ်က စသိတာလဲး အဲဒါမေးရမယ်မေးခွန်းတွေပဲ အဲဒါလူတိုင်က ကိုယ်မွေးတာကို ကိုယ်သိလာ အဲဒီလိုမေးရမယ်လေ လူဆိုတာ မတူကြဘူး

သူ၏ဖြစ်ခြင်းက သက်သက် ကိုယ်၏ဖြစ်ခြင်းက သက်သက် မတူးဘူးလေ တူရင်အကြိုက်တူလို့ ပြဿနာတောင်ပိုပြီး လောကမှာပိုများမယ်ထင်းတယ် ကောင်မလေးတစ်ယောက်ကို ယောင်္ကျားတွေ အများကြီး သဘောကျမိရင်

အင်ဖြစ်လိုက်မယ် ပြဿနာတွေနော် အဲဒါက ဘ၀ဖြစ်ခြင်းဆိုတဲ အရာတွေမတူတာ တူတာတွေရှိတယ် မတူဘူးလို့ ပုံသေပြောလို့မရဘူး ရှိပါတယ် လူမှန်ရင် ဘယ်ကစမွေးမလဲး အမေ့ဝမ်းက မွေးမှာပဲးလေ အဲဒါကတော့လူတိုင်

သိမြင်နိုင်တဲ့ သဘာဝတစ်ခုလေ မမြင်နိုင်တဲ တူမူတွေလဲးရှိတယ် လူတွေဖြစ်တယ် ဘာဖြစ်တယ်ဆိုတာ တစ်ဦးနှင့်တစ်ဦး မတူဘူး ဒါပေမယ့် တူနေတယ်လေ ဘာတူတာလဲး ဖြစ်ခြင်းဆိုတဲ ဖုံးကွယ်နေသော သဘာဝက လူသာတိုင်မှာ

ရှိတယ်လေ အဲဒါဟာ သဘာဝကပေးတဲ လူသားမှန်လျှင်ဖြစ်ရယ်မယ် သဘာဝ ဒီလောကမှာရှိသမျှလိုတို့သည် လောကလမ်းမပေါ်မှာ လျှောက်ကြသည် သူတို့ ဘ၀သည်မွေးဖွားခြင်းက စလို့ ရှင်သန်နေဦးမည် ။

ဒီနေရာမှာ ဒီဘ၀အစ၏ ပထမခရီးက မွေးဖွားခြင်း..နောက်ဘာတွေ ဖြစ်မလဲးဆိုတာကိုတော့ ကိုယ်၏ စရိုတ် ဖြစ်ချင်သော အလိုနှင့် လောကလမ်းမပေါ်မှာ လျှောက်နေခြင်း ဆက်လက်၍ ဖြစ်စေခြင်ဟူသော ဆန္ဒနှင့် ဆက်လျှောက်နေသော ဘ၀ခရီးသည်များဖြစ်ပါသည် အသင် နာဂါတ်ခရီး ....သာယာစွာလျှောက်နိုင်ပါစေသား................

နားဆင်ပါရစေ...

ချစ်သူ့ မျက်ရည်

ဆယ်စင်း နေ....။

ချစ်သူ့ အလှ

ဆောင်း တစ်ည....။

ချစ်သူ့ စကား

အလွမ်း တေးသွားမို့

ဆောင်း တစ်ညရဲ့

အလွမ်း တေးသွားကို

ထာဝရ နားဆင်ပါရစေ...........။

အမေရေ.....

ပျော်ရာမှာ မနေ
တော်ရာမှာ အခြေချဘို့
အမေ့သား ရွှေ့လျားရပြန်ပြီအမေ။
တောင်ကနေ မြောက်
အရှေ့ကနေ အနောက်
အခေါက်ခေါက် အခါခါ
ဟိုအကောင် ရန်လုံ ညည
နေစရာ နေရာမရ သလိုပေါ့အမေ။
"ရာသီဥတုအကြောင်း".. ဟုတ်လား
မပြောချင်ပါဘူး အမေရယ်
"အဆင်ပြေလား"
(အင်း...)
မဖြေချင်ပါဘူး အမေရယ်။
နှင်းတွေက ဝေ
မြေပေါ်မှာ ရေတွေခဲ
ချော်လဲရတာက အခါခါ
တစ်ခါတစ်ခါ စဉ်းစားမိတယ်
ဒီတော့...အမေသား
(ဘ၀ဆိုတာလွင်ပြင်ကြီးထဲမှာ)
အခါလဲသာသာ လမ်းမလျှောက်တက်သေးတဲ့
နို့နံ့မစင် ကလေးလေးများလား အမေရယ်။

အလွမ်း

ကမ္ဘာတစ်ခြမ်းဆီမှာ
ကိုယ်ကလည်း သူ့ကိုလွမ်းလို့...
သူကလည်း ကိုယ့်ကိုလွမ်းလို့...
(အဲသလို)
အလွမ်းတွေကို တံတားထိုးရင်
"တစ်နေ့နေ့" ဆိုတာတွေကို
စိုက်ပျိုးဖြစ်ခဲ့တာပေါ့.......။

အနှိုင်းမဲ့မေတ္တာ

အမေ...
လူတွေရဲ့သမိုင်းမှာ
အနှိုင်းမဲ့တဲ့ အရာ
အမေ့မေတ္တာပါ...။

အမေ...
အမေစားတဲ့ အစာ
ဖြစ်လာတဲ့ နို့ရည်က
ဘ၀တွေစခဲ့ရတာ...။

အမေ...
အမေကမ်းတဲ့ လက်ကိုကိုင်
"ရပ်နိုင်ပေ,ရပ်နိုင်ပေ" လို့
အမေတိုင်တဲ့ စည်းဝါးသံအောက်
လမ်းလျှောက် သင်ခဲ့ရတာ...။

အမေ...
အမေချော့လာတဲ့
တကျော့ကျော့ တေးသံသာ
မိတ္ထီလာ ကန်တော်အောက်နဲ့
သပြေသီးကောက်သံတွေ
ကြားနေဆဲပါလေ...။

အမေ...
အမေက ကျီစယ်တော့
လူမမယ်
အမေ့သားက
အမေ့အား ကန်ကျောက်
မောက်မာခဲ့တာလဲ
အမေဟာ ပြုံးပြလျက်ပါပဲ...။

အမေ...
အမေပြောတဲ့စကား
"ငါ့သား မိဘဖြစ်တဲ့နေ့မှာ
အမေ့မေတ္တာကို
ပိုနားလည်မှာပါ"တဲ့
ဟုတ်ကဲ့ပါ အမေရယ်
တကယ်နားလည်နေပါပြီ...။

အမေ...
အမေဆိုတဲ့
မြင့်မိုရ် ရွှေတောင်ဦးက
အနန္တကျေးဇူးရှင်ကို
အစဉ် ဂါဝရပြုလျက်ပါ အမေ.......။

