နေစွမ်းအင် အကြောင်းသိကောင်းစရာ



နေစွမ်းအင်(Solar Energy) ဆိုသည်မှာ နေမှ ဖြာထွက်လာသော စွမ်းအင်ကို အသုံးပြုခြင်း ဖြစ်သည်။ ရံဖန်ရံခါ နေစွမ်းအား (Solar power)ဟူ၍ သုံးလေ့ရှိကြသော်လည်း နေရောင်ခြည်ကို လျှပ်စစ်စွမ်းအင် အဖြစ်ပြောင်းလဲ ပေးခြင်းကြောင့် နေစွမ်းအင် ဆိုသည့် အသုံးအနှုံးသည် ပိုမို ဆီလျော်ပါသည်။ ဤသို့ ပြောင်းလဲပေးရာတွင် နေရောင်ခြည်သုံး အလင်းလျှပ်စစ် ဆဲလ်များ၊ နေရောင်ခြည်သုံး အပူမှ လျှပ်စစ်ပြုပစ္စည်းများ၊ သို့မဟုတ် အပူမှ လျှပ်စစ်ပြောင်းစက် စသည့် များပြားလှစွာသော စမ်းသပ်မှုသုံး နည်းပညာများကိုလည်း အသုံးချကြသည်။