လူသားအားလုံးတို့၏ အဖေ

* ဖေချစ်တို့ ဖေခင်တို့ ဆိုတာရှိတော့ ရှိတယ် ရှားတယ်ဆိုတာမျိုးလိုပါ ။
* အလုပ်မှာ တစ်နေကုန်နေရတော့ အဖေ့ကိုနေ့စဉ် ရင်ခွင်ပိုက် နို့ချိုတိုက်ခဲ့တဲ့ အမေ့လောက်တော့ ချစ်အားမပိုတာ ဓမ္မတာ ဖြစ်နိုင်ပါတယ် ။
* အဖေဆိုတာလည်း သားသမီးကိုချစ်လျက်နဲ့ ကြောက်အောင် နေပြရတဲ့ ဖန်တီးရှင်မဟုတ်ပါလား ။
* ဒါပေမဲ့ အဖေသာ ရှင်ဘုရင်ကြီးဖြစ်ခဲ့ရင် သားသမီးတွေဟာ အိမ်ရှေ့စံမင်းသား ၊ မင်းသမီးလေးတွေ ဖြစ်လာနိုင်တာပေါ့ ။
* အဖေက ချမ်းသာကြွယ်ဝ ပြန်တော့လဲ သူဌေးသား သမီးတွေ ဖြစ်ပြန်တာပဲ မဟုတ်လား ။
* အဖေက ကုသိုလ်ရဖို့ ၊ ပညာရဖို့ ၊ ငွေရဖို့ မိသားစု တာဝန်ကျေဖို့ အလုပ်လုပ်နေတာပါ ။
* ဆူးမွေ့ယာလဲမအိပ်ခဲ့ ၊ ပန်းမွေ့ယာလဲမစံခဲ့ရပေမဲ့ မငြီးရှာ နှီးဖြာလေးပေါ်ကမိသားစုသိုက်မြုံလေးကိုတော့ အဖေ့ဦးနှောက်နဲ့ ကြွက်သားတွေပေါ်မှာ သာယာ ဖူလုံမှုများနဲ့ လွမ်းခြုံနေနွေးထွေး စေပါတယ် ….။
* ဖောက်ပြန်မှုကင်းမဲ့စွာနဲ့ နှစ်ကိုယ်ပေါင်းတစ်စိတ် နှစ်ယောက်ပေါင်းတစ်ဘ၀ဇြစ်အောင် မေတ္တာတွေ အစဉ်အပိုင်ပေးပြီးအမေ့အတွက်နားလည်မှုအရှိဆုံးဟာအဖေရယ်ပါ ..။
* အိမ်နီးချင်းဆိုတာကလေးချင်းကြောင့် မိန်းမချင်းကြောင့် ခြံမြေတွေကြောင့် စကားများတတ်တယ်ဆိုတဲ့ အဖေ့စကားမိသားစုတိုင်းအလွန်မှတ်သားလိုက်နာသင့်တဲ့ အချက်တွေပါ ..။
* သောက်တယ်ဆိုတာ ” အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ လူမှုရေးတွေကြောင့် မပျက်စီးစေရဘူး ” ဆိုတာအဖေ့နီတိ ( လမ်းညွန်) ပါ …။
* အဖေဟာအလှချစ် ဓနအချစ်မပါ မေတ္တာချစ်သက်သက်နဲ့သာအိမ်ထောင်ရေးကိုတည်ထောင်ထားသူပါ …။
* ဒါကြောင့် အဖေ့မိသားစုဟာငွေမချမ်းပေမယ့် စိတ်ချမ်းသာတဲ့ လူတန်းစားမှာတော့ ထိပ်ဆုံးကပါ …။
*ကြွေးဟောင်းလဲဆပ် ကြွေးသစ်ထပ် နှစ်ရပ်တာဝန် ကျေပွန်ခဲ့တဲ့ အဖေ …။
* သားသမီးဆန်းသမျှ နွမ်းလှတဲ့ အ၀တ်လေးတွေနဲ့ တင့်တယ်နေတဲ့ အဖေ …။
* သားသမီးကိုပခုံးပေါ်တင် ဆံပင်ကိုကိုင်စေပြီးစတိုင်ကျကျ ပွဲပြခဲ့ဘူးတဲ့ အဖေ …။
* သားသမီးအတွက်ဆိုအသာမစံအနာသာခံသက်သက်ဟာအဖေလိုမိဘတွေမှလွဲလို့ အခြားမရှိ..။
* ရေချိုးတော့ချမ်းအဖေ့ပုဆိုးကြမ်းလေးနဲ့ နွေးထွေးခဲ့ဘူးတယ် …။
* အဖေကကောင်းစေချင်လို့ ဆုံးမသမျှ အသားနာစေခဲ့ပေမဲ့ ဘ၀မနာစေရပါဘူး …။
* ခုတော့ အဖေ့မှာခေတ်ဆန်ပညာတတ်သားသမီးတွေကြားရှေးရိုးအဘိုးကြီးဖြစ်ခဲ့ရပါပြီ …။
* ရွေပုံငွေပုံဘေးမှာမြေးကိုထိန်းပေးတာယူကျွေးတာစားလှိုင်သောအပြုံးစကားများနဲ့ နှောလို့ အားနာနေတာလားအားငယ်နေတာလား ..အဖေရယ် …..။
* အဖေ…..ရေခေါ်လို့ ထူးမည့်သူမရှိတဲ့ တစ်နေ့မှာအဖေ့ပုံရိပ်တွေကလှိုင်သောအပြုံးစကားများနဲ့ စောင့်ရှောက်ပေးနေအုန်းမှာပါ ….။
* ဒီလောကကြီးထဲမှာအဖေနဲ့ တူတဲ့ အဖေမျိုးတွေ တဖြုတ်ဖြုတ်ကြွေလွင့်သွားကြရင်တောင် များများကြီးရှိရှိလာနိုင်ပါစေလို့ ဆုတောင်းလျှက်…………….