မိဘာမေတ္တာကိုအထူးနားလည်နိုင်ပါစေလို့သားလိမ္မာလေးကဆုတောင်းပေးနေပါတယ်
အထူးသဖြင့် အဝေးရောက်ညီအစ်ကိုမောင်နှမများအတွက်ပေ
ချစ်နေခဲ့တာ၊နေ့နှစ်တာ
ဆုံးရှုံးခဲ့တာ အခါခါ
နှလုံးသညးက ရေလိုမာ
ငါချစ်နေတာ..မင်းကိုညာ
မာနကိုလဲ မစွန့်ရက်ခဲ့။
မင်းကိုတွေ့တိုင်း၊ရင်ခုန်သံတွေ
မကြားတစ်ဝက်၊ကြားတစ်ဝက်
အကယ်ရ်ျများ
မင်းမေ့သွားလည်း
ချစ်မြဲသစ္စာ၊မပြတ်သေးပဲ
မင်းမုန်းမေ့ဖို့၊ကြိုးစားနေလည်း
တို့ဘက်ကတစ်ဖတ်သက်
ချစ်နေရ့ရင် ပြီးတာပါပဲ။
အိမ်မက်လေးက
အရမ်းလှတော့
အစစ်လို့ထင်မိတယ်
နှင်းဆီမှာဆူး ရှိတာကို
ငါမေ့နေခဲ့တယ်
မြတ်နိုးခုံမင်
သူ့ချစ်ခြင်းမှာ
သာယာနေတဲ့ငါ
ဆူးစူးမိမှ
ငါအိမ်မက်ကလန့်နိုးလာတယ်
ဒါပင်မဲ့....
ဆူးဒဏ်ရာကတော့
အမာရွက်ထင်ကျန်ခဲ့တယ်။
အခုအချိန် ငါဘယ်လောက်လွမ်းနေတယ်ဆိုတာ နင်သိမှာ မဟုတ်ဘူး...
အချစ်တွေ အလွမ်းတွေ ငါလုံးဝစိတ်မ၀င်စားဘူး ဆိုတဲ့ ကောင်မလေးရေ....
နင်မချစ်ပေမယ့် ငါချစ်နေမယ်..နင်မလွမ်းပေမယ့် ငါသေလောက်အောင် လွမ်းနေတယ်..
ငါမျှော်လင့်နေပါတယ်...တစ်နေ့နေ့ပေါ့.
ဖြစ်လာမယ်လို့ ယုံကြည်နေခွင့်ရှိတယ်..ယုံကြည်နေမယ်..
ပေးဆပ်ခဲ့တဲ့ အချစ်တွေကြောင့်လည်း အကျိုးတစ်စုံတစ်ရာ ရယူချင်တဲ့ စိတ် ငါ့မှာ မရှိပါဘူး..
အချိန်တိုင်း နင့်နားမှာ နေ့ရက်တိုင်း နင့်ဘေးမှာ ဖြတ်သန်းနေရတဲ့ ဘ၀ကို ငါလိုလိုလားလား ခံယူထားတာပါ...
နင် ဘယ်လို အခက်အခဲတွေရှိရှိ ရင်ဆိုင် ဖြေရှင်း ငါ့မာနကို နင်းချေသွားမယ်ဆိုလည်း ငါကျေနပ်နေမယ်.....
အရင်တုန်းက လူဆိုးလူမိုက် `ငါ` စာတော်တဲ့ `နင်`နဲ့ တွေ့ပြီးနောက်မှာ သူများတွေ သြချလောက်အောင်
ငါ စာကြိုးစားခဲ့တယ်...နင် ပေးခဲ့တဲ့ သတ္တိတွေပါ...
ပြန်တွေးကြည့်ရင် ရှုပ်ခဲ့ ပွေခဲ့ သမျှတွေဟာ နင်နဲ့ မတွေ့ရှိခင်က စိတ်ကစားခဲ့တာပါ..
အခု နင်သာ ငါ့ဘ၀ နင်သာ ငါ့အိမ်မက် နင်သာ ငါ့ပဲ့ကိုင်ရှင် ငါ့ဘ၀ရဲ့ သခင်ပါ...
နင် စေလိုရာစေ ထားလိုရာထား ငါ့ပျော်ရွှင်မှုပါ....
ရင်ခုန်သံတွေရဲ့ ထိန်းချုပ်ခြင်းအောက်မှာ ရုန်းမထွက်နိုင်လောက်အောင် ငါ့နတ်သမီး ဖမ်းစားခဲ့တယ်..
ပုံရိပ်တွေမှာလည်း နင့် မျက်နှာသာ မြင်ယောင် အမှောင်ကျနေတဲ့ ငါ့ကို ကယ်တင်ပေးခဲ့တာ နင်ပါ...
နောင်လာမယ့် နေ့သစ်တွေအတွက်လည်း ငါကြိုးစား တည်ဆောက်မယ်...
နင်နဲ့ငါ နှစ်ယောက် သီးသန့် ကမ္ဘာလေးကို ငါ ရင်ခုန် စောင့်မျှော်နေပါရစေ...............
အခုအချိန် ငါဘယ်လောက်လွမ်းနေတယ်ဆိုတာ နင်သိမှာ မဟုတ်ဘူး...
အချစ်တွေ အလွမ်းတွေ ငါလုံးဝစိတ်မ၀င်စားဘူး ဆိုတဲ့ ကောင်မလေးရေ....
နင်မချစ်ပေမယ့် ငါချစ်နေမယ်..နင်မလွမ်းပေမယ့် ငါသေလောက်အောင် လွမ်းနေတယ်..
ငါမျှော်လင့်နေပါတယ်...တစ်နေ့နေ့ပေါ့.
ဖြစ်လာမယ်လို့ ယုံကြည်နေခွင့်ရှိတယ်..ယုံကြည်နေမယ်..
ပေးဆပ်ခဲ့တဲ့ အချစ်တွေကြောင့်လည်း အကျိုးတစ်စုံတစ်ရာ ရယူချင်တဲ့ စိတ် ငါ့မှာ မရှိပါဘူး..
အချိန်တိုင်း နင့်နားမှာ နေ့ရက်တိုင်း နင့်ဘေးမှာ ဖြတ်သန်းနေရတဲ့ ဘ၀ကို ငါလိုလိုလားလား ခံယူထားတာပါ...
နင် ဘယ်လို အခက်အခဲတွေရှိရှိ ရင်ဆိုင် ဖြေရှင်း ငါ့မာနကို နင်းချေသွားမယ်ဆိုလည်း ငါကျေနပ်နေမယ်.....
အရင်တုန်းက လူဆိုးလူမိုက် `ငါ` စာတော်တဲ့ `နင်`နဲ့ တွေ့ပြီးနောက်မှာ သူများတွေ သြချလောက်အောင်
ငါ စာကြိုးစားခဲ့တယ်...နင် ပေးခဲ့တဲ့ သတ္တိတွေပါ...
ပြန်တွေးကြည့်ရင် ရှုပ်ခဲ့ ပွေခဲ့ သမျှတွေဟာ နင်နဲ့ မတွေ့ရှိခင်က စိတ်ကစားခဲ့တာပါ..
အခု နင်သာ ငါ့ဘ၀ နင်သာ ငါ့အိမ်မက် နင်သာ ငါ့ပဲ့ကိုင်ရှင် ငါ့ဘ၀ရဲ့ သခင်ပါ...
နင် စေလိုရာစေ ထားလိုရာထား ငါ့ပျော်ရွှင်မှုပါ....
ရင်ခုန်သံတွေရဲ့ ထိန်းချုပ်ခြင်းအောက်မှာ ရုန်းမထွက်နိုင်လောက်အောင် ငါ့နတ်သမီး ဖမ်းစားခဲ့တယ်..
ပုံရိပ်တွေမှာလည်း နင့် မျက်နှာသာ မြင်ယောင် အမှောင်ကျနေတဲ့ ငါ့ကို ကယ်တင်ပေးခဲ့တာ နင်ပါ...
နောင်လာမယ့် နေ့သစ်တွေအတွက်လည်း ငါကြိုးစား တည်ဆောက်မယ်...
နင်နဲ့ငါ နှစ်ယောက် သီးသန့် ကမ္ဘာလေးကို ငါ ရင်ခုန် စောင့်မျှော်နေပါရစေ...............
.ပန်းပျိုးမိတဲ့..နေ့.............အဲဒီနေ့က...
လေပြည်၊လေညင်းလည်းမတိုက်ခတ်ဘူး....
ငှက်ကလေးတွေတေးမဆိုသလို......
ပန်းရနံ့တွေ..မသင်းပျံ့ပေမဲ့......
မင်းအပြုံးတွေကြောင့်...လောကကြီးဟာ..လှပခဲ့တယ်...ချစ်သူရယ်..........။
ရွှန်းလဲ့တဲ့မင်းအကြည့်တွေကြောင့်.....
ပတ်ကြားအက်နေတဲ့...ငါ့ရင်ဘတ်ထဲ...မိုးဖွဲဖွဲလေး..ရွာလို့...
နွမ်းခြောက်ခဲ့တဲ့...နှလုံးသားမှာ....ပန်းလေးတစ်ပွင့်..ဖူးပွင့်ခဲ့တယ်......
ပန်းကလေး..ထာဝရ..မွှေးပျံ့.၊ ပွင့် လန်းဖို့.......
ဝတ်မှုံ.ကူးရင်း..ကူညီလဲ့ပါ..၊ ယုယလဲ့ပါ ...လိပ်ပြာကလေးရယ်....။
လိပ်ပြာကလေးမင်းရဲ့..ယုယမှု့နဲ့..အတူ....
ပန်းကလေးမှ..(အချစ်ဆိုတဲ့).၀တ်မှုံ၊၀တ်ဆံ.လေးတွေ..
ထုံသင်း..မွှေးပျံ့လာမဲ့နေကို..စောင့်စားရင်း.....
အမြတ်တနိုးနဲ့..ပန်းပျိုးမိခဲ့တယ်...............။
ချစ်ခြင်းဖြင့်ဖွဲ့နှောင်သော
အချစ်ဆိုတာ
ပန်းပုရုပ်တစ်ရုပ်မဟုတ်လို့
ငါ့နှလုံးသားကိုလည်း
လိုချင်သလိုပုံသွင်းလို့မရပါဘူး
သူ့အလိုလိုပေါက်ဖွားလာတဲ့
အချစ်ကို
နင်မလာနဲ့လို့လဲ
တားလို့မရတဲ့အခါ
အချစ်ရဲ့သိမ်းသွင်းခြင်းကို
ငါခံလိုက်ရပြီလေ
ကောင်မလေးရေ...
မင်းကသာလာမယ်ဆို
ငါ့ရဲ့ ချစ်ခြင်းဖွဲ့ကောင်းကင် အောက်က
ထာဝရကြိုလင့်နေမှာပါ။

