ကဗျာချစ်သူရဲ့ခံစားချက်

အချစ်စစ် တခုက ဖြစ်ပေါ်လာတက်ပါတယ်
ခဏတာအချိန်လေးမှာ
တဘဝ စာ ချစ်မိသွားတယ် ဆိုရင်
လွန်တယ်လို့ မထင်လိုက်ပါနဲ့ ချစ်သူ
မောင့် ရင်ထဲက အချစ်တွေ ချရေးပြတာ
နိုင်းပြစရာမရှိအောင် လိုနေပါသေးတယ်
စွဲလမ်းမှု့ ရင်မှာတိတ်တခိုးနဲ့
မြတ်နိုးခဲ့ရတာလည်း မင်းလေးကိုပါချစ်သူ
အချိန်တိုင်း မင်းကစိုးမိုး ထားတယ်ဆိုရင်
မှန်သောသစ္စာ စကားပါလို့
မောင့်ကို မြှားနတ်မောင်က ထောက်ခံပေးပါလိမ့်မယ်
မောင့် ရင်ကို အချစ်နတ် စေတန်လေးက
လေဆန်ပြီး လှုပ်ရပ်သွား ခဲ့တော့
ရင်တွေ ခုန်နေတယ် ချစ်သူရယ်
မင်းရဲ့ ချစ်တယ်ဆိုတဲ့ အဖြေလေးနဲ့
လာကုပေးလှဲ့ ပါနော် ချစ်သူ
မောင့်ရဲ့ နှလုံး ခုန်သံတွေ တအားမြန်နေလို့ပါ
အချစ်တခု ဖြစ်ပေါ်လာဖို့
အချိန် အတိုင်း အတာတွေ
နေရာ အကွာ အဝေးတွေ
မလိုအပ် ပါဘူး ချစ်သူ
အချိန် တိုတို အတွင်းမှာ
ဖြစ်ပေါ်လာတဲ့အချစ်ကလည်း
တန်းဖိုး ဖြတ်လို့ မရတဲ့ အချစ်တခု
ဖြစ်နိုင်တယ်ဆိုတာ ယုံပါချစ်သူ

ပျံသန်းခွင့် ရသော ငှက်ငယ်

ယနေ့...........
၁၅၀၀ လှောင်အိမ် ထဲက
လွတ်ခွင့် ရခဲ့တဲ့ ငှက်ငယ် တကောင် ဘဝ
ခြေချင်း ဝတ် က လွတ်သွားတဲ့
ချည်နှောင်ကြိုး ဒဏ်ရာလေးနဲ့
အတောင်တွေလည်း ညောင်းခဲ့ရတော့
ပျံသန်းရာမယ့် မပျံနိုင်တော့တဲ့ ဘဝ
လှောင်အိမ်ထဲမှာ ဒဏ်ရာများစွာရခဲ့တော့
ချိနဲ့ ယိုင်လဲ မှု့တွေနဲ့ အားအင် ကုန်ခမ်းလို့
စာနာတက်သူ ကင်းမဲ့စွာနှင့်
ဝေဒနာတွေ ခံစားရင်း
လောက အလယ်မှာ
စာငတ်မှု့တွေ နဲ့ မျက်နှာငယ်ခဲ့ပေါ့
လှောင်အိမ်ထဲက ဘဝမှာလည်း
ပိုင်ရှင်ရဲ့ ဥပက္ခာ ပြုတဲ့ ဒဏ်
တစစီ ဖဲ့ခြွေ နှိပ်စက်ခဲ့တဲ့
ပြုမှု ရက်စက်တဲ့ စွဲချက်တင် ဒဏ်ရာတွေနှင့်
ခုတော့ သေအံ့မှုး မှုး ခံစားချက် ဘဝနဲ့
လွတ်မြောက် ခွင့်ဆိုပေ မယ့်လည်း
ဘာမှသုံးမရတဲ့ ကုန်ဆုံးဘဝဘဲ ကျန်ပါတော့တယ်
ကျေးဇူးတင်ပါတယ် လှောင်အိမ်ပိုင်ရှင်ရယ်
သေဆုံးခါနည်းမှာ လွတ်လပ်စွာ
အသက်စွန့် ခွင့် ပေးတဲ့ အတွက်ပေါ့
နောက်တဖန်...လှပတဲ့ လှောင်အိမ်မွေး ငှက်လေးတကောင်
ပိုင် ဆိုင် ပါ စေ လို့ ...နော်

ဒါ အ ချစ် လား

ရင် ခုန် သံ စည်း တ ချက်

လှိုက် ခ နဲ ဖို လာ မင်း အ ပြုံး မှာ

စွဲ ငြိ ကျန် ရစ် ခဲ့ တာ........


အ ဝေး က မင်း စ ကား ပြော သံ

ရင် မှာ ခေါင်း လောင်း ထိုး သံ လို

ငါ့ နှ လုံး သား ကို တေး ဆို သွား လောက် အောင်

ဖန် တီး လိုက် တာ များ လား........


မျက် ဝန်း တ ဝှေ့ နဲ့ ဆုံ လိုက်

ဒီ အ ခိုက် လေး မှာ

ငါ့ ...ရင် ခုန် သံ တွေ များ

စည်း ချက် မှား စေ လိုက် တာ လား.......


ရင် ခုန် နှုန်း တွေ တ ညံ ညံ

သံ စဉ် တွေ မ ထပ် အောင်

ဖန် ဆင် ပေး ခဲ့ တဲ့ ဒီ အ ချစ်

နှောင် နှစ် တ ရာ တိုင် အောင်

ဆု တောင်း ကျ မှာ လား......

အော်.....ဒါ အ ချစ် လား...

ရင်ခုန်သံအဝေးဆုံး

အချစ်ကိုစတေး ရင်ခုန်သံအဝေးဆုံးမှာ

ဗလာရင်တွေနဲ့ မကြင်နာခင်

ဖယ်ခွာပြေးပုန်း အဝေးဆုံးကို

ထွက်သွားချင်မိတယ်..

စကားသံချိုကို မကြားသလို နေမိတာတောင်

ရင်ကွဲ ပက်လက် ခံရက်ခက်ခဲ့တယ်..။

အချစ်မပါတဲ့ဇတ်လမ်း နိဒါန်းမပျိုးပါရစေနဲ့.

အရူးမဟုတ်ပေမဲ့ ရူးအောင်ချစ်မိတဲ့ ငါ့အတွက်မှ

အတုအယောင်တွေနဲ့ ချစ်ပြလိုက်တာလား..

မေ့နိုင်တဲ့တစ်နေ့ အတိတ်မှာပဲ ကျန်ခဲ့ ချင်တယ်

အမုန်းမြို့ရဲ့ အဝေးမှာ ခပ်အေးအေးပဲ

နေပါရစေ...။

ရင်ခုန်သံအဝေးဆုံး

အချစ်ကိုစတေး ရင်ခုန်သံအဝေးဆုံးမှာ

ဗလာရင်တွေနဲ့ မကြင်နာခင်

ဖယ်ခွာပြေးပုန်း အဝေးဆုံးကို

ထွက်သွားချင်မိတယ်..

စကားသံချိုကို မကြားသလို နေမိတာတောင်

ရင်ကွဲ ပက်လက် ခံရက်ခက်ခဲ့တယ်..။

အချစ်မပါတဲ့ဇတ်လမ်း နိဒါန်းမပျိုးပါရစေနဲ့.

အရူးမဟုတ်ပေမဲ့ ရူးအောင်ချစ်မိတဲ့ ငါ့အတွက်မှ

အတုအယောင်တွေနဲ့ ချစ်ပြလိုက်တာလား..

မေ့နိုင်တဲ့တစ်နေ့ အတိတ်မှာပဲ ကျန်ခဲ့ ချင်တယ်

အမုန်းမြို့ရဲ့ အဝေးမှာ ခပ်အေးအေးပဲ

နေပါရစေ...။

ပေါ့ ပါး ချစ်

လေ ယူ ရာ ယိမ်း နွဲ့ လို့
တိမ်း ညွတ် လို့ မသွား ပါ နဲ့ ချစ် သူ
ဘေး စ ကား တွေ လည်း
နား မ ယောင် လိုက် ပါ နဲ့
ငါ မင်း ကို ချစ် ခဲ့ တာ
တ ဘ ဝ လုံး အ တွက် ပါ
ကမ္ဘာ မြေ ကြီး ရယ်
ကောင်း ကင် ကြီး ရယ်
တည် နေ သ ၍....မင်း ကို ချစ် နေ မယ်
ယုံ လား လို့ မေး ရင်
ပုံ ပြင် လား လို့ ပြန် မမေး လိုက် ပါ နဲ့
ဆုံ ချင် တာ က တော့ နေ့ တိုင်း ပါ ချစ် သူ
အ ပြန် အ လှန် နား လည် မှု့ တွေ နဲ့
ဝေ ဒ နာ တွေ ဖ လှယ် ကျ ရင်း
ကြင် နာ ကျ မယ် ပြော ခဲ့ တာ လည်း သူ
သက် ဆုံး တိုင် ချစ် မယ် ဆို ခဲ့ ပေ မယ့်  လည်း
တ ဘ ဝ လုံး အ တွက် မ ဟုတ် ခဲ့ တဲ့
လေ တ ဝှေ့ စာ အ ချစ် လေး နဲ့
ဟန် ပြ ချစ် ခဲ့ တဲ့ မင်း အ သည်း
ဘာ ဒဏ် ရာ မှ မ ရ ခဲ့ တော့ လည်း
အ ဆက် သစ် လေး ကို အ သည်း သစ် လေး နဲ့
ပေါ့ ပေါ့ ပါး ပါး အ ချစ် နဲ့ .. ဆက် ချစ် လိုက် ပေါ့ နော်
တ ဘ ဝ လုံး အ တွက် မင်း အ ချစ် တွေ ကံ ကောင်း ပါ စေ

မောင်

နှလုံးသွေးကြွ
ရင်သိမ့်လှိုက်ဖို
သိမ့်သိမ့်တုန်အောင်
ချစ်ရပါ၏...........

မောင်
နှုတ်ခမ်းနှစ်လွှာ
ဖွင့်မရအောင်
မိန်းမောတွေဝေ
ချစ်ရပါ၏.............

မောင်
အစားလည်းပျက်
အလုပ်ခွင့်နှင့်
မအိပ်နိုင်စွာ
ချစ်ရပါ၏..............

မောင်
သေလွန်မှသော်
နောင်ဘဝများ
ရှိလင့်ပါလျင်
မခွဲဘယ်ခါ
ထာ0ရမြဲ
ချစ်နေပါမည်.......
ခေါ်င်းအုံးမှာပါးကိုအပ်
မအိပ်တတ်ပါနဲ့ 
ချစ်သူရယ်...........။

နေထိုးတဲ့ အခါနေပျောက်ကလေးတွေ
ရေချိုးတဲ့ အခါ ရေပေါက်ကလေးတွေ
အသားကိုထိနေတာတောင်မှ
စိတ်ထဲမှာမ၀ံ့မရဲ
ရင်ထဲမှာအူတိုတတ်ပါရဲ့ ..........။

ချစ်တတ်လွန်းလို့ သ၀န်တိုတာ
အချစ်ကိုယ့် ကို နားလည်ပေးပါကွာ........။

သွင်ပြင်

လေနှင်ရာလွင့် တတ်တဲ့
မိုးတိမ်တွေ....
လေတိုက်တိုင်း ယိမ်းကြတဲ့
သစ်ပင်တွေ....
မိုးကောင်းကင်ကြီးရဲ့ အောက်က
ပင်လယ်ရေတွေ...
သဲသောင်ပြင် ပေါ်က
စာသားတွေ...
မိုးရွာပြီးစမှာ ပေါ်တတ်တဲ့
သက်တံရောင်စဉ်တွေ...
ဒါတွေ အားလုံးဟာ
သူမရဲ့ သွင်ပြင်တွေပေါ့...

မင်းကိုတမ်းတမိတာအခါခါပါပဲ
ရောက်လာပါတော့ 
မျှော်နေမိတယ်
ငါ့ မှာတော့ ...............
နေ့ ရက်တွေတိုင်းဟာလည်း အဓိပယ်မဲ့ လို့ .........
ငါ့ရဲ့ ရင်ခုန်သံတွေကျဆုံးနေတယ်
မင်းသိလေမလား
ငါတမ်းတမိတဲ့ အခါခါတိုင်းကိုပေါ့ 
ငါ့ ရင်ဘတ်ဥယျဉ်အပျက်ဟာ
မင်းရဲ့ သံစဉ်တွေကြားမှာ
ကခုန်နေလေရဲ့ 
သူနိုးထလာတော့ မယ် ထင်ပါတယ်
ရင်ခုန်သံစည်းချက် ဒီမိုးစက်ကြောင့် 
ချစ်ခြင်းသစ်ပင် အသက်ဝင်လို့ 
ဥယျဉ်ဟောင်းလည်း လန်းဆန်းခဲ့ ရပြီပေါ့ 
ကောင်မလေးရယ်.....................

မေမေ

မိဘရင်ခွင် အဝေးမှာမို့
လွမ်းဆွတ်တမ်းတ သတိရနေပြီးလား....မေမေ
မေမေ့ဝတ်ပြု တောင်းဆုမေတ္တာ
ပို့သမှုကြောင့် ရေခြားမြေခြား
ဝေးကွာနေလည်း သားရဲ့စိတ်အစဉ်
ငြိမ်းချမ်းပျော်ရွှင် ကြည်နူးရ၏
မေမေပြောသည့် ဆုံးမမှာစကား
စိတ်မှာကြားယောင် နားထောင်ကျင့်သုံး
လိုက်နာမှုကြောင့် တည်ငြိမ်အေးချမ်းရပါတယ် ....မေမေ
မေမေ့ရင်ခွင် အဝေးမှာမို့
စိုးရိမ်ပူပန် လွမ်းဆွေးတမ်းတ
ဝမ်းနည်းမှုကြောင့် မေမေ့မျက်ဝန်း
စီးကျမျက်ရည် ရှိသည့်အခါ
ချစ်သားရင်ဝယ် ဗလောင်ဆူကာ
မချိတင်ကဲ ရှိလှပါ၏။
ရိုသေလေးစား ဦးထိပ်ပန်ဆင်
လက်ဆယ်ဖြာမိုး အစဉ်ရှိခိုး
မိဘခြေရာ ရင်ဝယ်ပိုက်ကာ
အမြဲအောက်မေ့ သတိရလျက်
တာဝန်များနှင့် မေမေ့သား...
ပူပင်ကြောင့်ကြ စိုးရိမ်မှုကင်း
ဒုက္ခအလျဉ်း မရှိသည့်နေရာ။
သောကဟူသမျှ ခါးစည်းခံကာ
အန္တာရာယ်တွေ ရင်ဆိုင်ဖြေရှင်း
မျက်နှာတစ်ချက် မညိုးငယ်ရ
အေးချမ်းပျော်ရွှင် လိုရာဖြည့်ဆည်း
မှန်ရာလမ်းညွှန် ကောင်းရာသင်ပြ
ပေးဆပ်မှုအတိ ရှိသည့်နေရာ။
လန်းဆန်းအပြုံး အကြင်နာလက်နှင့်
ဖေးမကူညီ အားပေးနှစ်သိမ့်
နွေးထွေးမှုနှင့် ငြိုငြင်မှုမဲ့
အမြဲကြိုဆို တံခါးဖွင့်သည့်နေရာ။

“သက်သေပြချက်“

ထစ်ချုန်းသံတွေနဲ့ 
အော်ဟစ်ပြီး
မျက်ရည်တွေကို
ရွာကျစေမှ
ငါချစ်တာကို
သိမယ်ဆို၇င်
ကန္တာရကြီးတွေပေါ်
ရေလွှမ်းသွားပြီ

ပိုတယ်လို့  ဆိုချင်ဆို
ငိုနေအုံးမှာပဲ
စကြာဝဋ္ဋာထဲ ရေပြည့်မှ
ယုံလိုက်ပေါ့.. ချစ်သူ။

“အတ္တလွမ်းချင်း“

အိပ်မက်အ၇ှင်တွေကို မျှားနေ၇င်းပဲ
ငြိတွယ်ခဲ့တာက သံယောဇဉ်တခက်
ငါ့၇ဲ့ ညတွေကို အသက်သွင်းပြီး

အတောင်ပံတစုံနဲ့  လှော်ခပ်မယ်…
ပန်းချီမဟုတ်တဲ့ လတစင်းကို
ပန်းခေတ်မှာ ချိတ်ဆွဲ၇င်းနဲ့ 

အဲဒီညမှာ စောင်းကြိုးတွေပြတ်နေလည်း
တေးသွားတွေ ၇ွက်လွင့်လိမ့်မယ်...

