CCTV အကြောင်းလေးပါ

ခေတ်မီတိုးတက်နေသော ယနေ့ခေတ်ကြီးမှာ အဆင့်မြင့်နည်းပညာ သစ်များစွာနဲ့ လုံခြုံရေးစောင့်ကြပ်မှုက အထူးအရေးပါရုံမျှမက စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ ယခု နိုင်ငံတကာမှာ CCTV Camera များနှင့်အတူ လုံခြုံရေးနည်းသစ်များ အသုံးပြု စောင့်ကြပ်ခြင်းဖြင့် ပြဿနာအခက်အခဲများစွာကို ဖြေရှင်းနိုင်ကြောင်း အကျိုးသာဓကများစွာ ရှိနေပါပြီ။ နေအိမ်၊ ခြံဝင်း၊ ရုံးခန်းမှ စ၍ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများ၊ Mini Mart ၊ Super Market ၊ Shopping Mall များ၊ Bank ၊ Hotel ၊ Motel များ၊ ဂိုဒေါင်များ အစရှိသောနေရာများတွင် လုံခြုံမှု ရှိစေရန် CCTV Camera ကို တပ်ဆင်အသုံးပြုနိုင်ပါသည်။
ဂိတ်ဝရှိ ကားအ၀င်/အထွက် ပုံရိပ်များ၊ အရာထမ်း၊ ၀န်ထမ်းများ၏ ရုံးဋ္ဌာန တည်ရှိရာသို့ ဧည့်သည်အ၀င်အထွက် သက်ရှိလှုပ်ရှားမှု ပုံရိပ်များ၊ ပုံရိပ်များ၊ ပစ္စည်းများ ရေတွက်၊ ထုတ်သွင်းနေပုံများကို နေ့ရက် အချိန်ကာလတိကျစွာဖြင့် TV ၊ Laptop ၊ Desktop များအသုံးပြု၍ မိမိနေအိမ်၊ ရုံခန်းမှ DVRစက်ဖြင့် ဖမ်းယူကြည့်ရှုနိုင်ပါသည်။

CCTV Camera များနှင့်အတူ Direct Video Recording System တပ်ဆင်ထားသောကြောင့် အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
• ၂၄ နာရီ အချိန်ပြည့် မှတ်တမ်းတင်ထားနိုင်ခြင်း
• မှတ်တမ်းတင်ထားပြီးသော Video များကိုလည်း နေ့ရက် အချိန်အလိုက် အတိအကျ ပြန်လည်ကြည့်ရှုနိုင်ခြင်း
• ညအမှောင်များထဲတွင်လည်း ကောင်းစွာ ရိုက်ကူးနိုင်သော Infrared Camera များကိုလည်း အသုံးပြုနိုင်ခြင်း
• Internet တပ်ဆင်ထားပါက မိမိတပ်ဆင်ထားသာ နေရာမှ ပုံရိပ်များကို မြန်မာတစ်နိုင်ငံလုံး မည်သည့်နေရာမှမဆို ကြည့်ရှုနိုင်ခြင်း
• ၀န်ထမ်းများ၏ အလုပ်လုပ်ကိုင်နေပုံများကို လိုက်လံကြပ်မတ်ရန်မလိုပဲ တစ်နေရာတည်းမှ စောင့်နိုင်ခြင်း တို့အပြင် အခြားသော အကျိုးကျေးဇူးများစွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။