အချစ်မလာရ

ငါ့ဘ၀ထဲကို
အမှတ်တမဲ့ဝင်လာပြီး
အမှတ်တရတွေထက်မပေးပါနဲ့တော့
နေသားကျနေတဲ့ ငါ့ဘ၀ထဲက
မင်းထပ်မ၀င်လာပါနဲ့တော
ဒဏ်ရာမကျက်သေးတဲ့
ငါ့နှလုံးသားမှာ
အနာထပ်မဖြစ်ပါရစေနဲ့တော့
နောက်ဆုံး....
ချော်ရည်ထက်ပူတဲ
အချစ်တွေနဲ့ငါ့ကို
ထပ်မနှိပ်စက်ပါနဲ့တော့။
လာ လမ်းကိုမကြိုဆိုပဲ
အမှတ်တမဲ့နဲ့..၀င်လာတယ်။
ရင်းနှီးမှူ..မရှိပဲ
ပြုံပြနေတယ်။
ရိုးနေကျ...အထာတွေနဲ့
ခင်မင်ချင်တယ်...ပြောလာတယ်။
အဆင့်ကျော်ပြီး..ချစ်ချင်နေတာ
အဖြေလေးတောင်းတော့
စောင့်နေသေးတယ်။
အချိန်ကြာတော့လည်း
ရိုးအီလာတယ။်
အဲ့ဒါနဲ့ပဲ ....
မသိသလို..နေနေခဲ့တယ်။
မနှင်ထုတ်ပဲ..
ထွက်သွားခဲ့တယ်။
ဘာလဲ..ညာလဲ..မပြုပဲနဲ့
မထင်သလို..မင်းခွဲသွားတယ်။
မှတ်မိတာက
မင်းပဲချစ်ပြီး..
မင်းပဲမုန်းတယ်။
လမ်းမှာတွေ့၇င်..
မပြုံးပြပဲ..
ရှောင်သွားခဲ့တယ်။
ငါ့ကိုမုန်းတဲ့..
နင့်ကိုလည်းပဲ...
ချစ်နေဦးမယ်။
အသိစိတ်က..တောင်းတနေတယ်
နင်ဘယ်တော့များ..ငါ့ဆီလာမလဲလို့။
ဒါ..ငါ့ရဲ့အပြစ်ပေါ့......
မကြိုဆိုပဲ..ရောက်လာတဲ့မင်းကို
ဧည့်ဝတ်မကျေခဲ့တာ......
မင်းမရှိမှ.
မင်းအလာကို..ကြိုဖို့စောင့်နေခဲ့တယ်။
နွမ်းလျတဲ့..အိပ်မက်ထဲမှာ
နင့်နံမည်ပဲယောင်ယောင်အော်တာ..
အခါခါပဲ။

ကဗျာဆိုတာ....

ခံစားချက်ရဲ.စေစားရာဆိုရင်
ခံစားချက်ဆိုတာလည်း
ဝေဒနာရဲ.ရှင်သန်ရာပါပဲ...
ချစ်သူရဲ.ပခုံးတစ်ဖက်ကို
အားငယ်တိုင်းတမ်းတမိတာ
အပြစ်လား?
ဆုံဆည်းမှုဆိုတာ
တို.နှစ်ယောက်ရဲ.ကောင်းကင်မှာ
အမြဲလွဲနေမှတော့
ဘာကိုတိုင်တည်ပြီး လွမ်းရမလဲ?
အပြင်မှာမိုးတွေရွာနေပေမယ့်
ငါ့ရင်ထဲကဆည်းဆာက
တဆိတ်ခြောက်သွေ.လွန်းတယ်
ဒီကြားထဲ...
အလွမ်းရောင်သမ်းတဲ့ coffee က
နည်းနည်းခါးတယ်.......
ရင်ဘတ်ထဲက
ဆွဲမထုတ်ပါပဲနဲ.
နင်........
ဘာလို.ထွက်သွားတာလဲ?
ခခယယတောင်းပန်ခဲ့တာတောင်...
ထားဖြစ်အောင်ထားခဲ့သေးတယ်..
ချစ်သူရယ်....
ငါကြောက်ပါတယ်ဆိုမှ!!!!

