မချစ်တတ်တဲ့ ငါ

မချစ်ဖူးတဲ့ငါ့ကို
ချစ်တတ်အောင်သင်ပေးခဲ့တာ နင်ပဲ...

မလွမ်းဖူးတဲ့ ငါ့ကို
လွမ်းတတ်အောင်သင်ပေးခဲ့တာ နင်ပဲ...

စောင့်စားတာမုန်းတဲ့ ငါ့ကို
စောင့်တတ်အောင်သင်ပေးခဲ့တာ နင်ပဲ..

သည်းမခံတတ်တဲ့ ငါ့ကို
စာနာတတ်အောင်သင်ပေးခဲ့တာ နင်ပဲ..

လမ်းမှားထဲက ငါ့ကို
လမ်းမှန်ပို့ပေးခဲ့တာ နင်ပဲ..

ငါနဲ့ပတ်သတ်သမျှ
အရာအားလုံးက နင်ပဲ..

နင်ပဲစပြီးဖန်တီးပေးတဲ့ ငါ့အချစ်ကို
နင်ပဲ...မဖျက်ဆီးပါနဲ့......။