♥ သူတပါးရဲ့ အမှားကို မြင်ဖို့ လွယ်ပေမယ့် ကိုယ်ပိုင်အမှားကို သိဖို့က ခက်ပါတယ်။
♥ မစဉ်းစားဘဲ ပြောဖို့ လွယ်ပေမယ့် လျှာကို ထိန်းနိုင်ဖို့က ခက်ပါတယ်။
♥ ကျနော်တို့ ချစ်တဲ့ သူတွေကို ထိခိုက်အောင် လုပ်ဖို့ လွယ်ပေမယ့် အဲဒီ ဒါဏ်ရာကို ဖြေဖျောက်ဖို့က ခက်ပါတယ်။
♥ သူတပါးကို ခွင့်လွှတ်ဖို့ လွယ်ပေမယ့် ခွင့်လွတ်မှုကို တောင်းဆိုဖို့က ခက်ပါတယ်။
♥ စည်းမျဉ်းတွေက ချမှတ်ဖို့ လွယ်ပေမယ့် လိုက်နာဖို့က ခက်ပါတယ်။
♥ ညတိုင်း အိပ်မက်မက်ဖို့ လွယ်ပေမယ့် ကိုယ့်အိပ်မက်ကို အကောင်အထည် ဖော်ဖို့က ခက်ပါတယ်။
♥ အောင်မြင်မှုကို ထုတ်ပြဖို့ လွယ်ပေမယ့် ဂုဏ်သိက္ခာရှိရှိ ရှုံးနိမ့်တယ်လို့ လက်ခံဖို့က ခက်ပါတယ်။
♥ လပြည့်ညရဲ့ လရောင်ကို ခံစားဖို့ လွယ်ပေမယ့် လရဲ့ တခြားဘက်အခြမ်းကို မြင်ဖို့က ခက်ပါတယ်။
♥ ခလုတ်တိုက် ချော်လဲဖို့ လွယ်ပေမယ့် ပြန်ထနိုင်ဖို့က ခက်ပါတယ်။
♥ နေ့စဉ်ဘဝမှာ ခံစားပျော်ပါးဖို့ လွယ်ပေမယ့် စစ်မှန် တန်ဖိုးတစ်ခု ဖြစ်ဖို့က ခက်ပါတယ်။
♥ တစ်စုံတစ်ယောက်ကို ကတိပေးဖို့ လွယ်ပေမယ့် အဲဒီကတိကို ဖြည့်ဆည်းပေးဖို့က ခက်ပါတယ်။
♥ ချစ်တယ်လို့ ပြောဖို့ လွယ်ပေမယ့် အချိန်တိုင်း သက်သေပြနိုင်ဖို့က ခက်ပါတယ်။
♥ ဝေဖန်ရှုံ့ချဖို့ လွယ်ပေမယ့် သူတစ်ဦးကို မြှင့်တင်ပေးဖို့က ခက်ပါတယ်။
♥ အမှားလုပ်ဖို့ လွယ်ပေမယ့် အမှားကနေ သင်ခန်းစာယူဖို့က ခက်ပါတယ်။
♥ ဆုံးရှုံးသွားတဲ့ အချစ်အတွက် ကြေကွဲဖို့ လွယ်ပေမယ့် လက်မလွတ်ရအောင် စောင့်ရှောက်ဖို့က ခက်ပါတယ်။
♥ ကိုယ့်ဘဝ တိုးတက်ဖို့အတွက် တွေးတောစဉ်းစားရတာ လွယ်ပေမယ့် စိတ်ကူးယဉ်တာ အရှိန်သတ်ဖို့နဲ့ အကောင်အထည်ဖော်ဖို့က ခက်ပါတယ်။
♥ လက်ခံဖို့ လွယ်ပေမယ့် ပေးဖို့က ခက်ပါတယ်။
♥ ခင်မင်မှု၊ အပေါင်းအသင်း ဆိုတာကို တော်ကီနဲ့ ပွားဖို့ လွယ်ပေမယ့် သူရဲ့ အဓိပ္ပာယ်ကိုတော့ ထိန်းသိမ်းဖို့က ခက်လိမ့်မယ်။
♥ သူတပါးရဲ့ အားနည်းချက်ကို မြင်ဖို့ လွယ်ပေမယ့် ကိုယ့်မှာကော ရှိလေမလားလို့ တွေးကြည့်မိဖို့က ခက်ပါတယ်။
♥ အပြောလွယ်ပေမယ့် အလုပ်ခက်ပါတယ်။
♥ အမြင်လွယ်ပေမယ့် အသိခက်ပါတယ်။
♥ အသိလွယ်ပေမယ့် အကျင့်ခက်ပါတယ်။