ချစ်မ ဖတ်ဖို့.

(၁) "ငါ မဆိုးဘူး" လို့ ကိုယ့်ကို တနေ့တခါ ပြောပေးပါ။

(၂) ဒေါသထွက်တယ် ဆိုတာ တခြားလူရဲ့ အမှားကို ယူပြီး ကိုယ့်ကို အပြစ်
ပေးနေတာပဲ။

(၃) ဘ၀မှာ သူငယ်ချင်းဆိုတာ မရှိရင် ဘ၀မှာ နေရောင်ခြည်ဆိုတာ မရှိဘူး။

(၄) မနက်ဖြန်အတွက် မျှော်လင့်ချက်ဟာ ဒီနေ့ရဲ့ နာကျင် ၀မ်းနည်းမှုကို မေ့
စေတယ်။

(၅) အိပ်မက်၊ စိတ်ကူးနဲ့ အတွေးတွေ မရှိတဲ့ ဘ၀ဟာ အကိုင်း၊ အခက်၊ အ
ရွက်မရှိတဲ့ သစ်ခြောက်ပင်နဲ့ တူတယ်။

(၆) နေကပဲ အလင်းဖြာနိုင်တာ မဟုတ်ပါဘူး။ ငါတို့လဲ အလင်း ဖြာနိုင်ပါ
တယ်။

(၇) ချစ်ခြင်းမေတ္တာနဲ့ တကမ္ဘာလုံးကို ပိုင်ဆိုင် စေနိုင်သလို အမုန်းရန်ငြိုးနဲ့
တကမ္ဘာလုံးကို ဆုံးရှုံးစေနိုင်တယ်။

(၈) လူ့တန်ဖိုး ဆိုတာ ဖြားယောင်း မြူဆွယ်ခံရတဲ့ တခဏမှာ အဆုံးအဖြတ်
ပေးလိမ့်မယ်။

(၉) ကြင်နာမှု မရှိတဲ့ စကားလုံးတိုင်းဟာ အရသာ ကင်းမဲ့လှတယ်။

(၁၀) တခါခါ အချစ်ရဲ့ အင်အားဟာ အရာရာကို မေ့စေနိုင်အောင် ကြီးမား
တယ်။ တခါခါ မနာလို ၀န်တိုမှုဆိုတဲ့ သဲလေး တပွင့်တောင် ၀င်မဆန့်နိုင်
အောင် သေးငယ်တယ်။

(၁၁) ဘယ်အချိန်မှာ စတင်ခဲ့တာပဲ ဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီး
နောက် မရပ်နားဖို့ပါပဲ။
ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီး
နောက် နောင်တ မရဖို့ပါပဲ။

(၁၂) ပျင်းရိခြင်းသည် လူရဲ့ အသိဥာဏ်ကို သံချေး တက်စေပါတယ်။

(၁၃) ပျော်ရွှင်ခြင်း ဆိုတာကို မျှဝေတတ်ရမယ်။ ဒါမှ ပျော်ရွှင်ခြင်းတွေ ဆင့်
ပွားလိမ့်မယ်။

(၁၄) လိမ်လည်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို လိမ်တာဟာ အဆိုးဆုံးပဲ။

(၁၅) လူတွေဟာ လက်ရှိပိုင်ဆိုင်တဲ့ အရာကို မေ့ပြီး မရသေးတဲ့ အရာကိုမှ
ပိုတန်ဖိုး ထားတတ်တယ်။

(၁၆) အရာရာကို အောင်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို အောင်နိုင်တာနဲ့ နိုင်းရင်
မဖြစ်စလောက်လေးပါ။

(၁၇) အရာရာကို ဆုံးရှုံးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ဆုံးရှုံးတဲ့ အရှုံးနဲ့
နိုင်းရင် မ
ဖြစ်စလောက်လေးပါ။

(၁၈) ဦးတည်ရာ မပျောက်ခဲ့ရင် ကိုယ့်ကိုယ်ကို မဆုံးရှုံးတော့ဘူး။

(၁၉) နေ့သစ်ကိုကြိုတဲ့ သီချင်းတွေ ဆိုခဲ့ဖူးရင် အမှောင်ကိုလဲ ပွေ့ဖက်ရဲရမယ်။

(၂၀) ပျံသန်းနိုင်တဲ့ အချိန်မှာ ပျံသန်းခြင်းကို လက်မလွှတ်ပါနဲ့။
အိပ်မက် မက်နိုင်တဲ့ အချိန်မှာ အိပ်မက်ကို လက်မလွှတ်ပါနဲ့။
အချစ်ကို ခံစားမိတဲ့ အချိန်မှာ အချစ်ကို လက်မလွှတ်ပါနဲ့။
ဘ၀ဆိုတာ တိုတောင်းလွန်းပါတယ်။ ဒီနေ့ လက်လွှတ်လိုက်ရင် မနက်ဖြန် ပြန်
ရမယ်လို့ မပြောနိုင်ပါဘူး။

(၂၁) လောကမှာ အပင်ပန်းဆုံးအရာဟာ မရေမရာနဲ့ ဘ၀ကို ဖြတ်သန်းနေခြင်း
ပါပဲ။

(၂၂) လူ့ဘ၀ရဲ့ အကြီးမားဆုံး အမှားဟာ "အမှားကိုများ လုပ်လိုက်မိပြီလား" လို့
အမြဲ စိုးရိမ်ပူပန်နေတဲ့ စိတ်ပါပဲ။

(၂၃) လုပ်မယ်၊ မလုပ်ဘူးဆိုတဲ့ ရွေးခြယ်မှု နှစ်ခုမှာ မလုပ်ဘူးဆိုတာကို ရွေးချယ်
လိုက်ရင် သင့်အတွက် အခွင့်အရေးဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။

(၂၄) လုံးဝ ပြီးပြည့်စုံတဲ့ သူငယ်ချင်းမျိုးကို သင်လိုချင်ရင် ဒီတသက် သင် သူငယ်
ချင်းရှိတော့မှာ မဟုတ်ဘူး။

(၂၅) အမုန်းနောင်တ နည်းနည်းနဲ့ အတိတ်ကို ထားခဲ့ပါ။
ဖြုန်းတီးမှု နည်းနည်းနဲ့ ပစ္စုပ္ပန်မှာ နေထိုင်ပါ။
အိပ်မက် များများနဲ့ အနာဂတ်ကို ကြိုဆိုပါ။

(၂၆) ကိုယ့်ကို လူတုံး၊ လူအလို့ သဘောထားပြီး မသိတာရှိရင် မေးပါ။ ဒါမှ သင်
များများတတ်မယ်။ (ပညာရှာပမာ သူဖုန်းစား)