ဆူးတလက်၇ဲ့  ကြိမ်စာတွေလား
မှော်ဆ၇ာကို ငါဖန်ဆင်းပြီး
အလွမ်း လက်ဆောင်မှာ
တံဆိပ်ခေါင်း ကပ်မယ်……

တွဲလက်

တစ်ခါတလေမှာ ချိုမြန်တဲ့စကားလေး တစ်ခွန်းထက်
နွေးထွေးတဲ့လက်တစ်စုံကို ငါလိုအပ်တယ်။
အဲဒီလက်က ပူပူနွေးနွေး အကြင်နာ ဟင်းတစ်ခွက်လို
ဆာလောင်သူကို စိတ်ခွန်အားတွေနဲ့ ပြည့်စေသတဲ့...

ဒီတစ်သက် ဒဘဝမှာ ဒီလက်ကိုပဲ တွဲရမယ်လို့ အဓိဌါန်ချခဲ့သလား ထင်ရအောင်
ဘာကြောင့်မှန်းမသိ နင့်လက်ကိုပဲ ငါတွဲထားချင်မိတယ်။
နင့်လက်ကို ငါတွဲထားတယ်။
တစ်ခါတလေ ဖြတ်တိုက်သွားတဲ့
လမ်းဘေးက လေရိုင်းရဲ့ အနှောင့်အယှက်တွေ ရှိပေမယ့်
တွဲထားတဲ့ နင့်လက်မှာ အနွေးဓာတ်တွေ ရှိနေသေးရင်
လေရိုင်းတွေ ဘယ်လောက်ကြမ်းပါစေ ငါ မမှုဘူး။
နင့်ကို ငါချစ်တယ်
နေရောင်ခြည်ကို ချစ်သလို
လေထုကို ချစ်သလို
ရေငွေ့ကို ချစ်သလို
ပင်လယ်ကို ချစ်သလို
ပန်းတွေကို ချစ်သလို
လောကကြီးကို ချစ်သလို
ငါ့ကိုယ်ငျါစ်သလို
နင့်ကို ငါ ချစ် တယ်
လူတိုင်းမှာ စကားလုံးကိုယ်စီရှိတယ်
ပုံပြင် ဇာတ်လမ်း ကိုယ်စီရှိတယ်။
ငါတို့မှာလည်း ငါတို့ ယုံကြည်ချက်တွေ ရှိတယ်
ယုံကြည်ချက်နဲ့ အပြုံးကိုယ်စီကို တွဲလက်နဲ့အတူ ငါတို့ဆုပ်ကိုင်ထားတယ်။

တွဲလက်ကို မဖြုတ်တမ်း လမ်းဆုံးအထိ ငါတို့လျှောက်နိုင်မလား?
တစ်ခါတလေ ငါသံသယဖြစ်မိတယ်။
ပထမဆုံးအကြိမ် ငါ့လက်ကို နင်စတွဲတဲ့ ဆောင်းမနက်ကို ငါမှတ်မိနေသေးတယ်။
လှမ်းလာတဲ့နင့်လက်ကို အားပါးတရ ငါဆုပ်ကိုင်လိုက်တော့
တုံးတိတုံးအနဲ့ နင် ရီနေခဲ့တယ်။

မျှော်လင့်ချက်များများ မထားရင်
မျှော်လင့်ချက်မဲ့တာလည်း နည်းလိမ့်မယ်လို့ ငါထင်ခဲ့တယ်။
ဒါကြောင့် တွဲလက်ကို ငါဖြည်လျှော့လိုက်ချိန်
နင်က တင်းတင်း ပြန်တွဲထားလိုက်တယ်။
အဲဒီနောက်....
နင့်လက်ကို ဘယ်တော့မှ ငါ မဖြုတ်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။

ပထမဆုံးအကြိမ် လက်တွဲစကနေ ခရီးလမ်းဆုံးအထိ ငါ့လက်ကို မဖြုတ်စတမ်း
ကျေးဇူးပြုပြီး နင် တွဲသွားပါနော် !

လမ်းပျောက်သူ

ဘဝထောင့်ချိုး တစ်နေရာက
ဟောင်းအိုနေတဲ့ ဆိုင်းပုဒ်တစ်ခု
အချစ်နဲ့အမုန်း ၁ဝကီလိုမီတာစီမှာ ရှိတယ်
"နစ်မွန်း" ဆိုတဲ့ ဆိုင်းပုဒ်က
ညာဖကှ်ာ နီယွန်မီးနဲ့ ထိန်လင်းလို့
ပျော်ရွှင်ခြင်းက ဘယ်အရပ်မှာလဲ?
လမ်းဆုံမှာရပ်
အချိန်အကြာကြီး ငါတွေဝေခဲ့တယ်....

ဥပေက္ခာအချစ်

သစ္စာတရားက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကျေးဇူးပြုပြီး လိမ်ညာခြင်းကိုရွေးပါ။
လိမ်ညာခြင်းက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကျေးဇူးပြုပြီး တိတ်ဆိတ်ခြင်းကိုရွေးပါ။
တိတ်ဆိတ်ခြင်းက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကျေးဇူးပြုပြီး ခွဲခွါခြင်းကိုရွေးပါ။
ချစ်ခြင်းက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကောင်လေးရေ….
ကျေးဇူးပြုပြီး ငါ့အနားမကပ်ပါနဲ့။

လောင်ကျွမ်းခံဖို့…
ဆေးလိပ်က မီးခြစ်ကို ချစ်မိသလိုမျိုး
အဖျော်ခံဖို့….
သကြားက ရေကို ချစ်မိသလိုမျိုး
စွန့်ပစ်ခံဖို့….
နာကျင်ခြင်းက ပျော်ရွှင်ခြင်းကို ချစ်မိသလိုမျိုး
ငါ့အချစ်တွေ လောင်ကျွမ်း၊ အရည်ပျော်၊ စွန့်ပစ်ခံလို့….

နာကျင်ခြင်းတွေ နှလုံးအိမ်ထဲ ထာဝရခိုအောင်းမနေဖို့
ကောင်လေးရေ….
“ချစ်တယ်” ဆိုတဲ့စကားကို လွယ်လင့်တကူ မပြောပါနဲ့။

အချစ်တစ်မျိုးကို
“ဥပေက္ခာ” လို့ ငါတင်စားခဲ့ပါရစေ….


ရက်ရက်စက်စက် ထားခဲ့ပါ

မင်းကို အရမ်းချစ်တယ်လို့ မကြာခဏပြောပါ
မင်းမရှိရင်မဖြစ်ဘူးလို့ အားရအောင်ကြွေပြပါ
ရင်ထဲမှာမင်းပဲအပြည့်လို့ ထပ်ခါထပ်ခါချွဲပါ
မင်းကြောင့်အသက်ရှင်တယ်လို့
ငါ့ယုံကြည်မူကို မကြာခဏဖဲ့စားပါ
မင်းရဲ့အလိမ်ညာကျော့ကွင်းထဲ
ငါလွတ်အောင်မရုန်းနိုင်တော့မှ
ငါ့ကိုရက်ရက်စက်စက် ထားသွားခဲ့ပါ ချစ်သူ

ှ“မင်းကို မောင်အရမ်းချစ်တယ်”
ဒါနဲ့ပဲ ငါအကြိမ်ကြိမ်သေခဲ့ရတယ်

နတ်သမီးမဖတ်ဖြစ်တဲ့ အစိမ်းရောင် ကဗျာ

ကြွေ....ကြွေ....ကြွေလွင့်သွားတယ်.....အိန်ဂျယ်လ်
ကစဉ့်ကလျား ရစ်သမ်တွေနဲ့ ငါဟာ သင်္ကေတမှားသွားတဲ့ကောင်
ချဉ်ချင်းတပ် ဆွတ်ပျံ့မှုတွေကို ဟိုးခပ်ဝေးဝေးက လှမ်းအော်
ဘယ်သူမှ မသိပဲ လင်းချင်းနေခဲ့မိတယ်
တကယ်တော့ လဲ....
အိန်ဂျယ်လ်ရယ် ....ငါတို့ဟာ ဝေးလွန်းမက ဝေးလွန်းပါတယ်
ဒါပေမယ့်....ငါက မက်မက်မောမော လှမ်းကြည့်နေမိတုန်းပါပဲ

အိန်ဂျယ်လ်ရယ်.....
မင်းရာသီဥတုမှာ သွန်းဖြိုက်ရွာလိုက်တိုင်း
ငါ့ဗဟိုပြုရာမှာ မုန်တိုင်းတွေ သဲထန်နေခဲ့တယ်
ဘယ်သူသိနိုင်မှာတဲ့လဲကွယ်
ပြောရေးဆိုခွင့် မရှိတဲ့ အလွမ်းတွေ
ငါ့အဟောင်း သေတ္တာလေးထဲ ထည့်သိမ်း..
မင်းနဲ့ငါနဲ့ တဖက်တချက်စီ စိမ်းလွန်းနေခဲ့တယ်

အိန်ဂျယ်လ်.....
ခပ်ဖွဖွလေး ရွတ်ဆိုရင်း ငါဟာ ခိုးကြောင်ခိုးဝှက် စက္ကူငှက်လေး တစ်ကောင်
ဒါမှမဟုတ် ကြိုးပြတ် သွားတဲ့ ခပ်အအ စွန် တစ်ခု ပေါ့....
ဘာပဲဖြစ်ဖြစ်....ဘာပဲဖြစ်ဖြစ်....ပေါ့ အိန်ဂျယ်လ်မလေးရယ်
ငါ့ဒိုင်ယာရီမှာတော့....
မင်းဟာ အက်ကြောင်းထပ် နေတဲ့ စကားလုံးမလေးပေါ့

ငါ့ကို ကယ်ပါ အိန်ဂျယ်လ်
ငါဟာ ခိုကိုးရာမဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ရုပ်ကြွင်းတစ်ခုပါ
ဟောဒိရင်ဘတ် နှစ်ခြမ်း သမုဒ္ဒရာမက ခြားနားချင် ခြားနားပါစေကွယ်
ငါ့ကို ကယ်တင်ပါတော့ ကောင်မလေးရယ်

တစ်ကြိမ်တစ်ခါတော့ ငါ ချိုမြပါရစေ
တစ်ကြိမ်တစ်ခါတော့ ငါ မြူးတူးပါရစေ
တစ်ကြိမ်တစ်ခါတော့ကွယ် ငါ ကမ်းကပ်ရပ်နားပါရစေ....အိန်ဂျယ်လ်

အိန်ဂျယ်လ်ရယ်....
အိန်ဂျယ်လ်ရယ်....
အိန်ဂျယ်လ်ရယ်.....
ငါဟာ မင်း နာမ တော်လေးကို ရွတ်ဆိုရင်း
မိုး......စုန်း....စုန်းချုပ်သွားခဲ့တော့တယ်။

“အလင်းဖွဲ့ နှင်းဆီကျမ်းစာ”

ဘယ်လောက်ထိဝေးမှာလဲ။ နောက်ပြန်လှည့်မကြည့်ကြေး။ ငွေတောင်ပြည်ရောက်အောင်သွားမယ်။အလင်းတွေ လက်တစ်ဆုပ်စာ ကျဲပက် လေပြညှင်းကို လေးလေးသွဲ့သွဲ့ ထွေးဖက်ထားစို့။ မျက်ရည်ဆိုတာ ဝေးရမယ့်သူတွေအတွက်။ တို့မနက်ခင်းတိုင်းမှာ နှင်းဆီအ၀ါတွေပွင့်ကြလိမ့်မယ်။
ရာဇ၀င်တစ်ခုစာ .......
အဲဒီလောက်အထိ မခြားပါဘူး .......
နှစ်ပေါင်း ၇၀၀ ငိုဖို့ မျက်ရည်မလောက်ဘူး .......
ကဲပါလေ `လာအတူသွားစို့´ ....... ။ ။
ဒီပွဲတော်ညတွေမှာ ရင်ခုန်နှုန်းတွေ ဆွတ်ဆွတ်ပျံ့ပျံ့သင်းထုံနေကြတယ်။ ကိုယ်နဲ့ပန်းရောင်ထီးကလေး မိုးစက်တွေထဲလမ်း
လျှောင်ထွက်ခဲ့ကြတယ်။ မှတ်မိပါသေးရဲ့လား ပန်းရောင်ထီးကလေးရယ်။ အဲဒီနေ့စွဲတွေ … အဲဒီနေ့စွဲတွေ မိုးတေလေနဲ့ ကိုယ်
အနီရောင်ညတွေကိုအံတုခဲ့သေးတာပေါ့။ ဒီလိုနဲ့ … ဒီလိုနဲ့ တို့တွေ နောက်မဆုတ်ကြေး နေရာင်တွေကို ကြိုးလေးနဲ့သီကြမယ်။

မမြင်ကွယ်ရာမှာ ဖျောက်ဖျက်ထားတဲ့
ခံစားချက်တွေကို ဆောက်တည်ရာမရဖြစ်အောင်တော့
နင် မငိုပါနဲ့
ပန်းရောင်ထီးကလေးရယ် . . . ။ ။

ရင်ခုန်သံတွေ တိုးတိုးလေးတေးသီဖွဲ့ ကာရံတွေမဲ့လည်း နေပါစေ။ ချစ်သူနဲ့ရေးတဲ့သီချင်း လရောင်တွေလင်းသရွေ့ ဗျပ်စောင်း
ပွေ့လို့ တို့တွေ ညည်းနေကြမယ်။ အသံတွေမခန်းသရွေ့ ဧဒင်ကိုရှာတွေ့တဲ့အထိ…. ။ အဓိပတိကားကြီး ဆိုက်တဲ့အချိန် ကားမှတ်
တိုင်လေးရဲ့အရိပ်မှာ မျှော်လင့်ခြင်းနဲ့စစ်ခင်းနေသူကို ကယ်တင်ယူလှည့်ပါ နှင်းဆီဝါလေးရယ်…..။

နက္ခတ်တွေ သဘင်ဆင်ယင်ကျင်းပ
ရင်ခုန်သံမှားတဲ့ သရုပ်ပျက်ညမှာ
ဖွဖွလေးထက် ကျယ်တဲ့ခြေသံ
နရီစည်းမှန် ဖရိုဖရဲနဲ့
ဝုန်းဒိုင်းကျဲသံစဉ်တွေပစ်ခွင်း
ငါတို့ ... စကားလုံးနဲ့လဲ စစ်ခင်းဖူးတယ် ။ ။

