အချစ်တဲ့

အချစ်တဲ့.....
အချစ်ကို မသိခင်တုန်းကပေါ့
အချစ်ကိုမသိပဲ လူတွေကိုချစ်ခဲ့ဖူးတယ်
ပြီးတော့ပြောလိုက်သေးတယ်......
အချစ်က ပူလောင်တယ်တဲ့ ။

အချစ်တဲ့.....
သိလာရတယ်
ရင်ခုန်တယ်.....
ပျော်တယ်....
ကြည်နူးတယ်...
ခံစားချက်တွေလည်း အများကြီးဘဲ
ဆက်ရန်တွေလည်း ရှိနေဦးမယ်...
အချစ်ကိုသိမှ အချစ်ဆိုတာကို ချစ်လာခဲ့တယ်....
တကယ်တော့
အချစ်ဆိုတာ မပူပါဘူး...
နွေးနွေးလေးနဲ့ အေးမြနေတာပါ ။