(၂၇) နေရောင်ရှိတဲ့ ဘက်ကိုပဲ မျက်နှာမှုရင် အရိပ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

(၂၈) အရှုံးနဲ့ ရင်ဆိုင်ရမှာကို ကြောက်ပြီး မလုပ်ခဲ့ရင် အောင်မြင်မှုဆိုတာ ဘယ်
တော့မှ ရှိတော့မှာ မဟုတ်ဘူး။

(၂၉) သတ္တိရှိတယ်ဆိုတိုင်း ကြောက်ရွံ့ခြင်း မရှိတာ မဟုတ်ပါဘူး။ ကြောက်ရွံ့ခြင်း
ကို ရင်ဆိုင်ရဲမှ၊ ဖြေရှင်းရဲမှ သတ္တိရှိတာပါ။


(၃၀) လူတွေ မသိမိုက်မဲတာကို ဘုရားသခင်က ဘယ်တော့မှ အပြစ်မယူခဲ့ဘူး။
လူတွေကသာ ဘုရားသခင်ကို မသင့်မြတ်ဘူးလို့ ပြောကြတာပါ။
(၃၁) အရာဝတ္ထု တခုတိုင်းကို ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။

ပညာပေးစကားများ

* ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။
* ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။ အဲဒီလိုပဲ မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။
* သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။ သင်သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကို အလေးပြုတယ်။
* အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု ရှိပါတယ်။
* လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ။
* ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့ အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ ရပါတယ်။
* ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ မလိုပါဘူး။ ဖြေရှင်းလို့ မရနိုင်ဘူး ဆိုရင်လည်း စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။
* အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့။ မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့်မယ်။
* မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။
* သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ။
* အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် "အတွေ့အကြုံ"ဆိုတာ ဖြစ်လာပါတယ်။
* ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။
* အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။ ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် သင့်ဘ၀မှာ နာကျင်မှုခံစားရမှုတွေ များလာလေ သင့်ရဲ့တန်ဖိုးတက်လာလေပါပဲ။
ချစ်တတ်စအရွယ်

လူငယ်တစ်ယောက်ရဲ့ 

နှလုံးသားမှာအချစ်ပန်းလေး

ဖူးပွင့်နေခဲ့လို့

ချစ်ဝတ်မှုန်လေးတွေကို

မင်းရဲ့ နှလုံးသားဆီ

ပို့ဆောင်နိုင်ဖို့ရာ

မင်းဆီကချစ်လိပ်ပြာလေးကို

မျော်လင့်လျှက်ပါ………

သူတို့ပြောတဲ့ အချစ်

(၁) လူရယ်လို့ဖြစ်လာရင် ပျော်ရွှင်ရမယ်။ ကိုယ့်အတွက် ပျော်ရွှင်သလို သူ့အ
တွက်လဲ ပျော်ရမယ်။ ပျော်ရွှင်တဲ့လူဟာ အလှပဆုံးဖြစ်တယ်။ ဆွဲဆောင်မူ အ
ရှိဆုံးဖြစ်တယ်။ ယောက်ျားလေးတွေ အသက်ရှင်တာ မေ့လျော့ခြင်းကို လက်
ကိုင်ထားလို့။ မိန်းကလေးတွေ အသက်ရှင်တာ မှတ်သားခြင်းကို လက်ကိုင်
ထားလို့။ ............Socrates

(၂) လင်မယားဆိုတာ ကပ်ကြေးတစ်လက်နဲ့တူတယ်။ ထက်မြက်တဲ့ အသွား
နှစ်ခုဟာ ဘယ်တော့မှ မခွဲဘူး။ ဆန့်ကျင်ဖက် ဖြစ်နေပါစေ ကြားဝင်လာတဲ့
ပစ္စည်းကိုတော့ အသွားနှစ်ဖက်ပေါင်းပြီး ညှပ်ပစ်လိုက်နိုင်တယ်။..S. Smith

(၃) လူငယ်တွေရဲ့ အိပ်မက်ဟာ အချစ်၊ ငွေကြေးနဲ့ ကျန်းမာရေးတဲ့။ ဒါပေမဲ့
တချိန်ချိန်မှာတော့ ကျန်းမာရေး၊ ငွေကြေးနဲ့ အချစ်လို့ ပြောင်းလဲသွားတာကို
သူတို့ သတိပြုမိကြလိမ့်မယ်။.....Paul Jiruidi

(၄) မိန်းကလေးတွေဟာ စကားပြောတဲ့ အချိန်မှာ သူတို့ကို လျစ်လျူရှူထား
တဲ့ ယောက်ျားတွေနဲ့ပြောရင် အသံကျယ်ကျယ်နဲ့ ပြောတယ်။ သူတို့ကို ပျော်
အောင် စိတ်လှုပ်ရှားအောင်လုပ်တဲ့ ယောက်ျားတွေနဲ့ ဆိုရင် အသံတိုးတိုးနဲ့
ပြောတယ်။ သူတို့တကယ်ချစ်တဲ့ ယောက်ျားလေးနဲ့ကျတော့ အသံတိတ်နေ
တတ်တယ်။......George Eliot

(၅) ယောက်ျားလေးတွေအတွက် လက်ထပ်ခြင်းဆိုတာ သူတို့ရဲ့ လွတ်လပ်မူ
နဲ့ လောင်းကစားလုပ်တာပဲ။ မိန်းကလေးတွေကတော့ သူတို့ရဲ့ ပျော်ရွှင်ခြင်းနဲ့
လောင်းကစားလုပ်တာပဲ။....W. Somerset Maugham
အင်္ဂလိပ်စာရေးဆရာ W. Somerset Maughamနဲ့ အချို့စာရေးဆရာရဲ့ စာ
အချို့ကို ဒီထဲမှာ ကြည့်နိုင်ပါသေးတယ်။

(၆) အချစ်ဆိုတာ မီးတအိမ်နဲ့ တူတယ်။ အတွင်းစိတ်မှာရှိတဲ့ ဆီနဲ့ ထွန်းညှိ
မှသာ မီးရဲ့ အလင်းရောင်ဟာ မမှိန်နိုင်ဘူး။ မညိမ်းနိုင်ဘူး။
Henry H. Hansa

(၇) ယောက်ျားလေးတွေ စီးကရက်တလိပ် သောက်ပြီး စိတ်ဖြေတာဟာ မိန်း
ကလေးတွေ တခါလောက် အားရပါးရ ငိုလိုက်တာနဲ့ ညီမျှတယ်။
Edwards.Mbowe Reighton

(၈) မိန်းကလေးတွေရဲ့ နုပျိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော်သိလိုက်ပြီ။ အဲဒါ
ကတော့ အသက်လိမ်ခြင်းပဲ။........Shakespeare

