လူသားအားလုံးတို့၏ အဖေ

* ဖေချစ်တို့ ဖေခင်တို့ ဆိုတာရှိတော့ ရှိတယ် ရှားတယ်ဆိုတာမျိုးလိုပါ ။
* အလုပ်မှာ တစ်နေကုန်နေရတော့ အဖေ့ကိုနေ့စဉ် ရင်ခွင်ပိုက် နို့ချိုတိုက်ခဲ့တဲ့ အမေ့လောက်တော့ ချစ်အားမပိုတာ ဓမ္မတာ ဖြစ်နိုင်ပါတယ် ။
* အဖေဆိုတာလည်း သားသမီးကိုချစ်လျက်နဲ့ ကြောက်အောင် နေပြရတဲ့ ဖန်တီးရှင်မဟုတ်ပါလား ။
* ဒါပေမဲ့ အဖေသာ ရှင်ဘုရင်ကြီးဖြစ်ခဲ့ရင် သားသမီးတွေဟာ အိမ်ရှေ့စံမင်းသား ၊ မင်းသမီးလေးတွေ ဖြစ်လာနိုင်တာပေါ့ ။
* အဖေက ချမ်းသာကြွယ်ဝ ပြန်တော့လဲ သူဌေးသား သမီးတွေ ဖြစ်ပြန်တာပဲ မဟုတ်လား ။
* အဖေက ကုသိုလ်ရဖို့ ၊ ပညာရဖို့ ၊ ငွေရဖို့ မိသားစု တာဝန်ကျေဖို့ အလုပ်လုပ်နေတာပါ ။
* ဆူးမွေ့ယာလဲမအိပ်ခဲ့ ၊ ပန်းမွေ့ယာလဲမစံခဲ့ရပေမဲ့ မငြီးရှာ နှီးဖြာလေးပေါ်ကမိသားစုသိုက်မြုံလေးကိုတော့ အဖေ့ဦးနှောက်နဲ့ ကြွက်သားတွေပေါ်မှာ သာယာ ဖူလုံမှုများနဲ့ လွမ်းခြုံနေနွေးထွေး စေပါတယ် ….။
* ဖောက်ပြန်မှုကင်းမဲ့စွာနဲ့ နှစ်ကိုယ်ပေါင်းတစ်စိတ် နှစ်ယောက်ပေါင်းတစ်ဘ၀ဇြစ်အောင် မေတ္တာတွေ အစဉ်အပိုင်ပေးပြီးအမေ့အတွက်နားလည်မှုအရှိဆုံးဟာအဖေရယ်ပါ ..။
* အိမ်နီးချင်းဆိုတာကလေးချင်းကြောင့် မိန်းမချင်းကြောင့် ခြံမြေတွေကြောင့် စကားများတတ်တယ်ဆိုတဲ့ အဖေ့စကားမိသားစုတိုင်းအလွန်မှတ်သားလိုက်နာသင့်တဲ့ အချက်တွေပါ ..။
* သောက်တယ်ဆိုတာ ” အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ လူမှုရေးတွေကြောင့် မပျက်စီးစေရဘူး ” ဆိုတာအဖေ့နီတိ ( လမ်းညွန်) ပါ …။
* အဖေဟာအလှချစ် ဓနအချစ်မပါ မေတ္တာချစ်သက်သက်နဲ့သာအိမ်ထောင်ရေးကိုတည်ထောင်ထားသူပါ …။
* ဒါကြောင့် အဖေ့မိသားစုဟာငွေမချမ်းပေမယ့် စိတ်ချမ်းသာတဲ့ လူတန်းစားမှာတော့ ထိပ်ဆုံးကပါ …။
*ကြွေးဟောင်းလဲဆပ် ကြွေးသစ်ထပ် နှစ်ရပ်တာဝန် ကျေပွန်ခဲ့တဲ့ အဖေ …။
* သားသမီးဆန်းသမျှ နွမ်းလှတဲ့ အ၀တ်လေးတွေနဲ့ တင့်တယ်နေတဲ့ အဖေ …။
* သားသမီးကိုပခုံးပေါ်တင် ဆံပင်ကိုကိုင်စေပြီးစတိုင်ကျကျ ပွဲပြခဲ့ဘူးတဲ့ အဖေ …။
* သားသမီးအတွက်ဆိုအသာမစံအနာသာခံသက်သက်ဟာအဖေလိုမိဘတွေမှလွဲလို့ အခြားမရှိ..။
* ရေချိုးတော့ချမ်းအဖေ့ပုဆိုးကြမ်းလေးနဲ့ နွေးထွေးခဲ့ဘူးတယ် …။
* အဖေကကောင်းစေချင်လို့ ဆုံးမသမျှ အသားနာစေခဲ့ပေမဲ့ ဘ၀မနာစေရပါဘူး …။
* ခုတော့ အဖေ့မှာခေတ်ဆန်ပညာတတ်သားသမီးတွေကြားရှေးရိုးအဘိုးကြီးဖြစ်ခဲ့ရပါပြီ …။
* ရွေပုံငွေပုံဘေးမှာမြေးကိုထိန်းပေးတာယူကျွေးတာစားလှိုင်သောအပြုံးစကားများနဲ့ နှောလို့ အားနာနေတာလားအားငယ်နေတာလား ..အဖေရယ် …..။
* အဖေ…..ရေခေါ်လို့ ထူးမည့်သူမရှိတဲ့ တစ်နေ့မှာအဖေ့ပုံရိပ်တွေကလှိုင်သောအပြုံးစကားများနဲ့ စောင့်ရှောက်ပေးနေအုန်းမှာပါ ….။
* ဒီလောကကြီးထဲမှာအဖေနဲ့ တူတဲ့ အဖေမျိုးတွေ တဖြုတ်ဖြုတ်ကြွေလွင့်သွားကြရင်တောင် များများကြီးရှိရှိလာနိုင်ပါစေလို့ ဆုတောင်းလျှက်…………….