လရောင်လေးကို တိမ်ညိုတွေကွယ်လာခဲ့ရင် ကိုယ်က လေရိုင်းလိုတိုက်ခတ်ပေးမယ်။ နှင်းဆီလေးမွှေးအောင်တော့ ကိုယ်က
ဆော့ကစားတတ်တဲ့ လေပြေလေးရယ်ပါ။ ဘယ်တော့မှ … ဘယ်တော့မှ ပွင့်ချပ်လိုအပြုံးတွေ မခြောက်ခန်းစေရဘူး။ ကိုယ့်ကို ပြော
ပြပေးပါ။ နှုတ်ခမ်းလေးမလှုတ်ခတ်ပဲ မျက်ဝန်းလေးနဲ့ ညွှန်ပြပေးပါ။ ကိုယ်က နှင်းဆီဝါလေးရဲ့ မျက်ဝန်းဘာသာဗေဒကို ပျား ပိတုန်း
တွေထက် နားလည်တတ်ခဲ့သူပါ ။

ငါကမုန်တိုင်းတစ်ကောင်ဖြစ်ပေမယ့် ပန်းပွင့်လေးအနားမှာပဲတရစ်ဝဲ၀ဲနေချင်ပါတယ်။
မဖြစ်ဖြစ်တဲ့နည်းနဲ့ ငါ့ကိုကယ်တင်ပါ
ဒါမှမဟုတ် မင်းကိုဘယ်လိုကယ်တင်ရမလဲပြောပါ
ဝေးမသွားကြအောင်ပေါ့ ။ ။

လက်တံပျောက်နေတဲ့ တိုင်ကပ်နာရီအိုလေးလို ကိုယ်က ခေါင်းငုံ့ချပြီးမနေချင်ခဲ့ဘူး။ ပွင့်တယ် နှင်းဆီမလေး ပွင့်နေတယ်။ မနက်
ဖြန်တွေလည်းပွင့်နေတယ်။ အလင်းတွေလည်းပွင့်နေတယ်။ ပန်းတွေလည်း ပွင့်နေကြတယ်။ ကန်ဘောင်လမ်းလေးမှာ ဆုပ်ကိုင်
ထားခဲ့ဖူးတဲ့လက်ကလေး ကိုယ်… အခုထိ နွေးထွေးနေတုန်းပါပဲ။ အဲဒီကဗျာလေးကို ဒိုင်ယာရီထဲမှာသိမ်းထုပ် ကိုယ် တမှတ်တရ
ဖတ်ကြည့်နေတတ်ပါတယ် ချစ်သော နှင်းဆီမလေးရယ်…။

“ညီမလေးရေ. . .
ရာသီတွေအတွက်
အချိန်ဆိုတာ မလုံဘူး
မင်းအတွက် အလွမ်းတွေ
ဒီလိုပဲ ပွင့်တတ်ပါတယ်” ။ ။

နှင်းဆီမလေးရဲ့ပျိုးခင်းကို ကိုယ် ရေလောင်းပေါင်းသင်ပေးထားတယ်။ ပန်းလေးတွေက သခင်ကို ကြိုနေကြပြီကွယ့်။ တဘက်တချက်မှာ မိုးတွေက လှိုက်လှိုက်လှည်းလှည်း ရွာလို့။ ပင်လယ်ကြီးက ရေ၀သွားတဲ့ကုလားအုပ်တစ်ကောင်လို အရှိန်အဟုန်
ပြည့်စီးမျောဖို့ လှေငယ်လေးကို မျှော်နေရှာပြီ။ နှင်းဆီမလေးရေ အတိတ်ကိုတန်ဖိုးထားခဲ့တယ်ဆိုရင် အတိတ်သားလောင်းတွေကို တို့တွေ လှပအောင် ပျိုးထောင်ကြမယ်လေ။

လရိပ်က ပန်းတစ်ခင်းပျိုးတယ်
လရောင်တွေပျံ့လို့သင်းလို့
သူမဆံနွယ်တွေ ပင်လယ်ထဲစီးဝင်ခဲ့
ကျနော်........ငေးကြည့်နေခဲ့မိတယ်
သူမ........လှလိုက်တာ.... ။ ။

လရိပ်နဲ့တူတဲ့ ကောင်မလေးရယ် . . . နင်နဲ့အတူ လေရိုင်းတွေ မလာနိုင်တဲ့ နေရာမှာ သံယောဇဉ်အိမ်ကလေး ဆောက်လို့ နေချင်တယ်။ သက်တန့်တွေ ရှိလိမ့်မယ်လေ။ ငှက်ဆိုးတွေ ဘယ်လိုထိုးထိုးပေါ့ကွယ်။ တစ်ယောက်မရှိရင် တစ်ယောက် မရှိလို့မရသလိုမျိုး မျှော်လင့်ချက်ကို ပုံသွင်း ငါဆိုညည်းတဲ့သီချင်း နင်နားဆင်ပေးပါ။ ကြယ်တွေ ပျောက်နေတာမဟုတ်ပါဘူး လရိပ်ကောင်မလေးရယ် . . .။ အဲဒီကြယ်တွေက ငါ့ရင်ကို လှိုက်ဆင်းပြီး နင်ခိုနားနေဖို့ရာ ဗုံသံတွေ အထပ်ထပ်နဲ့ နင့်ကို ကြွေပြနေကြတာပါ။

“ စောင့်ရမှာခြင်းအတူတူတော့ ငါ အခုကတည်းက စောင့်မယ်
နင်သာ မြန် မြန် ပြန် လာ ခဲ့ ” ။ ။

လောကမှာ ကြတ်ခြေခတ်ခံထားရတဲ့သူတွေက သာမန်လူတွေထပ် အခွင့်အရေးနှစ်ခါ ပိုရကြပါရဲ့ ။ ဒီလိုမျိုးပေါ့ကွယ် . . .

ကြတ်ခြေခတ်တယ်ဆိုတာ . . .
ဘယ်တစ်ရစ် ညာတစ်ရစ်
အမှန်နှစ်ခါ . . .
ခြစ်ပေးထားတာပါ …. တဲ့

မြင်းမိုရ် မို့လားကွယ်။ လိုက်ခဲ့တော့နော်။ ဟော …. မိုးတွေ ရွာနေပြီလေ။ ငါနင်နဲ့အတူ လျှောက်ဖို့ လမ်းတွေက ဝန်းတွဲခိုလျ နင့်နာမလေးကို ရွတ်နေတယ် “ လရိပ်ထင် ” တဲ့ . . .။ လာခဲ့ပါတော့ကွယ် . . . လာခဲ့ပါတော့ လရိပ်ကောင်မလေးရယ် . . .။ နင့်အတွက် ကဗျာလေး တစ်ပုဒ်ကို ရွတ်ရင်း ငါ့လက်တွေ ကမ်းပေးထားမယ် . . .

ယုံကြည်ထားစမ်း
ရေခိုးရေငွေ့ကလည်း
ပင်လယ်ကို ပစ်ပေါက် စိုက်ပျိုး နိုင်တယ်ဆိုတာ . . . . . . . . . . . . . .။

နှင်းဆီရုပ်ကြွင်း

နက်မှောင်မှောင် ကျမ်းစာတစ်အုပ်မှာ
မော်ကွန်းတင်ခံချင်တဲ့လူမိုက်
ဓါးကျိုးတစ်လက်နဲ့
ကိုယ့်ကိုကိုယ် ပြန်ထိုးစိုက်လိုက်တယ်။

အစိမ်းရောင်ပန်းချီကားထဲက
ချစ်ရပါသောနှင်းဆီမလေး
ခရမ်းရောင် မြူခိုးတွေရဲ့နောက်မှာ
ကျနော့်ကိုကျောပေးလို့. . .

ဖြူလွနုစင်သော
အပြုံးလေးတစ်ပွင့်က
ဗိုလ်ခြေတစ်ထောင်ကို
လက်နက်ချစေခဲ့တယ်။

သွားပါလေ . . . သွားလိုက်ပါ
အရှုံးပေးတတ်တဲ့ ပျော့ညံ့ညံ့ကောင်မှာ
မင်းကိုပေးစရာ
ကဗျာတစ်ပုဒ်သာ ရှိနေခဲ့တယ်။

ရေပြင်ပေါ်ကလရိပ်ကိုမှ
ကွန်ပစ်ချင်တဲ့တံငါသည်
အရုဏ်မတက်မီ
လှည့်ပြန်ခဲ့ပါတယ်။

တကယ်တော့ နှင်းဆီမလေးရယ်
မင်းပြောခဲ့တဲ့
အနီရောင်မျက်ရည်စက်တွေအကြောင်း
ငါ ကောင်းကောင်းနားမလည်တတ်သေးဘူး။

ပွင့်စရာမကျန်တော့တဲ့ပျိုးခင်းအိုအတွက်
လွမ်းဆွတ်ခွင့်လေး . . .
မူပိုင်ပေးသနားတော်မူပါကွယ်။

ခြောက်သွေ့သွားတဲ့
စွယ်တော်အို တစ်ခြမ်းပဲ့လေးက
ခုတော့ . . . ကိုယ့်ကိုကိုယ်
ကြွေမှန်းသိခဲ့ပါပြီ။

ပန်းပွင့်လေးကိုနားမလည်ပဲ
ဝတ်မှုန်ခူးချင်တဲ့ကောင်
ရင်ဘတ်တစ်ခြမ်းလုံး
လှိုက်လှိုက်မြေ့မြေ့လောင်လို့. . .

မှော်ဆရာရဲ့ရှေ့မှောက်မှာ
ယဇ်ပူဇော်ခံခံရဖို့အတွက်
သက်ပြင်းတစ်ရှိုက်နဲ့
မီးတောင်တွေဖြာဝေစေလိုက်တယ်။

ပြာလဲ့လဲ့ ကခြေသည်တို့ရဲ့တေးသွား
နှင်းဆီမလေးနှုတ်ဖျားမှာ
ညှင်းသွဲ့လှိုက်စားနေခဲ့ပြီ။

မသနားပါနဲ့ နှင်းဆီမလေးရေ
ကိုယ်က
ပန်းနုရောင်ဆူးတွေမှာ
အဆိပ်သင့်ခဲ့ရသူပါ။

ဒီပွဲတော်ညမှာပဲ
ိကိုယ့်ကို. . .
ရနံ့ချိုချိုတွေနဲ့တုတ်နှောင်ပြီး
အပြီးတိုင် သေဆုံးစေလိုက်ပါတော့ကွယ်။

နောင်လာမယ့်ပြက္ခဒိန်တွေထဲမှာ
နှင်းဆီဆိပ်သင့်ခဲ့ဖူးတဲ့
စွယ်တော်ရွက်တစ်ခြမ်းပဲ့လေးကို
နှင်းဆီမလေး မေ့သွားတော့မှာပါကွယ်။

တဘက်ခြား

သစ္စာပန်းပွင့်တွေ ကြွေသံကြားတိုင်း
လှိုင်းလုံးတစ်လုံးစာ ပိုပိုခြားသွားရတယ်
နံရံရဲ့ နောက်တော်ပါးဆီမှာ
အော်. . . ကလေးမရယ်
ငါတစ်ယောက်တည်း ရွာလို့ ။

တစ်လှမ်းခြင်း . . . တစ်လှမ်းခြင်း
ဝေးသွားလိုက်ပုံများ
အိပ်မက်တစ်ခုစာ ကွဲပြားသွားသလားထင်ရတယ်
မင်းရဲ့အစိမ်းရောင်ထီးလေးကို
အရွက်တွေဖြုတ်သိမ်းလိုက်ပါတော့ ။

ဘယ်တစ်ဖက်ညာတစ်ဖက်
သံလျက်တစ်စင်းစီဆွဲကိုင်ပြီး
မိုးတွေအတိပြီးတဲ့ ဒီညမှာ
ငါ့ကိုယ်ငါ အဆုံးစီရင်ခွင့် ပြုပါတော့ကွယ် . . .

နတ်သမီးရဲ့လက်ကိုဆွဲပြီး
စကြ၀ဠာအပြင်ဘက်ကို
လမ်းလျှောက်ထွက်လိုခဲ့တဲ့ လူမိုက်တစ်ယောက်
ဒီကနေ့ . . .
ဒူးထောက်လိုက်ပါပြီ ကလေးမရေ
အရွက်တွေကြွေကျလာတာမဟုတ်ဘူး စက္ကူမီးအိမ်
အပင်တစ်ပင်လုံးခုတ်လှဲခံလိုက်ရတာပါ
ငါ့မှာ မနက်ဖြန်အတွက်
ပွင့်စရာတောင်မကျန်တော့ဘူး။

အပေါက်ဝကိုရောက်မှ
တံခါးမခေါက်ပဲပြန်လှည့်
ငါ. . . “အ” ခဲ့မိတယ် နှင်းဆီဝါရေ။

“ညှို့” နေအောင်“မှိုင်း”တဲ့လမ်းပေါ်မှာ
“လက်”တွေထဲ “အိတ်”ကိုထည့်ပြီးလျှောက်
လကွယ်ညတွေကို
“ကြောက်တယ်”

“လွမ်းတယ်ကွယ်. . .လွမ်းတယ်”
ဒီသွေးစက်တွေ မတိတ်မချင်းပဲ
အသည်းကွဲနေရဦးမယ်။

“၁၃” ညမြောက်အိပ်မက်
ဆောင်းမီးအလင်းနဲ့
ဖမ်းငင်နှောင်ချုပ်
ပိုးဖလံတစ်အုပ် တဖြုတ်ဖြုတ်ကျရှုံးသွားရဲ့။

အဲဒီမိုးတစ်ပြိုက်နဲ့
အကုန်စိုပစ်လိုက်တော့
တို့တွေ…
ယဉ်ယဉ်ကျေးကျေး
“ဝေး”လိုက်ကြစို့နှင်းဆီဝါရယ်။

အလှပဆုံးပုံလေးတစ်ပုဒ်နဲ့
နင်ငါ့ကိုချော့သိပ်တယ်
တော်ပါတယ်
နင်. . . တော်ပါပေတယ်။

သော့မရှိတဲ့လှောင်အိမ်ကိုရိုက်ချိုး
မိုးတွေလည်းကျိုးတိုးကျဲတဲ
“ရွာတယ်”

ဟုတ်တယ် နှင်းဆီဝါရယ်
ကိုယ်က. . .
မိုးစက်ကို“ဒိုင်း” လိုကာပြီးမှ
“ရွာ” ရဲတဲ့ “လူအ” ပါ။

ရုပ်သေးတစ်ရုပ်က
“၀ရုန်းသုန်းကားပြောလာကြတယ်
ဂျစ်ပစီရင်ဘတ်ပေါ်က
တေလေမ
သေပြီ” တဲ့

အဲဒီဂျစ်ပစီလေးကလည်း
သူ့အလင်းတွေနဲ့သူပြန်ဆွဲကြိုးချ
ထောင့်မှန်ကျ “မှောင်” ပစ်လိုက်တယ်ကွယ်။
ရင်ထဲမှာ ကျန်ခဲ့တဲ့ဒဏ်ရာဆိုတာ
မပေါက်ကွဲနိုင်သေးတဲ့ မြေမြှုပ်မိုင်းတစ်လုံးပါပဲ
တငွေ့ငွေ့ တမြေ့မြေ့လောင်ကျွမ်း

တစ်သက်စာသိမ်းထားချင်လို့
“အချစ်” ရဲ့ပုံတူပန်းချီကို ဆွဲထားပါတယ်
အသည်းနှလုံးပါအောင် မဆွဲနိုင်တာကလွဲရင်
ကိုယ့်ရင်ဘတ်ထဲ “အချစ်” ကိုယ်တိုင်ရှိနေသလိုပါပဲကွယ်
ပုံတူပန်းချီကားလေး ဆွဲထားမိတယ်

လူသူအရောက်အပေါက်မရှိပါ
အဲဒီမှာ .... တေလေအိပ်မက်ဟာ
မှုန်မှုန်မွှားမွှားအရောင်များသာ
တဖျတ်ဖျတ်လက်.... လို့

ဝေသွား ... ၀ါးသွား ... ဝေးလို့ဝေးလို့သွား
အတိတ်ဟာ တိုးတိတ်သွား
အတိတ်က ကိုယ်တို့နှစ်ဦးကြား တိုးတိုးလေးတိတ်သွား
ဒီလိုမှန်းသိရင် ကိုယ်ဘာမှမသိချင်ခဲ့ပါဘူးကွယ် ....
တငွေ့ငွေ့ .... ရင်ထဲကျန်ခဲ့တဲ့ ဒဏ်ရာဟာ .....
-ဆုံမှတ်မျက်ဝန်း ...တွေရဲ.