(၉) အချစ်ကို မျက်စိနဲ့ မခံစားဘူး။ အချစ်ကို နှလုံးသားနဲ့ ခံစားတာ။
Shannon Fafe

(၁၀) မိန်းကလေးတိုင်း ရွေးချယ်မူတခုကို ရင်ဆိုင်ရမှာပဲ။ လူချစ်လူခင်ပေါတဲ့
ယောက်ျားလေးကိုလက်ထပ်ရင် စိတ်မချဘူး။ လူချစ်လူခင်နည်းတဲ့ယောက်ျား
လေး ကျပြန်တော့ စိတ်မပါဘူး။..........Mark Twain

(၁၁) အချစ်ဆိုတာ ချောက်ကမ်းပါးဘေးမှာ ပေါက်နေတဲ့ ပန်းတပွင့်နဲ့တူတယ်။
အဲဒီပန်းကို ခူးဖို့ရာ သတ္တိတွေရှိရမယ်။......Shakespeare

(၁၂) အချစ်ဟာ ဘ၀ကို လောင်မြိုက်စေတယ်။
အချစ်ဟာ ရှင်သန်ခြင်းကို စိုပြေစေတယ်။.....Johann W. Goethe

(၁၃) လူတွေရဲ့ အချစ်ကို မခံရတာ ကြီးမားတဲ့ ဝေဒနာဆိုးတရပ် ခံရတာနဲ့တူ
တယ်။ လူတွေကို မချစ်နိုင်တဲ့သူဟာ ရှင်လျှက်နဲ့ သေနေတာနဲ့ တူတယ်။
Gelinbeier

(၁၄) အချစ်ကို နားမလည်ခင်မှာ မိန်းကလေးဟာ မိန်းကလေး မဟုတ်သလို
ယောက်ျားလေးဟာလဲ ယောက်ျားလေးမဟုတ်ဘူး။.....History Myers

(၁၅) ချစ်ခြင်း မေတ္တာဆိုတာ လူ့ဘ၀မှာ ပျံ့နှံ့နေတယ်။ ချစ်ခြင်းမေတ္တာမရှိရင်
ဘာသာ၊ သမိုင်း၊ စိတ်ကူးယဉ်မူနဲ့ အနုပညာဆိုတာလဲ ရှိမှာမဟုတ်ဘူး။
Honore de Balzac

(၁၆) ငွေကြေးကြောင့် လက်ထပ်တဲ့လူလောက် ယုတ်မာတာ မရှိဘူး။
အချစ်တခုတည်းအတွက်နဲ့ လက်ထပ်တဲ့လူလောက် မိုက်မဲတာ မရှိဘူး။
Johnson

(၁၇) သာယာတဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ဦးနှစ်ဖက်မှာ တူညီတဲ့ခံစားမူတွေ
ရှိရမယ်။ တယောက်လွတ်လပ်မူကို တယောက်က ၀င်မစွက်ဖက်ရဘူး။ပေါင်း
ဖက်ရခြင်းကို တန်ဖိုးထားရမယ်။ ချစ်ခင်မူကို ထိန်းသိမ်းရမယ်။ ဒီအချက်တွေ
ကို လက်ကိုင်ထားရင် လက်ထပ်ခြင်းဆိုတာ ယောက်ျားလေးနဲ့ မိန်းကလေး
အတွက် အလှဆုံးနဲ့ အရေးပါဆုံးဖြစ်မယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။
Bertrand Russell

(၁၈) အချစ်ကို ပိုင်ဆိုင်ဖူးသလို အချစ်ကို ဆုံးရှုံးဖူးတာက တခါမှ မချစ်ဖူးတာ
ထက်စာရင် ကောင်းသေးတယ်။ Alfred Tennyson

(၁၉) အိမ်ဆိုတာ လူတွေရဲ့ အဆိုးအပြစ်နဲ့ ကျဆုံးခြင်းတွေ သိုဝှက်ထားတဲ့
တခုတည်းသော နေရာဖြစ်သလို ချစ်ခြင်းမေတ္တာနဲ့ ချိုမြိန်မူတွေကို သိုလှောင်
ထားတဲ့ နေရာလည်းဖြစ်တယ်။ Bernard Shaw

(၂၀) လူ....လူ...လူ...လူဆိုတာ ရယ်မောခြင်းနဲ့ မျက်ရည်ကြားက ချိန်သီးတစ်
လုံးဖြစ်တယ်။ Lord Byron

အချစ်.....အချစ်.....အချစ်ရဲ့ ရင်ခုန်သံဟာ အကောင်းဆုံး အိပ်ရာဝင်တေး
တစ်ပုဒ်ဖြစ်တယ်။
အိုမိန်းကလေး........

ဟန်ဆောင်မြူဆွယ်မှုတွေကင်းစင်တဲ့

နှစ်လိုဖွယ်မင်းအပြုံးအောက်မှာ

မတိုက်ခင်ကဂှုံးပြီးဖြစ်တဲ့

ငါ့နှလုံးသားတစ်စုံအတွက်

သေချာရေရာတဲ့ဝါကျတစ်ကြောင်းကို

ငါဝေဒနာဆန်ဆန်မျှော်လင့်မိပါရဲ့

အိုမိန်းကလေး........

သေသေချာချာကြံကြံဖန်ဖန်မတွေးတတ်တဲ့

ငါ့ဦးနှောက်တစ်စုံဟာ

မရေမရာဝေဖန်မှုဆန်တဲ့မင်းရဲ့သတင်းတွေကြောင့်

အမြဲလျှော်ဖွတ်နေရ

အိုမိန်းကလေး.............

ဖြစ်ပြီးတာတွေမတွေးချင်ပါဘူး

ဖြစ်ပျက်ခဲ့တာတွေကိုသာ လိုသလိုပြောင်းနိုင်ခဲ့ရင်

ငါလိုတဲ့ဝါကျတစ်ကြောင်းမင်းဆီရနိုင်ကောင်းပါရဲ့
ကိုယ်ဟာအစဉ်အမြဲ

မင်းကိုလွမ်းနေရသူပါ

တကယ်လို့ ဖြစ်နိုင်ရင်

မင်းရှိတဲအရပ်ဆီ

တောင်ပံပြင်းပြင်းရိုက်ခတ်ပြီး

ငှက်ကလေးတစ်ကောင်အဖြစ်နဲ့

လာချင်တယ် ချစ်သူ……..
တချို.ကအချစ်ဆိုတာပေးဆပ်ခြင်း

တချို.ကတော.အချစ်ဆိုတာ

ရယူခြင်းတဲ.

မင်းကိုယ်.ကိုပေးတဲ.အချစ်က

ပေးဆပ်ခြင်းလား ၊ရယူခြင်းလားဆိုတာ

နားလည်နိုင်အောင်

ကြိုးစားရင်းနဲ.

အိပ်ပျက်ခဲ.တဲ.ညတွေမှာ

မင်းမျက်နှာကိုမြင်ယောင်ပြီး

ကိုယ်တွေးမိတယ်

ကိုယ်ကပေးဆပ်ခြင်းများစွာနဲ.

