ငါ့ရဲ့ မီးအိမ်ရှင်မလေး

နှလုံးသားတစ်နေရာမှာ
ကြယ်လေးတစ်ပွင့် လင်းလက်ခဲ့တယ်....
ဘ၀ပင်လယ်ပြင်ထဲ လမ်းပျောက်ဆဲ ငါ့ကို
မင်းက လမ်းပြပေးခဲ့တယ်...
ကြယ်စင်လေးရယ်...
နင်ဟာ ငါ့ဘ၀ရဲ့ မီးအိမ်ရှင်ပါ...
ငါ့ခန္ဓာကိုယ်ဆိတ်သုဉ်းလို့
အမှောင်တွေ ပိတ်ဖုံးသွားရင်တောင်
မင်းကိုငါ ရူးသွပ်နေမှာပါ...
ငါ့နှလုံးအိမ်ထက် သံယောဇဉ်ကွန်ယက်တို့
အထပ်ထပ်ရစ်ပတ်လို့
ငါ့မျှော်လင့်ချက်တွေ
သက်ဝင်လှုပ်ရှားခဲ့ပြီ ချစ်သူ...။