အချစ်

ဒဏ္ဍာရီမဆန်

သီအိုရီ မကျ

ရစ်သမ် မလိုဘူး

မင်းကို ရိုးရိုးလေးပဲ............ချစ်တယ်.။

သိပ္ပံခေတ်လွန်ဇာတ်လမ်းမဟုတ်ဘူး

ပရမ်းပတာကဗျာလည်း မဟုတ်ဘူး

ကာရန်လှလှတွေလည်း မရှိဘူး

မင်းကို........ရိုးရိုးလေးပဲချစ်တယ်..

ကမ္ဘာဦးလူသားတွေလည်း

သုံးခဲ့ဖူးတယ်....

ဒီနေ့ထိလည်း

သုံးနေကြတယ်....

နောင်လာနောင်သားတွေလည်း

သုံးကြအုံးမယ်

မင်းကို ...ရိုး...ရိုး....လေး....ပဲ.....ချစ်တယ်

မီးကိုမတွေ့ရှိခင်ကတည်းက စ တယ်

အိုဇုန်းလွှာပေါက်လာတဲ့အထိ သုံးတယ်

အင်္ဂါဂြိုလ်ပေါ် ခြေချနိုင်ကြရင်လည်း

မင်းကိုရိုးရိုးလေးပဲချစ်တယ်

ဘယ်အရာတွေဘာပဲဖြစ်ဖြစ်

မင်းကိုရိုးရိုးလေးပဲချစ်တယ်

မင်းကို......ရိုးရိုးလေးပဲချစ်တယ်

မင်းကိုရိုးရိုးလေးပဲ.......ချစ်နေပါတယ်.......။

အချစ်က အစစ်

အမုန်းက အမှန်

မသိတဲ့ ဘ၀မှာ

အချစ်ပင်ကို ရင်မှာပျိုးခဲ့တယ်

အချစ်ကို မခံစားတတ်တဲ့ သူတစ်ယောက်အတွက်

ရင်နင့်အောင် ပျိုးခဲ့ရတဲ့

ရင်ဝှက်ပန်းလေး တစ်ပွင့်ပါ...

ရာသီတွေ အလီလီကုန်ဆုံး

သူ့အချစ်ဆုံးက.....ကိုယ် မဟုတ်တဲ့အခါ

ရင်ထဲက အလွမ်း ရင်ထဲမှာသာ

သူမသိအောင် လွမ်းခဲ့ရသူပါ။