နေစွမ်းအင် အကြောင်းသိကောင်းစရာ



နေစွမ်းအင်(Solar Energy) ဆိုသည်မှာ နေမှ ဖြာထွက်လာသော စွမ်းအင်ကို အသုံးပြုခြင်း ဖြစ်သည်။ ရံဖန်ရံခါ နေစွမ်းအား (Solar power)ဟူ၍ သုံးလေ့ရှိကြသော်လည်း နေရောင်ခြည်ကို လျှပ်စစ်စွမ်းအင် အဖြစ်ပြောင်းလဲ ပေးခြင်းကြောင့် နေစွမ်းအင် ဆိုသည့် အသုံးအနှုံးသည် ပိုမို ဆီလျော်ပါသည်။ ဤသို့ ပြောင်းလဲပေးရာတွင် နေရောင်ခြည်သုံး အလင်းလျှပ်စစ် ဆဲလ်များ၊ နေရောင်ခြည်သုံး အပူမှ လျှပ်စစ်ပြုပစ္စည်းများ၊ သို့မဟုတ် အပူမှ လျှပ်စစ်ပြောင်းစက် စသည့် များပြားလှစွာသော စမ်းသပ်မှုသုံး နည်းပညာများကိုလည်း အသုံးချကြသည်။

ဆက်သွယ်ရေးစနစ် အကြောင်းသိကောင်းစရာ



ဆက်သွယ်ရေးစနစ်ဆိုသည်မှာ အချက်ပြလှိုင်း (Signals) များကို အကွာအဝေးတစ်ခုအတွင်း ဆက်သွယ်ရန် ထုတ်လွှင့်ခြင်းဖြစ်သည်။ ယနေ့ခေတ်အခါတွင် ထိုလုပ်ဆောင်မှုတွင် လျှပ်စစ်သံလိုက်လှိုင်း (Electromagnetic Waves) များကို ထုတ်လွှင့်စက် (Transmitter) မှ ထုတ်လွှင့်ခြင်း အမြဲလိုပင် ပါဝင်လေ့ရှိသော်လည်း ရှေးအခါက မီးခိုးအချက်ပြမှု၊ ဗုံဖြင့်အချက်ပြမှု၊ ပုံသဏ္ဌန်ဖြင့်အချက်ပြမှု စသည်တို့ ပါဝင်လေ့ရှိသည်။ အကျယ်နှင့် အနှစ်ချုပ်ကိုလေ့လာလိုပါက အောက်တွင်လေ့လာနိုင်သည်။

စက်ရုပ် အကြောင်း သိကြောင်းစရာ



ဟွန်ဒါထုတ်လုပ်သော လူနှင့်သဏ္ဌန်တူသည့်ရိုဘော့ အာဆီမို

စက်ရုပ်ဆိုသည်မှာ စက်မှု သို့မဟုတ် လူသားတို့ အတုအယောင်ပြုလုပ်ထားခြင်းဖြင့် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သော အရာဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ စက်ရုပ်သည် အသွင်သဏ္ဌန်အားဖြင့်သော်လည်းကောင်း၊ လှုပ်ရှားသွားလာပုံအားဖြင့်သော်လည်းကောင်း မိမိဘာသာမိမိ သွားလာလှုပ်ရှား လုပ်ကိုင်နေသည် ဟူသော အထင်အမြင်မျိုးကို ဖြစ်ပေါ်စေသည်။အကျယ်နှင့် အနှစ်ချုပ်ကို အောက်တွင်လေ့လာနိုင်သည်။

ရေဒါအကြောင်း သိကောင်းစရာ



ရေဒါဆိုသည်မှာ လျှပ်စစ်သံလိုက်လှိုင်းကို အသုံးပြု၍ လေယာဉ်၊ သင်္ဘော စသည့် ရွေ့လျားနေသော အရာဝတ္တုများသာမကမြေမျက်နှာသွင်ပြင်၊(ရေနံ၊သဘာဝဓာတ်ငွေ့)အစရှိသောတည်ငြိမ်နေသည့်အရာဝတ္တုများ၏အကွာအဝေး၊ အမြင့်၊လားရာ၊အလျင်စသည်တို့ကိုတိုင်းတာနိုင်သည့်အီလက်ထရွန်းနစ်ပစ္စည်းတစ်မျိုးဖြစ်သည် ။အကျယ်နှင့် အနှစ်ချု့် ကို လေ့လာလိုလျှင် အောက်တွင်လေ့လာပါ။


ဥမင်တူးဖောက်စက်အကြောင်းသိကောင်းစရာ



ဥမင်တူးဖောက်စက် (Tunnel boring machine-TBM) သည် ဥမင်တူးသည့် လုပ်ငန်းစဉ်ကြီး တစ်ခုလုံးတွင် ပါဝင်သော လုပ်ငန်းအဆင့်များအားလုံးကို အဆင့်မြင့် ထိန်းချုပ်စနစ်များ အသုံးပြု၍ ပေါင်းစပ်တပ်ဆင်ထားသော စက်ဖြစ်သည်။ မာကျောသော ကျောက်လွှာများမှသည်
မြေအမျိုးမျိုးကိုလိုက်၍ ဥမင်ဖောက်စက် အမျိုးမျိုးရှိသည်။အကျယ်နှင့် အနှစ်ချုပ်ကို လေ့လာချင်လျှင် အောက်က စာအုပ်တွင်လေ့လာနိုင်သည်။

နျူးကလီယားအကြောင်း သိကောင်းစရာ



ဟီလီရန် အက်တမ်၏ ပုံကြမ်း။ အလယ်မှ နယူကလီယတွင် အနီရောင် ပရိုတွန် နှင့် အပြာရောင် နယူထရွန် အက်တမ် တစ်ခု၏ နျူကလိယသည် အလွန် သိပ်သည်းသော နေရာဖြစ်ပြီး နျူကလီယွန် (ပရိုတွန် နှင့် အီလက်ထရွန်) တို့ ပါဝင်သည်။ နယူကလီယ တို့၏ သဘောသဘာဝနှင့် အရည်အချင်းများကို မလေ့လာမှီ ယင်းတို့မှပါရှိသော ဒြပ်မှုန်တွေအကြောင်း အကြမ်းဖျင်းလေ့လာ ကြည့်လျှင် နယူကလီယ တို့တွင် ပရိုတွန်( proton ) နှင့် နယူထရွန်(neutron) ဆိုတဲ့ အခြေခံမှုန် ၂ မျိုးနဲ့ ဖွဲ့စည်းထားကြသည်။အကျယ်နဲ့ အနှစ်ချုပ် အကြောင်းကို လေ့လာချင်လျှင် အောက်က စာ အုပ်တွင် လေ့လာနိုင်ပါသည်။