သင်္ကေတစာကို ဖတ်ပြီး......

နင့်ရင်ထဲကို ငါ.....၀င်ကြည့် ချင်တယ်

ငါ့အတွက်တနေရာလေး ...ရှိနိုင်မလားလို့?

PLEASE, နင်ငါ့ကို ...ရင်ခုန်ခွင့်ပေးပါ..........

ငါနင့်ကို ချစ်ခွင့်မရှိ ....၇င်တောင်

ငေးကြည့်နေခွင့်ရှိ..နေရင်ငါ...........

ကျေနပ်ပါပြီ

ငါ........ပျော်နေပါပြီ....

အတိတ်ယောင်ဆောင်ခြင်း

ဒဏ်ရာတွေထည့်သီထားတဲ့ကြိုးထဲမှာ

အမှောင်က အလျားလိုက်ဆန့်တန်း

ဒီလို . . . . ဖွာရရာ မှုန်မှိုင်းလွင့်ကျဲစိတ်နဲ့

ကိုယ့်ကိုယ်ကို အမဲလိုက်ထွက်မိတယ်

ဝေးလွင့်သီချင်းပါ

ပြန်မဆုံနိုင်အောင် ထွက်ခွာသွားတဲ့ခရီးပါ

တိုးတိတ်ညံ့သက်စွာ . . . .

သံသရာကို လက်ဖ၀ါးတစ်ဖက်တည်းနဲ့

ရပ်တန့်ပစ်လိုက်ချင်တယ်

“နှုတ်ဆက်ခြင်း” ဆိုတာ

နင့်သွေးကြောမျှင်မျှင်လေးထဲက အက္ခရာတစ်လုံး

ငါ့ဆီမှာ လာရောက်သေဆုံးသွားတာပါပဲ

မိုးတွေရွာသလို ကြယ်တွေလည်းရွာနေ

အခုအချိန်မှာ “နင်”ကလွဲရင်

ငါ . . . . ဘာမဆိုဖြစ်လိုက်ချင်ရဲ့

ကဝေမြူခိုး သံရိုင်းခေတ်ဆိုးများထဲ

ယိုင်ရွဲ့တည်မှီရင်း “နင်းချင်နင်းသွားလေ” လို့

ကျောခင်းပေးမိတယ်

ငါ မပျင်းရိပါဘူးကွယ်

တကယ်တော့ နင်ဟာ . . . .

တေလေမီးတစ်စပါ

နင့်လက်သည်းအရှည်တွေလိုပဲ

နင်ဟာ . . . . ချွန်ချွန်ရှရှ လှပလို့

ငါ့အသွေးအသားကိုပါ ထိုးသုတ်ချီယူပြီး . . . .

ဒါဟာ ပင်လယ်ဖြစ်ချင်ခဲ့တဲ့ကောင်

တိမ်ခိုးတိမ်ငွေ့ငတ်ခဲ့ရသလိုမျိုး

ဘယ်ကိုမှမစီးဆင်းဘဲ ရပ်တန့်ခဲ့ရသလိုမျိုးပေါ့

ဆိုးလိုက်တာကောင်မလေးရယ် . . . .

အခုထိလည်း နင့်မျက်နက်ဝန်းတွေက

လောကမာယာထက် “နာ”တယ်ထင်နေတုန်း

ဟောဒီညမှာပါပဲ . . . . .

“ဒဏ်ရာဆိုတာ စိတ်မှာအနက်ရှိုင်းဆုံးပွင့်လာတဲ့

ပန်းပွင့်ဖြစ်တယ်” လို့ ထပ်ခါတလဲလဲရွတ်ရင်း

တစ်ခါက နတ်သမီးထောင်ချောက်လေး

ငါနဲ့ ဝေးသွားခဲ့ဖူးတယ် ။
လထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာပန်းများ ကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာမြေကြီး ကျန်မည်နည်း။

ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာမျက်ရည် ကျန်မည်နည်း။

အမှောင်တစ်ဝက် လင်းတစ်ဝက်သည်
တစ်ရက်တစ်ခါ ကြုံမြဲသာတည့်
အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ တွေ့မြဲသာတည့်
ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
ချစ်သောမုန်းသော သစ်သောဟောင်းသော
ကောင်းသောဆိုးသော ညှိုးသောလန်းသော
ကြမ်းသောနုသော ပူသောအေးသော
စောကြောစိတ်ဖြာ မနေသာ။

လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရ မည်တကား ………..
ရင်ခုန်တာ နင်မသိပေမယ့်
နင်သိအောင်လည်း မပြောတော့ပါ...
ဝေဒနာ မမြင်မိသူအတွက်
မြင်မိအောင်လည်း မပြတော့ပါ...
ရင်ခုန်သံ မျက်နှာချင်း ဆိုင်ချင်သူမို့
ဗလာကျင်းတဲ့ (နင့်) နှလုံးသားမှာ
မုန်းပွားစရာ အချစ်လည်း မဖြည့်တော့ပါ...
လိုအင်ကို အစိမ်းချုပ်
သိမ်းထုတ်လို့ လုံခြုံစွာ
ဆန္ဒကို ရေမှာမျှော
နင်သောသော ရယ်ဖို့ပါ...
နင်မသိ မမြင်မိပေမဲ့
အစဉ်ရှိ အချစ်တေးတို့
သခင်ဝေးတဲ့ ငါ့ရင်မှာ
ဒဏ်ရာတွေ နင်မရအောင်
ခရေ အသွင်နဲ့
မြေပြင်မှာ ဖြန့်ကာကြဲလိုက်မယ်...
နှလုံးသားကို လမ်းခင်း
ချစ်သူနင်းလို့ လျှောက်စမ်းလေ...
သြော်...
နှလုံးသားကို လမ်းခင်း
ချစ်သူ နင်းလို့ လျှောက်စမ်းလေ....။

အချစ်ဆုံးကို နားလည်ပါ

ခင်ပွန်း
တစ်ခါတလေမှာ သူဟာ ကလေးဆိုးကြီးနဲ့ တူတတ်တယ်။
ရုံးဝတ်စုံကို ချွတ်ပြီးနောက် သူ့ပုံစံကို တစ်မျိုးပြောင်းခွင့်ပေးလိုက်ပါ။
သွားတိုက်ဆေးဗူးကို လုံအောင်မပိတ်တတ်တဲ့ သူ့ကို ဗွေမယူပါနဲ့။
သွယ်ဝိုက်ပြီး အကြိမ်ကြိမ် သတိပေးမှ ကိုယ့်မွေးနေ့ကို မှတ်မိတတ်တဲ့သူ့ကို ခွင့်လွတ်နားလည်ပေးပါ။
တကယ်တော့... သန်မာထွားကြိုင်းတဲ့ သူ့ခန္ဓာအောက်က အသဲနှလုံးတစ်စုံဟာ
ကိုယ့်ဆီက ခွင့်လွတ်နားလည်မှု နည်းနည်းနဲ့ ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေပါတယ်။

ဇနီး
သူ့ဆီမှာ ကိုယ်တောင်းဆိုတဲ့အရာတွေက ကိုယ့်မိခင်ဆီ ကိုယ်တောင်းဆိုတဲ့အရာလို သဘာဝကျပါသလား?
တစ်ခြားကဏ္ဍကနေ ပါဝင်ကြည့်ပါ။
တစ်ခါတလေ ကလေးနို့ပုလင်းကို ကိုင်ကြည့်ပါ။
တစ်ခါတလေ မီးဖိုချောင်ဝင်ကြည့်ပါ။
လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားအပြင် ဂရုစိုက်မှု၊ နားလည်မှုနဲ့
ချိုမြိန်တဲ့ စကားတွေ သူ့ကိုနည်းနည်း ပိုပေးလိုက်ပါ။

သားသမီး
သေးငယ်တဲ့ သူ့ရဲ့လက်တွေ နောင်တစ်ချိန်မှာ ဘယ်လိုလက်ဖဝါးကြီးမျိုး ဖြစ်နိုင်မလဲ?
ရီပို့ကတ်ပေါ်က အမှတ်တွေကို သူ့ဆီက ကိုယ်တောင်းဆိုသလို ပတ်ဝန်းကျင်၊ သဘာဝတရားတွေကို သူခံစားတတ်အောင် သင်ပေးပါ။
စိတ်ဓာတ်တွေ သန်မာကြံ့ခိုင်အောင် သင်ပေးသလို နူးညံ့ပျော့ပျောင်းတဲ့ နှသားသားတစ်စုံ ရှိသင့်ကြောင်းလည်း ပြောပြပါ။
သူကြီးပြင်းရာ လမ်းတစ်လျှောက်မှာ လမ်းညွှန်ဆုံးမသူအဖြစ် အဖော်ပြုပေးပါ။

မိဘ
အချိန်မီသေးတဲ့အချိန်မှာ တန်ဖိုးထားပါ။
ကိုယ့်သားသမီးတွေရဲ့ ငိုသံက ကိုယ့်မိဘတွေရဲ့ သက်ပြင်းချသံထက် ပိုကြင်နာမှုရခဲ့ပါတယ်။
သားသမီးတွေ ကျောင်းလွတ်တဲ့အချိန်ကို ကိုယ်မမေ့ပေမယ့်
ကိုယ်အိမ်ပြန်ချိန်ကို မျှော်နေတတ်တဲ့ မိဘတွေရဲ့ ဂရုစိုက်မှုကိုတော့ ကိုယ်လျှစ်လျှူရှူမိတတ်တယ်။
လောဘရမ္မက်ရဲ့ တောင်းဆိုမှုကို ဥစ္စာပစ္စည်းတွေက မဖြည့်တင်းပေးနိုင်ပါဘူး။
အရေးကြီးတာက မိဘတွေကို ကိုယ့်ရဲ့အချိန်တွေ နည်းနည်းပိုပေးဖို့ပါပဲ။

မောင်နှမ
stand by me ကိုယ့်ဖက်မှာပဲ သူရှိနေခဲ့တယ်။
အဖေက အစ်ကို့ကို ပိုအလိုလိုက်တယ်လို့ ထင်ခဲ့တယ်။
အမေက ညီမလေးကို ပိုချစ်တယ်လို့ ထင်ခဲ့တယ်။
တကယ်တော့... လက်ဖဝါးချင်းပါပဲ၊ သွေးရင်းတွေပါပဲ
ကိုယ်လိုအပ်ချိန်မှာ သူတို့က ကိုယ်ဖက်မှာ ရှိနေခဲ့ပါတယ်။


ချစ်သူ
အချစ်က တစ်လမ်းသွားမဟုတ်ပါဘူး။ ရောင်ပြန်ဟပ်တတ်ပါတယ်။
ကိုယ်ပေးဆပ်သလောက် ပြန်ရတာပါပဲ။
စိတ်ဆိုးချိန်မှာ သူ(သူမ)ရဲ့ ကောင်းကွက်ကို ရှာကြည့်ပါ။
မကျေနပ်ချိန်မှာ သူ(သူမ)ရဲ့ အနစ်နာခံခဲ့တာကို သတိရပါ။
အေးစက်ချိန်မှာ သူ(သူမ)ရဲ့ နွေးထွေးမှုကို အမှတ်ရပါ။
ပေးဆပ်ခြင်းကို နှစ်ယောက်စလုံးနားလည်ခဲ့ရင် အချစ်က ထာဝရတည်တံ့ပါတယ်။
နှလုံးသားချင်းထပ်ပြီး နှစ်ယောက်အတူ ချစ်ဖို့ရာ မလွယ်ကူပါဘူး။
လမ်းခွဲတဲ့စကားကို လွယ်လွယ်ကူကူ မပြောလိုက်ပါနဲ့.....

အဝေးရောက်ချစ်သူများ အတွက်

ကိုယ့်ရဲ့ ချစ်သူလေးက - ကိုယ်နဲ့ အဝေးမှာ တစ်နေရာမှာ ရှိနေမယ်ဆိုရင် လူတိုင်း လိုလို ကိုယ့်ချစ်သူအပေါ်

စိတ်မချဖြစ်တတ်ကြမှာပါ။ သူက ကိုယ့်အပေါ် ဘယ်လာက်ပဲ ချစ်ပါတယ်၊ သစ္စာ ရှိပါတယ်ဆိုဦးတော့ ကံ ဆိုတာ ယုံရခက်

သားပဲ။ဒီတော့ ကိုယ့်ချစ်သူလေးက သူ့ အနားမှာ ကိုယ်အမြဲရှိသလို ခံစားနေစေဖို့ ကြိုးစားကြည့်ရ အောင်။

(၁) တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်မပြတ်ရှိနေဖို့ က အချစ်တွေ ခိုင်မြဲ ဖို့ အတွက် အရေးကြီးတယ်

ဆိုတာကို မမေ့ပါနဲ။ သူ့ ကို ကိုယ်အမြဲ သတိရနေကြောင်းသူသိစေဖို့  ဖုန်း ခဏ ခဏဆက်တာ၊ အီးမေးလ်

မှန်မှန် ပို့  ပေးတာနဲ့သက်သေ ပြနိုင်ပါတယ်

(၂) လက်ရှိဖြစ်ပျက်နေတဲ့ ကိုယ့်အကြောင်း ၊ သူ့ အကြောင်းတွေကို အပြန်အလှန်ပြောရင်း နားလည်မှု့ ကို

တည်ဆောက်ပါ၊

(၃) နှစ်ဦးစလုံးအတွက် အမှတ်တရ ဖြစ်ခဲ့တဲ့ နေ့ တွေမှာ သူ့ အတွက် လက်ဆောင် ပစ္စည်း ၊ ကတ်နဲ့  အီးမေးလ် ကနေ

ဆုတောင်းစာတွေကို မမေ့မလျော့ ပို့ ပေးပါ၊

(၄) ကိုယ့်အပေါ် သူက ဂရုစိုက်တဲ့ အခါမျိုးမှာ သူ့ ရဲ့ ကြင်နာမှု့ တွေကို အသိအမှတ်ပြုတာကိုလည်း သူသိအောင်

ပြောသင့်ပါတယ်၊ ဒါဟာ ကိုယ်နဲ့ ပတ်သက်လို့ သူ့ ရဲ့ ယုံကြည်မှု့  ပိုမို ရရှိစေပါတယ်၊

(၅) ချစ်သူကို ကိုယ်စိတ်ကောက်နေတယ်ဆိုတာပြဖို့ အဆက်အသွယ်မလုပ်ပဲ နေတာမျိုး လုပ်တတ်ကြပါတယ်၊