လူသားအားလုံးတို့၏ အမေ

လူသားအားလုံးတို့၏ အမေ

မြန်မာသက္ကရာဇ် ၁၃၇၀ ခု ပြာသိုလပြည့်နေ့ ဟာအမေများနေ့လို့ ဆိုပါတယ်...။ တကမ္ဘာလုံးဆိုင်ရာမိခင်များနေ့ကတော့ မေလဒုတိယအပတ်ပါ.. ။ ဒီနေ့ကို ကျွန်တော် သိသလောက်တော့ အဘဦးသုခမှ မြန်မာလူထုအတွက် အမေများနေ့ မရှိသေးလို့ သတ်မှတ်ပေးသွားတယ်လို့ သိရပါတယ် ... ( မှားနေရင် ပြင်ပေးပါ ) ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ...ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းလူတိုင်း၊ သတ္တ၀ါတိုင်းဟာ အမေရှိကြပါတယ် ...မိဘကျေးဇူးအမေ့မေတ္တာဆိုတာလဲမလွန်အမတန်မှ ကြီးမားလှပါတယ် ... အခုချိန်မှာညီကိုမောင်နှမများဟာအမေတွေနဲ့ ဝေးနေကြမယ် အကြောင်းအမျိုးမျိုးရှိကြပါလိမ့်မယ် ...ဒါပေမဲ့ ဘယ်လိုပဲအကြောင်းတွေရှိရှိအမေ့ကိုတော့ ဘယ်တော့မှ မမေ့ကြပါနဲ့ ..အမေ့ ကျေးဇူးကိုဆပ်ကြပါ ...အတတ်နိုင်ဆုံးအမေ့ကိုစိတ်ချမ်းသာအောင် ထားပေးကြပါ ...အမေ့ကိုကျေးဇူးဆပ်တယ်ဆိုတာငွေတွေကြေးတွေ တိုက်တွေ ကားတွေနဲ့ ထားမှ ကျေးဇူးဆပ်တာမဟုတ်ပါဘူး ...သဒ္ဒါတရားမရှိတဲ့ အမေကိုသဒ္ဒါတရားရှိအောင် သီလမရှိတဲ့ အမေကိုသီလရှိလာအောင် ပေးကန်းစွန့်ကြဲမှုမရှိတဲ့ အမေ့ကိုပေးကန်းစွန့်ကြဲတတ်အောင် ...စသည်တို့ ဟာလဲအမေ့ကျေးဇူးကိုဆပ်တာပါပဲ ...ညီကိုမောင်နှမများအားလုံး ....အမေ့ကျေးဇူးကိုဆပ်နိုင်ကြပါစေ ... လို့ ....။