မင်းအတွက်အသက်ရှင်ချင်သူပါ

ချစ်သူရယ်........
လူတစ်ယောက်ပါ မေတ္တာသွယ်ယှက်
မျှော်လင်.ချက်ကြောင်. အသက်ရှင်ရ
တဘ၀မှာ သစ္စာမယိုင်
အချစ်ခိုင်မြဲ တစွဲတလန်း
တတမ်းတတ နောင်တမလွန်
အဆုံးစွန်ထိ ကျိုးနွံချစ်မြတ် ကိုးကွယ်အပ်နှင်း
မောင်ချစ်ခြင်းကို မငြင်းမဆန်
မင်းသာလက်ခံပါရင် တို.လေ
သေပျော် နေပျော် ကမ္ဘာပေါ်မှာ -------။
မြတ်နိုးမိခြင်း နှောင်ရစ်တင်းသည်.
ချစ်ခြင်းအစ သမုဒယအပူ
သူမှသူဆိုတဲ.အစွဲ ရင်ထဲမြေ.ကျွှမ်း
ကိုယ်ဘဲလွမ်းမယ်
တမ်းတမြိုက်သူ ကိုယ်ဘဲယူမယ်
သူ-------မသိစေ။
ရှိပါစေတော. ကြာလေလေဝေး
ဝေးလေလေမေ. မေ.လေလေပျောက်
အိပ်မက်လောက်သာ ထင်ပါစေကွယ်-------။
မင်းရဲ.မြေနေရာလေးမှာ
ကိုယ်.ရဲ.သံယောဇဉ်အိမ်ဂေဟာလေးကို
အခုကစပြီး တည်ဆောက်ခွင်.ပြုပါ
အိမ်ဂေဟာလေး ခပ်ဝေးဝေးမှာ
သစ္စာလမ်းလေးခင်းထားမယ်
သက်တံကိုတံတားထိုးပြီး
မိုးကောင်းကင်ကိုတိုင်တည်ပါတယ်
မင်းကို ကိုယ်ချစ်တယ်---------။
နှစ်လွာပေါင်းယှက်စွယ်တော်ရွက်လို
လမင်းနံဘေး ကြယ်စင်လေးလို
ရေပြင်ပေါ်တင်. ရွေကြာပွင်.လို
သခင်အဖော် ---၀င်.မော်ပျော်ပါး
နှလုံးသားနှင်.တွဲထားမယ်နော် ဘယ်ကိုခေါ်မယ်လဲ
သွားကြမယ်လေ ဘယ်ကိုစေမလဲ
နွေထဲဖြစ်ဖြစ် မိုးဖြစ်ဖြစ်ပေါ.
ဆောင်းသစ်မနက်ဖြန်တစ်သက်ပန်ရည်စူး
အချစ်ဦးလေ ရင်ခွင်နွေးကြောင်.
အိပ်မက်လေးတွေပိုလှတယ်------------။
တွယ်တာပြီးမှ မေ.လို.ရမလား
မာနကိုတောင် သူပျော်အောင်အပ်
အမြတ်နိုးဆုံး နားလည်ဆုံးဟု
နှလုံးသားက စကားစတွေ
သူသိစေရော. မပြောတော.ချင်
သံယောဇဉ်တို. အမျှင်မတန်း
မပင်ပန်းဘ ရွင်လန်းချမ်းမြေ.
သူမေ.နိုင်ပါစေ
သြော်-------------
အပူငွေ.ပြယ်ပါစေ-------------------လို.

ထာဝရနှုတ်ဆက်ထွက်ခွာခြင်း

ဘာမှမရှိတဲ့ဘ၀ရဲ့အပြင်းစားရိုက်ချက်တချို့မှာ..
ငါ့ချစ်သူမင်းကို မထားရက်နိုင်ခဲ့ဘူး..
ဒီလိုနဲ့…
ငါ လောကပင်လယ်ကြီးထဲကို ရွက်စုံဖွင့်ပြီးလွင့်ခဲ့တာ…
ပြန်ရတာ မရတာထက်…
ငါ့ရင်ထဲက နှလုံးသားရဲ့ တောင့်တမှုကို..
ငါဘယ်လိုလွန်ဆန်ရမလဲ ချစ်သူရယ်…
အရမ်းနာတယ်…
ငါအရမ်းနာကျဉ်ရပါတယ်…
မင်းအတွက်လွင့်ခဲ့တဲ့ ငါ့လှေငယ်အရှိန်ကုန်စပြုလာပြီ…
မင်းမရှိတော့ထဲက ရပ်တန့်သွားခဲ့တဲ့..
ငါ့ရင်ခုန်သံအသေတွေလဲ…
ကွဲကြေစုတ်ပြတ် သွေးစက်လက်ကျခဲ့ပေါ့…
ထာဝရထားခဲ့ရတော့မယ်ဆိုတဲ့ အသိက …
ငါ့ ၀ိညာဉ်ကို နုတ်ယူသွားခဲ့တာ…
အခုငါ နတ်ဆိုးပြန်ဖြစ်နေရပြီလေ…
မင်းကြည့်လိုက်ပါ…ပြီးရင် မင်းနားထောင်ကြည့်လိုက်ပါ…
ငါက အခုမှစရှင်သန်ပြီး …အခုပဲ သေဆုံးသွားရသူပါပဲ…
ဟုတ်တယ်..
ငါနှလုံးခုန်သံတွေရပ်တန့်သွားကတည်းက ..
ငါကသေလူ…
ဘယ်တော့မှ အစပြန်ဖော်လို့မရတော့မှတော့…
ငါအားလုံးကို ရှော်လိုက်ပါပြီ…
သွားတော့မယ်…
ထာဝရထွက်ခွာသွားတော့မယ်…
နှုတ်ဆက်ခဲ့ပါတယ်ချစ်သူ…
ငါ့ကျိန်စာနဲ့ငါဆူး…
လောကပင်လယ်ထဲမှာ ငါမလူးလွန့်နိုင်တော့ဘူး…
ခွင့်ပြုပါ…
ငါ့သတင်းဆိုးတွေကြားရင်နားကိုပိတ်…
မင်း ငြိမ်ငြိမ်လေးပဲအိပ်နေလိုက်ပါတော့ ချစ်သူရယ်…

..ပင်လယ်ငိုသံ..

သူတကယ်တုန့်ပြန်မှုကင်းစွာ..
ပျင်းစရာလောကကိုဖြတ်..
ဒီတိုင်းပဲလျှောက်လှမ်းချင်ခဲ့တာလား…
ငါတကယ်မျက်စိလည်ပြီး..
မင်းရင်ခွင်ထဲကိုဝင်ရောက်..
အလိုက်ကန်းဆိုးနားမလည်ခဲ့တာလား…
ဘ၀ပျောက်သူတွေက..
အိပ်မက်ဆိုးဆိုတာကိုကြောက်စရာမလိုဘူးတဲ့..
ငါကတော့ မင်းနှင်လွတ်မှာကိုသာ..
ထာဝရကြောက်ရွံ့နေမိသူ..
မင်းလုံလောက်တဲ့အချိန်မှာ..
ငါဟာထောင့်ချိုးတစ်ခုအတွင်း..
ကြာရှည်စွာပုန်းအောင်းနေနှင့်ပြီပေါ့…