ဒါသူ့ ဂရုစိုက်မှု့ 

ကိုပိုမရဘဲ ပိုလို့ တောင်ဝေးကွာသွားစေတတ်တာမို့  စိတ်ကောက်တာတွေလည်း လျှော့ပေါ့။

(၆) နှစ်ယောက်သား တွေ့ ဆုံတုန်းမှာ ရောက်တတ်ရာရာ ပြောရင်းအချိန်မဖြုန်းပဲ ဘ၀ရှေ့ ရေးကို ဆွေးနွေးလို့ လေးနက်တဲ့

ချစ်ခြင်းကို တည်ဆောက်ပါ။

(၇) ချစ်သူကို ချစ်တယ်လို ခဏ ခဏ ပြောရင် ကြားပါများလို့  ရိုးသွားမျာစိုးတယ်လို့ သင်ထင်နေတယ်ဆိုရင်တော့မှား

နေပါပြီ။ ဘယ်သူကမှ ကိုယ့်ချစ်သူက ကိုယ့်ကိုယ် ချစ်တယ်ပြောတာကို ရိုးမသွား တတ်ပါဘူး။ ဝေးနေရင်ပိုလို့  တောင်

ကြားချင်ကြမှာပါ။

မိန်းမများကို အန်စေသော ယောကျာ်းများ

၁. ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတတ်သော ယောက်ျား
၂. ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်သော ယောက်ျား
၃. ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေသော ယောက်ျား
၎. ရေမချိုးဘဲ အနံ့ပြင်းသော ယောက်ျား
၅. နှာခေါင်းထဲက အမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေသော ယောက်ျား
၆. လေကြီးပြီး ကြွားဝါတတ်သော ယောက်ျား
၇. မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ထင်နေသော ယောက်ျား
၈. အရာရာတွင် တွန့်တိုတတ်ပြီး အထူးသဖြင့် မိန်းကလေးနှင့်အပြိုင်
တွန့်တိုတတ်သော ယောက်ျား
၉. အာပုပ်စော်နံသော ယောက်ျား
၁၀. ငွေကြေးအားကိုးပြီး မြက်နုကြိုက်သော နွားအို…အဲလေ..ယောက်ျား
၁၁. လက်ရဲ ဇက်ရဲ တဏှာယောက်ျား
၁၂. မိန်းကလေးနှင့် တခါချိန်းတွေ့ပြီး ဟိုလိုလို ဒီလိုလို ထင်အောင်
ပြောတတ်သော ယောက်ျား
၁၃. ချက်အောက်ပိုင်း အရာများဖြင့် အမြဲဟာသ လုပ်ပြောတတ်သော ယောက်ျား
၁၄. မိန်းကလေးအထာ ငါနှပ်တယ်ဟု အမြဲပြောတတ်သော ယောက်ျား
၁၅. ကြမ်းတမ်းသော ယောက်ျား။ အထူးသဖြင့် ပါးစပ်ပြောရင် လက်ပါ ပါတတ်သော ယောက်ျား
၁၆. ရုပ်ကိုချစ်တာ မဟုတ်ဘူး.. စိတ်ထားကို ချစ်တာဟု မိန်းကလေးတိုင်းကို
ပြောတတ်သော ယောက်ျား
၁၇. အိုင်တွေ့တိုင်း ခြေဆေးတတ်သော ယောက်ျား
၁၈. ဘာမဆို ငါသိတယ် တတ်တယ်ဟု ထင်နေသော ယောက်ျား
၁၉. စကားပြောပြီးနောက် နုတ်ခမ်းဘေးတွင် တံထွေးမြုပ်များ ကပ်ကျန်ခဲ့တတ်သော ယောက်ျား
၂၀. သားသမီးများက တစ်ခုခုမေးလျှင် “နင်တို့အမေကို သွားမေး” ဟု ပြောတတ်သော ယောက်ျား
၂၁. ဆေးလိပ်သောက် ကွမ်းစားပြီး သွားများ မည်းညစ်နေသော ယောက်ျား
၂၂. မိန်းမ၏ စေညွှန်ရာတွင် ကနေရသော ယောက်ျား
၂၃. နိုက်ကလပ် မသွားဖူးဘူးဟု ပြောတတ်သော ယောက်ျား
၂၄. စကားတစ်ခွန်းကို ကွေ့ကောက်လိမ်ပတ်ပြီး သုံးခွန်းဖြစ်အောင် ပြောတတ်သော ယောက်ျား
၂၅. ပိုက်ဆံရှိသော မိန်းကလေးများကိုသာ ရွေးချစ်တတ်သော ယောက်ျား
၂၆. မီးဝါကို ဖြတ်မမောင်းဘဲ ကိုယ့်ကို စည်းကမ်းသေ၀ပ်သူဟု ထင်သော ယောက်ျား
၂၇. မိန်းမဆန်ဆန် ၀တ်စားတတ်သော ယောက်ျား
၂၈. အ၀တ်အစားကို တင်းကျပ်နေအောင် ၀တ်တတ်သော ယောက်ျား
၂၉. ရှိသမျှလက်ချောင်းတွင် ရွေလက်စွပ်များ စွပ်ထားတတ်သော ယောက်ျား
၃၀. အင်္ကျီကြယ်သီး သုံးလုံးအထက်ကို မတပ်ဘဲ ကိုယ့်ကို ဆက်စီလုပ်ချင်သော ယောက်ျား
၃၁. အထက်လူကြီးကို ဖားပြီး အိမ်ပြန်ရောက်လျှင် မိန်းမကို ရန်ရှာတတ်သော ယောက်ျား
၃၂. ချိန်းတွေ့တိုင်း မိန်းကလေးများကို အကုန်အကျခံစေသော ယောက်ျား

ပျော်ရွှင်နေပါ

၁) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေ သူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။

၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။

၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။

၎) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

၅) ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။

၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။ သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာ မဟုတ်ဘူး။

၇) အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူ၊ အခွင့်အရေးကို စောင့်မျှော်သူဟာ တုံးအသူ

၈) သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။ ကိုယ့်အယူအဆကို ထုတ်ပြောဖို့ မလောပါနဲ့။

၉) ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ?
ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ ထည့်ရမှာလဲ?

၁ဝ) ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ ကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။

၁၁) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ်၊ ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့လူ လောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

၁၂) လောကမှာ ဘယ်တော့မှ သွားပုပ်လေလွင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်း အချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊ ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲ ဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ အပြောမခံရတဲ့လူဆိုတာ မရှိဘူး။

၁၃) ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွင့် သတင်းတွေအတွက် အကောင်းဆုံး အဖြေဖြစ်တယ်။

၁၄) လူတွေက ကိုယ့်ကိုကြောက်တယ် ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။ လူတွေက ကိုယ့်ကိုနှိမ်တယ် ဒါ ရှက်စရာမဟုတ်ဘူး။

၁၅) တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။ ကိုယ့်က တစ်ခြားသူရဲ့ စကားကိုယူပြီး ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာ။ ဘယ်လိုလုပ်မလဲ ?

ကွန်ပျူတာ HardWare အခြေခံ သဘောတရားများ

ကျွန်တော် အခုဆွေးနွေးမည့် ကွန်ပျူတာ Hardware အခြေခံသဘောတရားများ အကြောင်း အရာများသည် Kursk မြို့တွင် ပညာသင်ကြားနေသော မြန်မာကျောင်းသားများ မိမိဘာသာကွန်ပျူတာ ပစ္စည်း အစိတ်အပိုင်းများကို တစ်ခုချင်း ၀ယ်ယူ၍ လိုက်လျောညီမျှစွာ တပ်ဆင်တတ်အောင် ဆွေးနွေးသော အပိုင်းများဖြစ်ပါသည်။ Hardware သဘောတရားများ အားလုံးမဟုတ်ပါ၍ သိရှိလိုပါက Hardware (A+) အကြောင်းရှင်းပြထားသော စာအုပ်များစွာရှိပါတယ်၊ မိမိကိုယ်တိုင် လေ့လာဖတ်ရူ့ နိုင်ပါသည်။

ကွန်ပျူတာအမျိုးအစားများ
ကွန်ပျူတာရဲ့ စွမ်းဆောင်နိုင်တဲ့ အမြန်နှုန်းနဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ terminal အရေအတွက်အပေါ် မူတည်ပြီး အကြမ်းအားဖြင့် (၄) မျိုးခွဲခြားထားပါတယ်။
1. Super Computer - အလွန်မြင့်မားတဲ့ စွမ်းဆောင်နိုင်မှုရှိပါတယ်။ Super Computer တွေကို သိပ္ပံဆိုင်ရာ လုပ်ငန်းတွေဖြစ်တဲ့ ရာသီဥတုခန့်မှန်းခြင်း၊ ဆေးသုတေသနပြုလုပ်ခြင်း စတဲ့လုပ်ငန်းတွေမှာ အသုံးပြုပါတယ်။
2. Mainframe Computer - Mainframe Computer ကို အဖွဲ့အစည်းကြီးတွေမှာ data တွေကို ဗဟိုတွက်ချက်မှု ပြုလုပ်ပေးဖို့အတွက် အသုံးပြုပါတယ်။ ဘဏ်၊ လေကြောင်းလိုင်း၊ အာမခံလုပ်ငန်း၊ စာပို့လုပ်ငန်း၊ တက္ကသိုလ် နဲ့ အကောက်ခွန်လုပ်ငန်းတွေမှာ အသုံးပြုပါတယ်။
3. Mini Computer - Mainframe Computer ထက် ချိတ်ဆက်နိုင်တဲ့ terminal အရေအတွက်နဲ့ စွမ်းဆောင်နိုင်မှု နည်းပါးပါတယ်။ ကွန်ပျူတာနဲ့ တွက်ချက်လုပ်ဆောင်ရတဲ့ လုပ်ငန်းနယ်ပယ်အသီးသီမှာ အသုံးပြုပါတယ်။
4. Micro Computer (Personal Computer PC) - သူတို့ကိုတော့ Network တစ်ခုဆီကိုချိတ်ဆက်ပြီး terminal အဖြစ်သုံးခြင်းဖြင့် Personal Computer နဲ့ Workstation အဖြစ်အသုံးပြုပါတယ်။ Micro Computer တွေကို အိမ်၊ ကျောင်း၊ ရုံးနဲ့ စီးပွားရေးအဖွဲ့အစည်းတွေမှာ ကျယ်ပြန်စွာအသုံးပြုပါတယ်။ အများအားဖြင့်တော့ တစ်ဦးချင်းသုံးရတဲ့စနစ်ဖြစ်ပါတယ်။ Personal Computer တွေကို အရွယ်အစား ပမာဏအပေါ်မူတည်ပြီးတော့ အမျိုးအစားထပ်ခွဲထားပါသေးတယ်။
(1) Desktops
(2) Laptops
(3) Notebooks
(4) Pocket PC or Hand Held PC
(5) Palmtops ( Screen ပေါ်တွင် pen ဖြင့်ရေးသား၍ data များကို ထည့်သွင်းနိုင်သည်။)
ကျွန်တော်တို့ အများဆုံးအသုံးပြုနေကြတာကတော့ Micro Computer တွေထဲက အမျိုးအစားတွေ ဖြစ်ပါတယ်။ အများအားဖြင့်တော့ Desktop တွေပဲ အသုံးပြုကြတာများပါတယ်။ PC Computer များကို တပ်ဆင် အသုံးပြုရာတွင် (၂) မျိုးခွဲ၍ ခေါ်ဆိုနိုင်ပါတယ်။ Branded Compter နဲ့ Clone Computer ဆိုပြီး ခေါ်ဆိုကြပါတယ်။
Branded Computer တွေမှာ Monitor ၊ System Unit ၊ Keyboard ၊ Mouse စသည့် ပစ္စည်းတိုင်းမှာ ၄င်းတို့ရဲ့ Company အမှတ်တံဆိပ် တပ်ထားတာဖြစ်ပါတယ်။ Branded Computer များဟာ ၄င်းတို့ Computer မှာ ပါဝင်တဲ့ အစိတ်အပိုင်း အားလုံးကို ၄င်းတို့ Company က ထုတ်လုပ်တာ မဟုတ်ဘဲ Clone Computer တွေအတိုင်း အခြား Company တွေက ထုတ်လုပ်တာပဲ ဖြစ်ပါတယ်။ သို့သော် ၄င်းတို့ သုံးစွဲသော ပစ္စည်းတိုင်းပေါ်တွင် ၄င်းတို့၏ Branded တံဆိပ် ထပ်မံတပ်ထားခြင်းဖြင့် အရည်အသွေး ပိုမိုကောင်းမွန်ကြောင်းကို သိသာစေပါတယ်။ Branded ပစ္စည်းတိုင်းဟာ Clone တွေထက် ပိုကောင်းပြီး၊ အသစ်ဆိုရင် ဈေးနှုန်းနှစ်ဆနီးပါး ပိုကြီးပါတယ်။ထင်ရှားတဲ့ Branded Computer တွေကတော့ Compaq, HP, Toshiba, Epson, Zenith, Ast, Dell တို့ဖြစ်ကြပါတယ်။ Compaq ကတော့ နာမည် အကြီးဆုံးနဲ့ လူကြိုက်အများဆုံးပါ။
Clone Computer တွေကတော့ Branded Computer တွေလို သီးခြားတံဆိပ် တပ်ဆင်ထားခြင်းမရှိဘဲ အဆင် ပြေသလို ပေါင်းစပ်တပ်ဆင်ထားတဲ့ Computer တွေကို ခေါ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ အခုအများဆုံး အသုံးပြုနေတာ Clone Computer တွေပါ။
ကဲ ဒါဆိုရင် ၀ယ်ယူဖို့ ရွေးချယ်ရင် ဘယ်ကွန်ပျူတာမျိုးကို ရွေးမလဲ။ အသစ်ဝယ်ယူဖို့ ဆိုရင်တော့ ဈေးနှုန်းတစ်ဝက် သက်သာသွားတဲ့အတွက် ကျွန်တော်ကတော့ Clone Computer ကိုပဲသဘောကြတယ်။ အကောင်းဆုံး၊ အမြန်ဆုံး၊ အမာဆုံး ပစ္စည်းတွေကိုသာ တပ်ဆင်လိုက်မယ် ဆိုရင် Branded Computer တွေလိုပဲ သုံးလို့ကောင်းပါတယ်။ ဈေးလည်းသက်သာ ၊ ပစ္စည်းတစ်ခုခု ပျက်ရင်လည်း ပြင်ရတာ လွယ်တယ်။ သူများဆီက တစ်လက်ကျ (Second hand) ကွန်ပျူတာတွေကို ၀ယ်မယ်ဆိုရင်တော့ Branded Computer တွေကို ပိုပြီးသဘောကျပါတယ်။ ဘာလို့လည်းဆိုတော့ ဈေးနှုန်းသက်သာသွား လို့ပါဘဲ။ ဒါပေမယ့် Branded Computer ပဲဖြစ်ဖြစ် Clone Computer ပဲဖြစ်ဖြစ် ကွန်ပျူတာတစ်လုံး ဖွဲ့စည်းထားပုံနဲ့၊ အခြေခံ အလုပ်လုပ်ပုံခြင်းကတော့ အတူတူပါပဲ။