* အမေ့ အင်္ကျီက ချွေးနံ့လေးတွေကအကျော်ကြားဆုံးဆိုတဲ့ ရေမွှေးတွေထက် သင်းပျံ့ပါတယ် ..။
* သူများတွေ ဘယ်လောက်ချောချောအကျဉ်းတန်တဲ့ ကိုယ့်သားသမီးလေးကိုပိုချစ်တာအမေပါ ..။
* အမေအော်သမျှ ငေါက်သမျှတွေဟာကောင်းစေတော်စေကျော်စေချင်တဲ့ ဆန္ဒတွေနဲ့ပါ ..။
* သူများချစ်တယ်ဆိုတာအမေမုန်းသလောက်ပဲရှိပါတယ် ..။
* ငယ်စဉ် ကလေးဘ၀ အမေ့ရင်ကိုခြေနဲ့ကန်ခဲ့စဉ်ကအမေကတော့ ပြုံးပြုံးလေးနဲ့ ချစ်မြဲချစ်ခဲ့တာပါ ..။
* ကြီးလာတဲ့အခါ အမေကစေတနာနဲ့ မာန်မဲတာကိုကိုယ်ကမဲ့ရွဲ့ပြီးအပြုံးမစွက် အမုန်းဖက်လိုက်ရင် မိုက်မဲရာကျမှာပေါ့ …။
* အမေ့ကိုစိတ်ချမ်းသာအောင် ပြုစုခြင်းဟာရှိခိုးတာနေတာထက် ပိုပြီးမြတ်ပါတယ် ..။
* အမေဟာရုပ်ဆိုးတဲ့ ဆင်းရဲတဲ့ မလိမ္မာတဲ့ ပညာမဲ့တဲ့ သားသမီးတွေရဲ့အပေါ်ကိုမေတ္တာတစ်သီတစ်တန်းကြီးတန်းစီနေတဲ့ မသိစိတ်လေးနဲ့ ပိုပြီးချစ်တတ်ကြပါတယ် ..။
* ကိုယ့်သားသမီးတွေ လိမ္မာယဉ်ကျေးတာ ချမ်းသာကြွယ်ဝတာ ပညာတတ်ပြီးအပေါင်းအသင်း ၀င်ဆံ့တာမြင်ရပြန်တော့ မနာလိုမရှုဆိတ်မရှိပဲပီတိတွေဖြစ်ပြီးနေတာအမေရယ်ပါ ..။
* အမေကချွေးနဲ့ရင်းပြီးပေးထားတဲ့ ပညာတွေတတ်ကာမှ ခေါင်းပေါင်းကြီးနဲ့ တောသူမကြီးပုံပေါက်နေတဲ့ အမေ့ကိုလူကုံထံတွေကြားထဲအမေနဲ့တူတူတွဲသွားရတာရှက်နေတယ်ဆိုရင် အမေ့ရင်ကိုတမြေ့မြေ့လောင်မြိုက်သွားအောင် စော်ကားလိုက်တာနဲ့ အတူတူပါပဲ..။
* အမေဟာရိုးရိုးအအကြီးပေမယ့် သားသမီးတွေအပေါ်ထားတဲ့ မေတ္တာစေတနာအချစ်တွေဟာ ခြယ်မှုန်းမပြတတ်အောင် ဆန်းကြယ်လှပါတယ် ..။
* ဒါကြောင့် အမေဟာဘယ်သူနဲ့မှ မတူအောင် ချစ်ဖို့အလွန်ကောင်းတာပါ …။
* အမေ့ကိုမချစ်တတ်သူတွေဟာဘယ်သူ့ကိုမှ ချစ်တတ်မှာမဟုတ်ပါဘူး ..။
* အမေ့လိုချစ်တတ်တဲ့သူရှာလို့တွေ့ပေမယ့် အတူတော့ မဖြစ်နိုင်ဘူး … အတုပဲဖြစ်မယ် ..။
* အမေ့ကို ငွေနဲ့ပေးဝယ်ထားရတာ မဟုတ်ပါဘူး …ဒါပေမယ့် ငွေနဲ့ပေးပြီးဝယ်လို့ရတဲ့ အရာတိုင်းဟာတန်ဖိုးဖြတ်နိုင်ပေမယ့် အမေ့ကိုတော့ ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရပါဘူး ..။
* ငွေရှိရင် ဘာမဆိုလုပ်နိုင်တယ်လို့ ယုံကြည်ထားသူတွေဟာငွေနဲ့စက်လို့မရတဲ့ အရာတွေကိုမကြာခဏ ကြုံရတောင် သူတို့သိကြမှာမဟုတ်ပါဘူး …။
* တစ်နေ့နေ့ ဒီအမေနဲ့ ဒီသားသမီးတွေ ပြန်မလာတော့တဲ့လမ်းကနေလက်ပြနှုတ်ဆက် အပြီးအပိုင် လမ်းခွဲကြရတော့မှာပါ ..။
* အဲဒီအခါကျမှ အမေမာန်မဲဆုံးမခဲ့တာဆည်းလည်းသံချိုချိုလေးတွေကနားထဲမှာပဲ့တင်ထပ်ပြီးဆိုမှ မျက်ရည်စတွေနဲ့ နောင်တအရှည်ကြီးတွေ မရကြပါစေနဲ့ ..။
* အမေအသက်ရှည်ရှည်နဲ့ ကုသိုလ်တရားတွေကိုအားပါးတရရှာမှီးနိုင်ပါစေ …။
* အဖေကလည်းဒီသားသမီးတွေကိုအမေနဲ့အတူတူမွေးမြူစောင့်ရှောက်ခဲ့ရတာမို့ အဖေ့ကိုအမေနဲ့ ထပ်တူညီမျှ စိတ်ချမ်းသာစေရမှာပါ …။
* အဖေရောအမေပါ တို့သားသမီးတွေကြောင့် ချမ်းမြေ့သာယာစွာလာခြင်းကောင်းပြန်ခြင်းမြတ်အောင် ပြုစုကြစို့….။