ဆန္ဒ

ငါကမြောက်ဝင်ရိုးစွန်းနဲ့ အနီးဆုံး…
ကျောက်တုံးတတုံးမဟုတ်ပါဘူး…
ဒါကြောင့်အေးခဲမနေဘူး…
အရိုးသားဆုံးပြောနိုင်တာက..
ငါမလိမ်တတ်ခဲ့တာပဲ…
မျက်နှာဖုံးဝါဒတစ်ခုကြားမှာ..
ဟန်ဆောင်မှုနိယာမတွေကိုသင်ကြား..
ဝါးတားတားပဲနေခဲ့တာ..
ငါကအချစ်နဲ့အဝေးဆုံး..
ခပ်တုံးတုံးနတ်ဆိုးမဟုတ်ပါဘူး..
ဒါကြောင့်ရက်စက်ရိုင်းစိုင်းမနေဘူး…
အမှန်တရားတစ်ခုကတော့…
စကားလုံးဖွဲ့စည်းပုံတွေကြားမှာ…
ရင်ခုန်သံအစစ်ကိုသင်ကြား..
အချစ်ရဲ့ အဓိပ္ပါယ်ကိုရှာဖွေခဲ့တာ…

ငါတို့ တွေမဆုံဖြစ်ကြရင်…
ဖြစ်ပျက်ခြင်းနိဒါန်း(သို့) တိမ်တိုက်သံစဉ်…
သံတူကြောင်းကွဲအိပ်မက်တွေထဲက နိုးထဖြစ်ကြရင်…
ကောင်းကင်သံစဉ်တွေ တိတ်ဆိတ်သွားခဲ့ကြရင်…
ဘ၀ကို ဘ၀လိုပဲမှတ်ပါ…
ဘ၀ဆိုတာဘ၀ဖြစ်လာတဲ့အလျောက်..
ငါတို့တွေ အတူတူမှားလျှောက်ခဲ့ကြတာပဲ…
ဆောင်းတွင်းကျတဲ့မျက်ရည်တွေက ခဲသွားကြတယ်..
တောင်အရပ်ကိုပျံသန်းသွားကြတဲ့ငှက်တွေလဲ..
ထိတ်လန့်မှုနဲ့ပျော်မြူးနေကောင်းရဲ့…
ငါတို့တွေက မြို့ရိုးပေါ်ကျတဲ့မိုးစက်လေးတွေလိုပဲ..
မြို့ထဲကျရင်ကျမယ်..မြို့ပြင်ရောက်ရင်ရောက်မယ်..
ဒါပေမယ့် ငါတို့က မိုးစက်တွေပဲ…
အချိန်ကတိုက်စားသွားပါလိမ့်မယ်…
သဘာဝကျကျအတွေးတွေထဲမှာ..
ငါလွတ်မြောက်ချင်ခဲ့တာ…
ဒီလိုပဲ..
အခုထိတော့ ငါကိုယ်တိုင်က ..
ဒီ သံတူကြောင်းကွဲအိပ်မက်တွေကိုမက်နေဆဲပါပဲ…
တောက်ပခြင်းအလင်းတစုံတရာမရခင်အထိပေါ့…

မြူတွေဆိုင်းနေတဲ့တောအုပ်ထဲမှာ..
သက်တန့်တစ်ခုကိုထောင်ဖမ်းဖို့..
ငါနွယ်ကြိုးတွေရှာဖွေခဲ့တယ်..
ချစ်သူဆိုတာ..အိပ်မက်တွေထဲက အလှပဆုံးကမ္ဘာဦးသံစဉ်တဲ့…
ငါကိုယ်တိုင်တီးခတ်ခဲ့တယ်ထင်တာပဲ..
သူမရော..ငါရော..
နှလုံးသားချင်းကျောချင်းကပ်ခဲ့တာ..
ပြီးတော့..
မျက်နှာမှုရာကိုအသီးသီးထွက်ခွာခဲ့..
အခုတော့..အဓိပ္ပါယ်မဲ့ဝေးသွားခဲ့ကြတယ်..
အချစ်ဆိုတာ..တိုင်တည်ကျိန်ဆိုခြင်းထက်မွန်မြတ်တဲ့ အရာတဲ့..
ငါကိုယ်တိုင် ဆွဲပေးခဲ့တဲ့သစ္စာပွင့်ခတ်လေးတွေ..
သူမရဲ့မျက်နှာပေါ်က တခါတရံမြင်ရတတ်တဲ့အပြုံးနုနုလေးတွေကြောင့်..
ငါ့နှလုံးသားကန့်လန့်ဖြတ်ကွဲခဲ့တာ..
ပြီးတော့..
သွေးစိမ်းရှင်ရှင်ကျခဲ့ပေါ့..
အခုတော့..ငါကဗျာမဆန်တဲ့ မုသားတွေနဲ့ပြန်ဆက်ထားတယ်

ကောင်းခန်းမရှိတဲ့ ရုပ်ရှင်..

အိပ်ရေးပျက်ခြင်းက ..
မျက်တွင်းတွေကိုတင်ချိုင့်ဝင်စေတာ..
အချစ်တစ်ခုပျက်ခြင်းက ..
ဘ၀ကိုပါ တွင်းနက်နက်ထဲ ကန်ချလိုက်တယ်..
ဒီလိုနဲ့ ငါ ချောက်ထဲကျသွားတယ်..
ဒီလိုဆို မင်းက ချောက်တွန်းသူပေါ့..
ဘာပဲဖြစ်ဖြစ် မင်းထားတဲ့ဘ၀က ..
ငါ့ကိုနေသားကျစေတယ်..
တည်ငြိမ်နေတဲ့ရေပြင်တစ်ခုပေါ့..
ဒါပေမယ့် အလင်းရောင်မရှိဘူး..
ဘ၀ကိုမြှင့်တင်တဲ့လှေကားတစ်ခုပေါ့..
ဒါပေမယ့် လက်ရမ်းမရှိဘူး…
ပြီးပါပြီ လို့စာတမ်းမထိုးပေမယ့်..
ငါတို့ဇာတ်သိမ်းသွားခဲ့ပြီ…
ငါ မျက်ရည်မကျမိဘူး..
ငါချစ်သူပီသခဲ့တာကြောင့်ပေါ့…

နွေတွေသာကုန်သွားပြီဆိုရင်..
ဥဩငှက်တွေလည်းကြိုစရာမလို..
အလွမ်းသင့်သူတွေလဲ ..ငိုစရာမလို…
ဒါပေမယ့်…
နေရောင်မရတဲ့ ပန်းတွေက မလန်းတတ်ဘူးလေ..
ဒီလိုနဲ့ ကျွန်တော်လောင်းရိပ်မိတယ်..
အချစ်ဆိုတာ လှေကားထိပ်က..
တံခါးပေါက်တစ်ခုလား…
ဒါမှမဟုတ် မိုးပျံပူပေါင်းလိုလား..
လွတ်လိုက်တဲ့အခါပြန်လည်ဖမ်းဆုတ်လို့မရဘူးလေ..
ဘာဖြစ်လို့လဲ …
အချစ်ဆိုတာ ဘာမှန်းမသိချင်တော့ဘူး..
ဒီလိုပဲ အချစ်ဆိုတာ..
ဘာမှန်းမသိခဲ့တဲ့အရာပေါ့…