ကွန်ပျူတာတစ်လုံးတွင် အခြေခံအားဖြင့် အောက်ပါ အစိတ်အပိုင်းများ ပါဝင်ပါသည် ။
(1) Processor or Central Processing Unit (CPU)
(2) Motherboard (Main Board)
(3) Memory
(4) Hard Disk
(5) VGA Card
(6) CD/DVD Drive (R/RW)
(7) Keyboard
(8) Mouse
(9) Casing
(10) Monitor တို့ပါဝင်ပါသည် ။
အထက်ပါ အချက်အလက်များအပြင် ပိုမိုကောင်းမွန်စွာအသုံးပြုလိုပါက (ပိုက်ဆံတက်နိုင်လျှင်) Video ရုပ်ပုံထွက်များ ကောင်းမွန်စေရန် VGA card များ၊ အသံပိုင်းဆိုင်ရာလုပ်ငန်းများအတွက် အသုံးပြုလိုပါက Sound card များ အစရှိသဖြင့် အခြားသော ဖျော်ဖြေရေးဆိုင်ရာ ပစ္စည်းများကိုလည်း motherboard ပေါ်ရှိ သက်ဆိုင်ရာ slot တို့တွင် ထပ်မံတပ်ဆင် အသုံးပြုနိုင်ပါသည်။

CPU ကို ကွန်ပျူတာ၏ ဦးနှောက်လို့တင်စားခေါ်ဝေါ်လေ့ရှိပြီး motherboard ပေါ်တွင်တိုက်ရိုက် တပ်ဆင် အသုံးပြုရသည့် အကြီးမားဆုံး Chip တစ်ခုဖြစ်တယ်။ ၄င်းကို transistor သန်းပေါင်းများစွာနဲ့ ပြုလုပ်ထားတယ်။ CPU ဟာ ကွန်ပျူတာတစ်လုံးရဲ့ အဓိကမောင်းနှင်ပေးတဲ့ Unit တစ်ခုဖြစ်ပါတယ်။ ကွန်ပျူတာတစ်ခုလုံးကို သူက အဓိကထိန်းချူပ်ပေးပြီး၊ ခိုင်းစေချက်အားလုံး ကိုလည်း သူကပဲ တွက်ချက်ပေးပါတယ်။ CPU မြန်ရင်မြန်သလို ကွန်ပျူတာတစ်လုံးရဲ့ လုပ်ဆောင်မှု လည်း မြန်ဆန်လာပါတယ်။ CPU ကို Brain of computer လို့လည်းခေါ်သလို၊ Heart of computer လို့လည်းခေါ်ပါတယ်။ CPU အကြောင်းပြောမယ်ဆိုရင် Model နဲ့ Speed ကို တွဲပြောလေ့ရှိပါတယ်။ ဥပမာ- Core 2 Duo E6850/ 3.00 GHz ၊ Pentium D/ 2.80 GHz ၊ Pentium E2200/ 2.20 GHz ၊ Pentium Dual-Core E5400/ 2.70 GHz တို့ဖြစ်ပါတယ်။ Core 2 Duo E6850 က Model ဖြစ်ပြီး၊ 3.00 GHz က Speed ဖြစ်ပါတယ်။ CPU က Core 2 Duo ဆိုရင် ကွန်ပျူတာဟာလည်း Core 2 Duo ကွန်ပျူတာလို့လည်း ခေါ်နိုင်ပါတယ်။ ဒါကြောင့် CPU အမျိုးအစားက ကွန်ပျူတာအမျိုးအစားလို့ ဆိုနိုင်ပါတယ်။ ကွန်ပျူတာအမျိုးအစားကို သိချင်ပြီဆိုရင် Motherboard ပေါ်က CPU ကိုရှာကြည့် ရမှာဖြစ်ပါတယ်။
Processor များတွင် Internal Speed နှင့် External Speed ဟူ၍ နှစ်မျိုးရှိပါတယ်။ CPU Speed ကို ပြောတဲ့နေရာမှာ Internal Speed ကို အဓိကထားပြောဆိုကြပါတယ်။ ဥပမာ- Core 2 Duo E6850/ 3.00 GHz မှာ 3.00 GHz က Internal Speed ကိုပြောခြင်းဖြစ်ပါတယ်။ ၄င်း၏ External Speed မှာ 1333 MHz ဖြစ်ပါတယ်။ Internal Speed မှာ အလုပ်လုပ်ဆောင်နိုင်တဲ့ အမြန် နှုန်းဖြစ်ပြီး၊ External Speed မှာ Processor ထက် လုပ်ဆောင်နိုင်မှုနှေးကွေးတဲ့ Memory မှအချက် အလက်များကို လုပ်ဆောင်ရာတွင် အသုံးပြုခြင်းဖြစ်ပါတယ်။ External Speed ကို Front Side Bus (FSB) ဟုလည်း လူသိများပါတယ်။ ဥပမာ- Core 2 Duo E6850/ 3.00 GHz ၏ FSB မှာ 1333 MHz ဖြစ်ပါတယ်။

၂) Motherboard

Motherboard ဆိုတာ ကွန်ပျူတာထဲမှာ အကြီးမားဆုံး circuit board တစ်ခုဖြစ်သလို အဓိက အရေးကြီးဆုံးသော ကွန်ပျူတာအစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကွန်ပျူတာ အစိတ်အပိုင်းအားလုံးတို့သည် Motherboard ပေါ်တွင် တိုက်ရိုက်ဖြစ်စေ cable များမှတဆင့်ဖြစ်စေ တပ်ဆင်အသုံးပြုရပါသည် ။
ဆိုရရင် CPU များ၊ RAM များ၊ VGA card များသည် motherboard ပေါ်တွင် တိုက်ရိုက်တပ်ဆင်အသုံးပြုရသော device များဖြစ်ကြပြီး hard drive၊ floppy drive (Card Reader)၊ CD Drive များသည် cable များဖြင့် motherboard သို့ချိတ်ဆက်အသုံးပြုရသော device များပဲဖြစ်ပါတယ်။ ထို device များအားလုံးတို့သည် တစ်ခုနှင့်တစ်ခု motherboard ပေါ်မှတဆင့် အပြန်အလှန် ဆက်သွယ်ကြရပါသည်။
ဒါကြောင့် Motherboard သည် ကွန်ပျူတာ system တစ်ခုလုံး၏ အဓိကဆက်သွယ်ရေး လမ်းကြောင်းဖြစ်ပြီး ယခုကဲ့သို့ ကွန်ပျူတာအစိတ်အပိုင်းများ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် motherboard ပေါ်ရှိ Bus များကို အသုံးပြုကြရပါတယ်။
ကွန်ပျူတာတစ်လုံးတွင်ရှိသော အစိတ်အပိုင်းအသီးသီး ( ဥပမာ - processor၊ memory နှင့် expansion card များ ) တို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်သွယ် ဆောင်ရွက်နိုင်ရန် အတွက် motherboard ပေါ်ရှိ Bus များကို အသုံးပြု ကြရပါတယ်။ Bus များဆိုတာကတော့ အနည်းဆုံးနှစ်ခု (သို့) နှစ်ခုထက်ပိုသော ကွန်ပျူတာ component တို့ကို သွယ်တန်း ချိတ်ဆက်ထား သော motherboard ပေါ်ရှိ ၀ါယာအစုအဝေးများပဲဖြစ်ပါတယ်။ motherboard ပေါ်ကြည့်လိုက်မယ် ဆိုရင်ထို Bus လမ်းကြောင်းများကို ပကတိမျက်စိဖြင့်ပင် မြင်တွေ့နိုင်ကြပါလိမ့်မယ်။ Personal Computer တစ်လုံးမှာ အောက်ပါ Bus အမျိုးအစားတွေ ပါဝင်ပါတယ်-
1. Processor Bus
2. Address Bus
3. Memory Bus
4. I/O Bus
အဲဒီ့ အထဲမှာ Processor Bus နဲ့ I/O Bus တို့ဟာ အဓိက အကျဆုံးလို့ဆိုထားပါတယ်။ Processor Bus ကို Front Side Bus (FSB) လို့လည်း ခေါ်ပါတယ်။ External Bus လို့လည်း ခေါ်ကြပါတယ်။ Front Side Bus Speed ကို Motherboard Speed လို့လည်းခေါ်ပါတယ်။ အများအားဖြင့် Bus Speed လို့ခေါ်ကြပါတယ်။ CPU Speed သည် CPU Internal Clock Speed ကိုဆိုလိုပြီး၊ CPU မဟုတ်သော ကျန်အစိတ်အပိုင်းများသည် CPU လို အမြန်နှုန်းနှင့် လုပ်ဆောင် နိုင်ခြင်းမရှိပေ။ CPU နဲ့ ကျန်ပစ္စည်းများ(MCH) တို့ကြားတွင် Data အပို့အယူလုပ်တာကြောင့် External Clock Speed ဟုလည်း ခေါ်နိုင်ပါတယ်။ CPU Speed သည် Bus Speed ထက် အဆများစွာမြန်ပါတယ်။ CPU Speed က Bus Speed ထက်မြန်သောအဆများကို Multiplier မြှောက်ဖော်ကိန်းဟုခေါ်ပါတယ်။
486DX မတိုင်မီက ထွက်သော Motherboard များတွင် CPU Speed နဲ့ Bus Speed တူညီတာများပါတယ်။ 486DX2-66 MHz တွင်မူ CPU Speed သည် Bus Speed ထက် (၂)ဆ မြန်သောနှုန်းနဲ့ စတင်လုပ်ဆောင်ခဲ့ကြပါတယ်။ DX နောက်မှ 2 သည် Bus Speed (၂) ဆရှိခြင်းကို ဆိုလိုပါတယ်။ ဒါကြောင့် Bus Speed သည် 33 MHz သာရှိပါတယ်။ ထိုကဲ့သို့ CPU Speed က Motherboard Speed ထက် (၂) ဆများနေခြင်းကို Clock Doubler ဟုခေါ်ပါတယ်။
ကွန်ပျူတာဝယ်ယူရာတွင် Motherboard ရွေးချယ်မှုသည် အလွန်အရေးကြီး သည်။ Motherboard ဟာ System Unit မှာ အရေးကြီးဆုံးဖြစ်သလို အလုပ်အများဆုံးလုပ်ရတဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် Motherboard ကို အခြေခံပြီး ကျန်တဲ့ Device တွေကို ရွေးချယ်တပ်ဆင်ရတာဖြစ်ပါတယ်။ 3D Graphic Card များတပ်ဆင်စရာ မလိုဘဲ Motherboard တွင် On Board အဖြစ် တပေါင်းတည်း တပ်ဆင်ပေးလိုက်သော Motherboard များမှာ ဈေးနှုန်းချိုသာ သည်။ 3D Graphic Card ထပ်မံစိုက်ရသော Motherboard များမှာ သုံးစွဲလိုသူ၏ ဆန္ဒအလျောက် Memory သီးသန့်ပါဝင်သော Graphic Card များကို ရွေးချယ်တပ်ဆင် နိုင်သည်။
VGA On Board များမှာ Total System Memory မှမျှဝေ သုံးစွဲသဖြင့် အမှန်တကယ် သုံးစွဲနိုင်သော Memory မှာ လျော့နည်းလေ့ ရှိသည်။ Motherboard တွင် ပါဝင်သော Chipset သည် Intel Chipset လား၊ VIA Chipset လား၊ Chipset ပေါ်မူတည်၍သော်လည်းကောင်း ဈေးနှုန်း ကွာခြားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် Motherboard ထုတ်တဲ့ အချို့ကုမ္ပဏီများသည် Motherboard ပေါ်တွင်ထည့်သွင်းတည်ဆောက်ထားသော Chipset များသည် ၄င်းတို့ကုမ္ပဏီများမှ ထုတ်လုပ်ထားခြင်းမဟုတ်ဘဲ အခြားကုမ္ပဏီများမှထုတ်လုပ်ထားသော Chipset များကို ၀ယ်ယူ တပ်ဆင်ထားခြင်းဖြစ်၍ Chipset အမျိုးအစားလိုက်၍ ဈေးနှုန်းကွဲပြားခြင်း ဖြစ်ပါတယ်။ သုံးစွဲလိုသူမှ Motherboard ထုတ်လုပ်တဲ့ ကုမ္ပဏီအချို့ဖြစ်သည့် Gigabyte၊ ASUS၊ Intel၊ ABIT၊ MSI၊ Albatron ကုမ္ပဏီထုတ် Motherboard များမှ ရွေးချယ်ဝယ်ယူနိုင်သလို ၊ တပ်ဆင်မည့် CPU နှင့် လိုက်ဖက်မည့် Motherboard ရွေးချယ်တတ်ဆင်ရန် လိုအပ်ပါသည်။
Motherboard တစ်ခုရဲ့ Form Factor ဆိုတာကတော့ ထို Motherboard ရဲ့ အရွယ်အစားနှင့် ပုံသဏ္ဌန်၊ ပါရှိသော connector များ၊ motherboard ကိုတပ်ဆင်ရန်အတွက် screw အပေါက်တို့ရဲ့ တည်ရှိပုံအနေအထားနှင့် ဘယ် form factor ရှိသော power supply၊ casing တို့တွင် တပ်ဆင်အသုံးပြုနိုင်မလဲဆိုတာတို့ကို ရည်ညွှန်းပါတယ်။ အဓိကအားဖြင့် AT နှင့် ATX ဟူ၍ motherboard form factor နှစ်မျိုး ရှိပါတယ်။ AT Standard နှင့် compatible ဖြစ်သော Baby-AT၊ Full ATနှင့် LPX board တို့မှာ တစ်ချိန်ကတော့ လူသုံးအများဆုံးဖြစ်ခဲ့ပါတယ်။ သို့သော် ယနေ့မှာတော့ Pentium III မှ စတင်အသုံးပြုလာခဲ့တဲ့ ATX သည် အသုံးအများဆုံး Standard form factor ပင်ဖြစ်ပါသည်။ အလားတူပင် ATX မှာလည်း ၄င်းနှင့် compatible ဖြစ်တဲ့ ATX၊ Mini ATX၊ Micro ATX၊ Flex ATX၊ BTX အစရှိသော form factor အမျိုးအစားကွဲ များစွာရှိပါတယ်။ ၄င်းတို့အထဲကမှ ATX၊ Mini ATX၊ Micro ATX ပိုမိုအသုံးများပါတယ်။
ATX ဟာ အသုံးအများဆုံး form factor ပဲဖြစ်တယ်။ mid-tower, full-tower တို့တွင် တပ်ဆင်အသုံးပြုမှုပိုများပြီး expansion slot (၇) ခုထိ ပါလေ့ရှိပါတယ်။ Mini ATX ဟာ အရွယ်အစားအားဖြင့် ATX ထက် ပိုမိုသေးငယ်ပြီး expansion slot (၆) ခုထိ ပါလေ့ရှိပါတယ်။ လူအများပြောဆိုလေ့ရှိတဲ့ ATX ဆိုတာ Mini ATX ကို ပြောခြင်းဖြစ်ပါတယ်။ Micro ATX ဟာ အရွယ်အစားအားဖြင့် သူတို့ထဲမှာ အငယ်ဆုံးဖြစ်ပါတယ်။ Mini Tower များတွင်သာ တပ်ဆင် အသုံးပြုလေ့ရှိပါတယ်။ အများဆုံး expansion slot (၄) ခုထိ ပါလေ့ရှိပါတယ်။
Motherboard ရဲ့ အဓိကအစိတ်အပိုင်းများမှာ---
1. Central Processing Unit (CPU)
2. Floating Point Unit
3. Dynamic Random Access Memory (DRAM)
4. Static Random Access Memory (SRAM)
5. Read Only Memory
6. CMOS Memory/ CMOS Battery
7. Expansion Slots
8. Super I/O Chip
9. Chipset (North and South Bridges) တို့ဖြစ်ကြပါတယ်။

၃) Memory


Personal Computer တစ်လုံး၏ တွက်ချက်မှုများ၊ Process များလုပ်ဆောင်ရာတွင် CPU မှဖြေရှင်းဆောင်ရွက်ခြင်း မပြုမီ၌လည်းကောင်း၊ ဖြေရှင်းဆောင်ရွက်ခြင်း ပြုလုပ်ပြီး၌လည်းကောင်း၊ အချက်အလက်များ၊ ညွှန်ကြားချက်များကို Memory တွင် သိမ်းဆည်းထားရန် လိုအပ်ပါတယ်။ Memory ကို ကွန်ပျုတာရဲ့ ယာယီမှတ်ဉာဏ်လည်း ခေါ်ဆိုနိုင်ပါသေးတယ်။ ကွန်ပျုတာ မီးပိတ်လိုက်ပါက Memory အတွင်းရှိ အချက်အလက်များအားလုံး ပျောက်ပျက်သွားမှာဖြစ်ပါတယ်။ Random Access Memory (RAM) ဟုလည်းခေါ်ကြပါတယ်။ Memory ပမာဏအား B(Byte) ဖြင့်တိုင်းတာပြီး၊ အလုပ်လုပ်ဆောင်နိုင်မှု အမြန်နှုန်း (Speed) အား MHz ဖြင့်တိုင်းတာပါတယ်။ Motherboard တွင် တပ်ဆင်နိုင်သော Memory Chip (သို့) Memory Card အမျိုးအစားများကို ပုံသဏ္ဌာန်နှင့် တည်ဆောက်ပုံအရ DIPs, SIMMs, SIPs, DIMMs ဟူ၍ ခွဲခြားနိုင်ပါတယ်။ ဥပမာ - DIMM DDR2 (8500) 1024Mb Kingmax မှာ DIMM DDR2 က Memory အမျိုးအစား၊ 8500 က Memory Speed၊ 1024Mb က Memory ရဲ့ ပမာဏ၊ Kingmax က ထုတ်လုပ်တဲ့ကုမ္ပဏီ တို့ဖြစ်ပါတယ်။
Memory ပမာဏများလေ Memory ကို အဓိကထားသုံးစွဲရတဲ့ Adobe Photoshop လို Software များသုံးစွဲသည့်အခါတွင်လည်းကောင်း၊ 3D Game များ ကစားရာတွင်လည်းကောင်း ပိုမိုလျင်မြန်မှုကို ရရှိစေပါတယ်။ Memory ပမာဏအား စာစီစာရိုက်အတွက် 128 MB အနည်းဆုံးရှိသင့်ပြီး၊ Game များကစားလိုပါက 256 MB ၊ 512 MB ရှိသင့်ပါတယ်။ Video Graphic Card တွင်ပါဝင်သော Memory ပမာဏနှင့် မရောထွေးသင့်ပါ။ AGP (Accelerated Graphic Port) (သို့) PCI Express (ယခုနောက်ပိုင်းတွင်ပြောင်းလဲလာတဲ့ Port) တွင် တပ်ဆင်ကြသော Graphic Card များတွင်ပါဝင်တဲ့ Memory ပမာဏမှာ 32MB ၊ 64MB ၊ 128MB ၊ 256MB ၊ 512MB ဟူ၍ အစရှိသဖြင့် အမျိုးမျိုးရှိရာ ယင်းတို့သည် 3D ရုပ်ပုံများ နှင့် Game များအတွက် သီးသန့်ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ Computer ၏ အဓိက Memory လည်း များများတပ်ဆင်ပြီး၊ Video Graphic Card ကိုလည်း အမြင့်ဆုံးတပ်ဆင်ပါက ကွန်ပျူတာ၏စွမ်းဆောင်ရည်သည် အတိုင်းထက်အလွန် ကောင်းမွန်ပြည့်စုံစွာပေးမှာ ဖြစ်ပါတယ်။

၎) Hard Disk

Hard Disk , Floppy , CD-ROM တို့ကို (Permenent Storage Device) အမြဲတမ်း မှတ်ဉာဏ်လို့ ခေါ်ပါတယ်။ Hard Disk ဟာလည်း ကွန်ပျုတာရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ Memory ကဲ့သို့ မီးပိတ်လိုက်ပါက Data များ ပျောက်ဆုံးသွားခြင်းမရှိပါ။ မိမိ ပြုလုပ်ထားတဲ့ Data File များ၊ Windows Operating System များ၊ Programm File များအားလုံးဟာ Hard Disk ပေါ်မှာရှိပါတယ်။ ကွန်ပျုတာတွင် Hardware နှင့် Software ဟူ၍ ရှိရာ လက်ဖြင့် ထိတွေ့လို့ရသော အပိုင်းကို Hardware ဟုခေါ်ပြီး၊ ကွန်ပျုတာစနစ်လည်ပတ်စေရန် အသုံးပြုသော Operating System များ၊ Programm များ၊ မိမိဖန်တီးထားသော Data File များအားလုံးဟာ Software များပင်ဖြစ်ပါတယ်။ ဒါကြောင့် Hard Disk ဟာ Hardware Device တစ်ခုဖြစ်ပြီး၊ ၄င်းထဲတွင် Software အားလုံး ထည့်သွင်းအသုံးပြုရသဖြင့် အရေးကြီးဆုံးပစ္စည်း တစ်ခု လဲဖြစ်တယ်။ ဒါကြောင့် ကွန်ပျုတာတွင် Hardware အနေနဲ့ Hard Disk ဆုံးရှုံးခဲ့ရရင် Software များ၊ Data များ အားလုံး ဆုံးရှုံးရပါတယ်။ ဒီလောက်အရေးကြီးလှတဲ့ Hard Disk များ မပျက်စီးအောင် ထိန်းသိမ်းဖို့ လွန်စွာမှ အရေးကြီးလှပါတယ်။ Hard Disk သာမက အခြားသော Hardware ပစ္စည်းများပျက်စီးခြင်းသည်လည်း အများသောအားဖြင့် Power Supply ပေါ်တွင်မူတည်ပါတယ်။ Hard Disk များ၏ ပမာဏသည် 10 Mb မှ 1 Tb ထိ ရှိနေပြီဖြစ်ပါတယ်။ Hard Disk နှင့် CD-ROM ပစ္စည်း နှစ်မျိုးပေါင်း အရေအတွက် ၄ ခု အထိတပ်ဆင် အသုံးပြုနိုင်ပါတယ်။ အများအားဖြင့်တော့ ကွန်ပျုတာတစ်လုံးတွင် Hard Disk တစ်လုံး၊ CD-ROM တစ်လုံးတော့ တပ်ဆင်အသုံးပြုကြတာ များပါတယ်။ Drive Letter သတ်မှတ်တဲ့အခါမှာတော့ Hard Disk ရဲ့ Physical နဲ့ Logical Drive တွေ အားလုံးဟာ ရှေ့မှလာပြီး CD-ROM တွေရဲ့ Drive Letter က နောက်ကလိုက်ပါတယ်။ Hard Disk တစ်လုံး၊ CD-ROM တစ်လုံးအသုံးပြုရင် Hard Disk ရဲ့ Drive Letter C: , CD-ROM ရဲ့ Drive Letter ကို D: ခေါ်ပါတယ်။ တကယ်လို့ Hard Disk နောက်တစ်လုံးထပ်မံ တပ်ဆင်မည်ဆိုလျှင် နောက်ထပ် Hard Disk ရဲ့ Drive Letter က D: ဖြစ်သွားပြီး၊ အရင် CD-ROM ရဲ့ Drive Letter D: က E: ဖြစ်သွားပါတယ်။ ပထမ Hard Disk တစ်လုံးမှာ Partition နှစ်ပိုင်းခွဲထားရင် Hard Disk ရဲ့ Drive Letter က C: နဲ့ D: ဖြစ်ပြီး၊ CD-ROM ရဲ့ Drive Letter က E: ဖြစ်သွားပါတယ်။
၅) VGA Card

ကွန်ပျုတာတစ်လုံးတွင် VGA Card တစ်ခုတော့ လိုအပ်ပါတယ်။ ဒါမှသာ VGA Card ဟာ CPU မှ တွက်ချက်ပြီးတဲ့ အချက်အလက်တွေကို Monitor မှာ Display အနေနဲ့ ပြနိုင်ဖို့ Video data များကို Monitor ဆီကိုပို့ပေးပါတယ်။ VGA Card မှာ VGA Port ဟာ 15 pin Female 3 Column ရှိပါတယ်။ Female ဆိုတာ အပေါက်ကလေးတွေကို ပြောတာပါ။ 15 pin ဆိုတော့ ၁၅ ပေါက်ပါ။ 3 Column ဆိုတာ အတန်းသုံးတန်း ပါတာကိုပြောတာပါ။ 15 pin Female 3 Column ဆိုတော့ အတန်းသုံးတန်း နဲ့ အပေါက် (၁၅) ပေါက်ပါတာကို ပြောတာပါ။ VGA Port ပါတဲ့ Card ကို VGA Card လို့ခေါ်ပါတယ်။ တစ်ခုသတိပြုရန်မှာ တချို့ Monitor VGA Cable ခေါင်းများတွင် 15 pin အပြည့်မပါပေ။ Monitor တွင် ဘာမှမပေါ်ဘဲ ကွန်ပျုတာပျက်သော အခါများတွင် Monitor Cable ခေါင်းကို ဖြုတ်ကြည့်သောအခါ pin လျော့နည်းနေသည်ကို တွေ့ရသောအခါ ဒီ pin များကျိုး၍ Monitor ဘာမှမပေါ်ခြင်းဟု ယူဆတတ်ကြပါတယ်။ အများအားဖြင့် Monitor ကြိုးမှ VGA Cable ခေါင်းတွင် pin (၁၁) ချောင်းမှ (၁၅) ချောင်းထိပါတတ်ပါတယ်။ Monitor မှ VGA Cable ခေါင်းကို VGA Port သို့ထိုးရာတွင် pin များ မကျိုးမခေါက်စေရန် အထူးဂရုပြုဖို့လိုအပ်ပါတယ်။
VGA Card များပျက်ရင် Monitor သို့ Video data ပို့လွှတ်နိုင်ခြင်းမရှိတော့၍ Monitor တွင် Display မလာ၊ စာမပေါ်နိုင်တော့ပါ။ “No Display” ဆိုတာ Monitor မှာ စာမပေါ်ပါဟု ဆိုလိုတာပါ။ ထိုအချိန်တွင် Motherboard ပေါ်ရှိ ROMBIOS မှာ Power on Self-test (POST) ကို လုပ်ကာ “Error Message Beep” အသံများကို System Unit အတွင်းရှိ “Speaker” လေးမှ အသံထုတ် ပေးပါလိမ့်မယ်။ Sound Card တွဲထားတဲ့ Speaker မဟုတ်ပါ။ “ တီ….. ဟူသော သံရှည်တစ်ချက်နှင့် တီတီတီ ဟူသော သံတို သုံးချက် ” ကို ကြားရမှာဖြစ်ပါတယ်။ ထိုသို့ သံရှည်တစ်ချက်နှင့် သံတိုသုံးချက် အသံကြားရလျှင် VGA ပျက်ခြင်း သင်္ကေတပင် ဖြစ်ပါတယ်။ VGA Card ပျက်သော်လည်း System Unit မှာမူ သူ၏လုပ်ငန်းစဉ်များအတိုင်း ဆက်လက်လုပ်ဆောင်နေမှာ ဖြစ်ပါတယ်။ သို့သော် သုံးစွဲသူ User အနေဖြင့် Display မြင်ကွင်းမရှိသဖြင့် ဘာမှ လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ VGA Card အသစ်လဲပြီးမှသာ ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ယခုအခါ VGA Card များတွင် AGP (or) PCI Express slot အမျိုးအစားများတွင် တပ်ဆင်သော VGA Card များကို သုံးစွဲနေကြ ပါတယ်။ AGP သည် (Accelerated Graphic Port) ဖြစ်ပါတယ်။ PCI Express သည် နောက်ဆုံးပေါ် VGA Card အမျိုးအစား ဖြစ်ပါတယ်။ 3D ရုပ်ပုံထွက်များကောင်းမွန်ရေးသည် အဓိကကျလှသောအချက်ဖြစ်ပြီး နောက်ဆုံးပေါ် ကွန်ပျုတာ Graphic Game များကစားရာတွင် နိုင်နင်းစွာ စွမ်းဆောင်ရည်ပေးနိုင်ခြင်း၊ ပုံရိပ်များကို ချောမွေ့ကြည်လင်ပြတ်သားစေခြင်း စသည့် အကျိုးကျေးဇူးများ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ AGP Card များ မထွက်ပေါ်သေးမီက ရိုးရိုးသာမန် ရုပ်ပုံထွက် VGA Card(PCI) အမျိုးအစားများ ထွက်ပေါ်ခဲ့ပါတယ်။ ယင်း Card များအား ယခုနောက်ဆုံးပေါ် ကွန်ပျုတာများတွင် အသုံးပြုခြင်း မရှိတော့ပါ။
AGP Card များတွင် Memory သီးသန့်ပါဝင်လေ့ ရှိပါတယ်။ 32Mb, 64Mb, 128Mb အထိပါဝင်သော AGP Card အမျိုးမျိုှးရှိပါတယ်။ AGP Card များ၏ Data သယ်ယူပို့ဆောင်နိုင်မှု အမြန်နှုန်းအား 1x, 2x, 4x, 8x စသည်ဖြင့် ပြောဆိုကြပါတယ်။ ဥပမာ - 32Mb SDR DRAM ပါဝင်သော AGP Card သည် 4x = 1.07 g bps (giga byte per second) အမြန်နှုန်းဖြင့်လည်းကောင်း၊ 64Mb DDR RAM ပါဝင်သော AGP Card သည် 8x = 2.1 g bps အမြန်နှုန်းဖြင့်လည်းကောင်း Data များကို သယ်ယူပို့ဆောင်နိုင်သည် ဖြစ်ရာ AGP 4x Card များထက် AGP 8x Card သည် Data များအား သယ်ယူရာတွင် (၂) ဆခန့် ပိုမိုမြန်ဆန်လှပါတယ်။
ထို့ကြောင့် AGP Card တစ်ခုသည် 4x?, 8x? သိသင့်ပါတယ်။ AGP 8x Card ကို AGP 4x သာ လက်ခံနိုင်သော Motherboard တွင် တပ်ဆင်ပါက AGP 8x အမြန်နှုန်း ရရှိမည် မဟုတ်ပါ။ PCI Express 16x Graphic Card များသည် 8 gbps အမြန်နှုန်းဖြင့် Data များကို သယ်ယူပို့ဆောင် နိုင်သဖြင့် AGP 8x Graphic Card များထက် ပိုမိုလျင်မြန်ပေလိမ့်မည်။
သီအိုရီအရ နှေးသောအရာနှင့် မြန်သောအရာ ပူးတွဲ တပ်ဆင်ပါက နှေးသော အမြန်နှုန်းဖြင့်သာ အလုပ်လုပ်မည် ဖြစ်သဖြင့် Motherboard ရွေးချယ်သည့်အခါ အထူသတိထား သင့်ပါတယ်



၆) CD/DVD Drive (R/RW)

ကွန်ပျူတာတွင် အသုံးပြုနေသော optical disk (၂) မျိုးရှိပါတယ်။ CD (CD-ROM, CD-R, CD-RW) နဲ့ DVD- ROM, DVD-R, DVD-RW, DVD+R, DVD+RW) တို့ဖြစ်ပါတယ်။ CD Drive ဆိုတာက CD-ROM(CD-R) ထဲမှာ ရှိတဲ့ အချက်အလက်တွေကို ဖတ်ဖို့ပါ။ CD-ROM ကို access လုပ်တာပါ။ CD-ROM နဲ့ CD Drive ဟာ Floppy Disk နဲ့ Floppy Drive လိုပါပဲ။ ဆိုလိုတာက အသုံးပြုပြီးရင် CD-ROM ကို ထုတ်ယူသွားလို့ရတယ်။ Removeable ပေါ့။ Floppy Disk က Data တွေကို သိမ်းထားလို့ရသလို၊ ဖျက်ပစ်လိုက်၊ ပြန်သိမ်းလိုက်လည်း ရပါတယ်။ CD-ROM ဟာ သူ့အဓိပ္ပါယ်ကိုက Compact Disk Read Only Memory ဆိုတော့ သူ့ဆီမှာရှိတဲ့ Data တွေကို ဖတ်လို့ပဲ ရပါတယ်။ သို့သော် ပြန်ဖျက်လို့၊ ထပ်သိမ်းချင်လို့တော့ မရပါဘူး။ ဖတ်ရုံသက်သက်ပါပဲ။ Data တွေကို ပြန်ဖျက်၊ ပြန်သိမ်း လုပ်ချင်တယ်ဆိုရင်တော့ CD Read/Write (CD-RW) ကိုသုံးနိုင်ပါတယ်။ CD များကို ပညာသင်ကြားရေးနဲ့ ဖျော်ဖြေရေး ကဏ္ဍတွေမှာ သုံးကြတာ များပါတယ်။ ဒါ့အပြင် Software CD တွေ အနေနဲ့လည်း သုံးပါတယ်။ CD တွေက Data ကို 737 Mb လောက် သိမ်းဆည်းနိုင်ပါတယ်။ CD Drive ကတော့ CD ထဲက အချက်အလက်တွေကို ဖတ်တဲ့နေရာမှာ Hard Disk Drive ရဲ့ Speed လောက်မမြန်ပါဘူး။ CD Drive တွေရဲ့ Speed က 48x 52x စသည့်ဖြင့် ရှိကြပါတယ်။
CD Drive တွေမှာလည်း Read သက်သက်၊ Write သက်သက် လုပ်တဲ့ Drive တွေရှိပါတယ်။ Read ရော Write ပါ (၂) မျိုးလုံးလုပ်တဲ့ Drive တွေလည်း ရှိပါတယ်။CD Drive-R ဟာ CD တွေကို ဖတ်လို့ပဲ ရပါတယ်။ ၄င်း CD များအတွင်းရှိ Data များကို ထည့်သွင်းခဲ့သည်မှာ CD Writer ပဲဖြစ်ပါတယ်။ CD Drive-R နဲ့ CD ထဲကို Data များ ထည့်သွင်း၍ မရနိုင်ပါ။ ဆိုလိုသည်မှာ CD ထဲကို Data များထည့်သွင်းလိုလျင် CD Writer ရှိမှ ရမှာဖြစ်ပါတယ်။ CD Writer နဲ့သုံးမည့် ( အကူးခံရမည့် ) CD ကို Recordable CD (သို့) CD-R ဟု ခေါ်ပါတယ်။ CD များအတွင်း Data များ ထည့်သွင်းခြင်း၊ Write လုပ်ခြင်းကို CD Burn သည်ဟုခေါ်ပါတယ်။ CD Burn လုပ်ဖို့ Burning Software များ၏ အကူညီလိုအပ်ပါတယ်။ CD Writer များ၏ အမြန်နှုန်းကိုလည်း CD Drive များကဲ့သို့ (x) ဖြင့် ဖော်ပြပါတယ်။ ဥပမာ - 52x 32x 52x(Speed-Write 52x- Rewrite 32x- Read 52x) ဆိုပြီးရှိပါတယ်။
DVD ဆိုတာကတော့ Digital Video Drive နဲ့ Disk ဖြစ်ပါတယ်။ သူ့ကိုလည်း CD တွေလိုပဲ ဖျော်ဖြေရေးတွေမှာ အသုံးပြုပါတယ်။ DVD (Digital Versatile Disk) ဟာ CD ထက် ပိုပြီး Capacity များတဲ့အပြင် ရုပ်ရော၊ အသံပါ ပိုပြီးကြည်လင်ပါတယ်။ ယနေ့ခေတ်အသုံးပြုနေတဲ့ ကွန်ပျုတာတွေမှာ တပ်ဆင်ထားတဲ့ DVD Drive တွေဟာ အများသောအာဖြင့် Read နဲ့Write (၂) မျိုးလုံးလိုလို ရတဲ့ Drive တွေပဲ သုံးကြတာများပါတယ်။ ထိုအပြင် DVD Drive (R/W) တွေဟာ CD တွေကိုလည်း Data များ ထည့်သွင်းခြင်း၊ ဖတ်ခြင်း၊ ဖျက်ခြင်းများ ပြုလုပ်နိုင်ပါတယ်။

၇) Keyboard

ကွန်ပျုတာတစ်လုံးတွင် Keyboard သည် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး Input Device တစ်ခုပင်ဖြစ်ပြီး၊ ကွန်ပျုတာသို့ data များ၊ command များ ထည့်သွင်းပေးရန်အတွက် အသုံးပြုရပါတယ်။ ယနေ့အချိန်မှာ အသုံးအများဆုံး Keyboard type နှစ်မျိုးရှိပါတယ်။
1. 101-key Enhanced keyboard
2. 104-key Windows keyboard တို့ပင်ဖြစ်ပါတယ်။
ထို Keyboard နှစ်ခုလုံးတွင် key များ layout ချထားပုံမှာ အတူတူပင်ဖြစ်ပါတယ်။ 104-key Windows keyboard တွင် Windows key နှစ်ခုနှင့် application key တစ်ခု စုစုပေါင်း key သုံးခုအပိုပါခြင်းသာကွာခြားပါတယ်။ keyboard တစ်ခုတွင် ပါဝင်သော key များကို အောက်ပါအတိုင်း အပိုင်း(၄) ပိုင်းခြားထားနိုင်ပါတယ်။
1. Typing keys
2. Numeric keypad
3. Functions keys
4. Control keys တို့ပဲဖြစ်ပါတယ်။
Keyboard connector type ကို ယခင်က Standard type အနေနဲ့ (၂) မျိုးပဲ အသုံးပြုခဲ့ကြပါတယ်။ “ AT Style” နှင့် “ PS/2 Style ” connector တို့ပင်ဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ USB ကိုပါ အသုံးပြုမှု များပြားလာနေပြီ ဖြစ်သည့် အတွက်ကြောင့် connector type (၃) မျိုးရှိတယ်လို့ဆိုနိုင်ပါတယ်။ keyboard များကို ခေါ်ဝေါ်သုံးစွဲတဲ့နေရာမှာလည်း connector type ဖြင့် ယှဉ်တွဲပြီး AT keyboard, PS/2 keyboard နှင့် USB keyboard ဟူ၍ ခေါ်ဝေါ်သုံးစွဲလေ့ရှိပါတယ်။ တစ်ခုသတိပြုရမှာက Window တင်တဲ့နေရာမှာ PS/2 keyboard ကသာလျှင် အလုပ်လုပ်နိုင်စွမ်းရှိတာပါ။ USB keyboard က ဘာလို့ အလုပ်မလုပ်လဲဆိုရင် window တင်နေအချိန်မှာ ကွန်ပျုတာက USB Port ကို နားမလည်သေးတဲ့ အတွက်ကြောင့်မို့လိုပဲ ဖြစ်ပါတယ်။

၈) Mouse

Mouse သည်လည်း Keyboard ကဲ့သို့ သတင်းအချက်အလက်များကို ကွန်ပျုတာအတွင်းသို့ ထည့်သွင်းရာ Input Device တစ်ခုပဲဖြစ်ပါတယ်။ ကွန်ပျုတာတစ်လုံးတွင် keyboard နှင့် mouse သည် မရှိမဖြစ် လိုအပ်လှပါတယ်။ အဓိကအားဖြင့်တော့ Mouse ကို Technology ပေါ်မူတည်ပြီး mechanical နှင့် optical ဟူ၍ အမျိုးအစားနှစ်မျိုးရှိပါတယ်။ Mouse များကို ခေါ်ဝေါ်သုံးစွဲတဲ့နေရာမှာလည်း Serial mouse, PS/2 mouse, USB mouse, Optical mouse, Wireless mouse စသည့်ဖြင့် connector type နှင့် technology ပေါ်မူတည်၍ အမျိုးမျိုးခေါ်ဆိုကြပါတယ်။
Serial mouse များမှာ နှေးကွေးပြီး၊ PS/2 mouse ကိုသာ အသုံးများသည်။ Optical mouse များသည် mechanical mouse ကဲ့သို့ဘီးလုံးကို မသုံးဘဲ Sensor ကို သုံးသဖြင့် ချေးမတက်ခြင်း၊ ရေရှည်ခိုင်ခံ့ခြင်းတို့ကြောင့် ပိုမိုလူကြိုက်များတယ်။
Mouse တစ်ခု၏ connector ကြိုးခေါင်းမှာ အစိမ်းရောင်ဖြစ်ပြီး ကွန်ပျုတာ Casing ၏ အနောက်ဖက်၊ Motherboard ရှိ အစိမ်းရောင် connector အပေါက်တွင် တပ်ဆင်ရပါတယ်။
၉) Casing

Casing သည် ကွန်ပျုတာပစ္စည်းများဖြစ်သော Mortherboard, Hard Disk, Floppy Drive (or) Card Reader, CD-ROM Drive စသဖြင့် ကွန်ပျုတာ ဆက်စပ်ပစ္စည်းများအား တပ်ဆင်နိုင်ပြီး၊ ၄င်းတွင် ကွန်ပျုတာစနစ် တစ်ခုလုံးအား လိုအပ်သော လျှပ်စစ်ပစ္စည်းများ ပေးပို့ရာဖြစ်သော Power Supply တပ်ဆင်ရာလည်း ဖြစ်တယ်။ Casing ကို နှစ်မျိုးခွဲ၍ ခေါ်ဆိုကြပါတယ်။ လဲလျက်အနေထားရှိသော Casing ကို Desktop Casing ဟုခေါ်ပြီး၊ ထောင်လျက်အနေထားရှိတဲ့ Casing ကို Tower Casing ဟုခေါ်ပါတယ်။ Casing တွင်
1. Normal Casing
2. Normal Light Casing
3. Light (အလှမီး) Casing
4. Light + Second Fan Casing ဟူ၍ အကြမ်းဖျင်းခွဲခြားနိုင်ပါတယ်။
Casing ၀ယ်ယူရာတွင် Casing နှင့်အတူ တွဲဘက်ပါရှိသည့်အရာမှာ Power Supply ဖြစ်ပါတယ်။ ယင်း Power Supply သည် 350W,400W,450W လားဆိုတာကို မေးမြန်းသင့်ပါတယ်။ ၀ပ်များပါက နောင်အနာဂတ်တွင် ထပ်မံတပ်ဆင်လိုသည့် ကွန်ပျုတာပစ္စည်းများကို Power Supply က နိုင်နင်းစွာ ၀န်ဆောင်မှုပေးနိုင်မှာ ဖြစ်ပါတယ်။



၁၀) Monitor

Monitor သည် video card မှ visual output (၀ါ) electric signal အဖြစ် ထုတ်ပေးလိုက် သောစာသားများ၊ ရုပ်ပုံများကို ပုံဖော်ပြသပေးရသော ကွန်ပျုတာ အစိတ်အပိုင်းတစ်ခုပင်ဖြစ်တယ်။ ကွန်ပျုတာ အစိတ်အပိုင်းတစ်ခုဟုဆိုသော်လည်း ကွန်ပျုတာ၏ အဓိကလုပ်ဆောင်မှုများဖြစ်တဲ့ computing, processing အပိုင်းများနှင့် လုံးဝသက်ဆိုင်မှုမရှိဘဲ ရရှိလာသော result များကို ပုံဖော်ပြရုံသာ ဖြစ်သည့်အတွက် video system component တစ်ခုဟုဆိုပါက ပိုမိုမှန်ကန် ပါလိမ့်မယ်။
သို့သော် Monitor တစ်လုံးသည် ပုံဖော်ပြရုံသက်သက် အသုံးဝင်မှုထက်စွမ်းဆောင်နိုင်မှုအရည် အသွေးသည် ပိုမိုအရေးပါပါတယ်။ ဆိုရရင် ပုံရိပ်များကို အရည်သွေးမြင့်မြင့် ပုံဖော်ပြသနိုင်ရန် အရည်အသွေးမြင့် video card ကို အသုံးပြုမယ်ဆိုပါစို့။ အရည်သွေးကောင်းသော video card သည် high resolution, true color, high refresh rate တို့ဖြင့် drive လုပ်နိုင်ပါတယ်။ သို့သော် Monitor သည် video card မှ drive လုပ်သည့်အတိုင်း လိုက်ပါလုပ်ဆောင်နိုင်ခြင်းမရှိပါက video card အတွက် တန်ဖိုးကြီးပေးဝယ် အသုံးပြုရသော်လည်း ငွေကုန်အကျိုးမရှိဖြစ်စေပါလိမ့်မယ်။
Monitor ကို အဓိကအားဖြင့် နှစ်မျိုးခွဲခြားခေါ်ဆိုနိုင်ပါတယ်၊ CRT ( Cathode Ray Tube ) နှင့် LCD ( Liquid Crystal Display ) တို့ဖြစ်ပါတယ်။

ငါ့အချစ်က ရယူခြင်းထက် ပေးဆပ်ခြင်းပါ

ပြိုင်ပွဲတစ်ခုတဲ့လား.....၀ီစီသံလည်း မကြား
တာလွှတ်တာလဲမမြင် သေနတ်လည်းမဖောက်
ဒိုင်လူကြီးလဲမရှိ ပရိသတ်လည်းမတွေ့ပဲနဲ့
ဒီပွဲထဲဝင်မိခဲ့.......
အရင်းအနှီးကတော့......
ငါ့နှလုံးသားနဲ့အချစ် နှစ်ခုလုံးကို စတေးပြီး
ဝင်ဖြစ်ခဲ့တာ.....
ဒါပေမယ့်လေ.....ငါမသိလိုက်တာတစ်ခုက
ငါဟာစာရင်းတောင် မ၀င်မပြိုင်ခင်ကတည်းက
ရူံနိမ့်ခဲ့သူပါ....
ချစ်သူရေ
ငါဟာအချစ်ဆိုတာကို
ရာမမင်းသားလို ပိုင်ဆိုင်လိုသူလဲမဟုတ်
ဒ၁သဂီရိလို ယှဉ်လုလိုသူလဲမဟုတ်
လက္ခဏလို ဖြည့်ဆည်း လိုသူပါ
ဒါကိုမင်းသိမယ်ဆိုရင် မပြိုင်ခင်က ရှုံးခဲ့ရတဲ့
ငါ့ဘ၀ကို ငါကျေနပ်ပါတယ်.........

အရမ်းချစ်လို့

ထားခဲ့တော့ လည်း

ကိုယ့်အချစ်

ဘာတွေ ပြောင်းလဲပါစေချစ်

ဝေးဝေးကချစ်သူ