တဘက်ခြား

သစ္စာပန်းပွင့်တွေ ကြွေသံကြားတိုင်း
လှိုင်းလုံးတစ်လုံးစာ ပိုပိုခြားသွားရတယ်
နံရံရဲ့ နောက်တော်ပါးဆီမှာ
အော်. . . ကလေးမရယ်
ငါတစ်ယောက်တည်း ရွာလို့ ။

တစ်လှမ်းခြင်း . . . တစ်လှမ်းခြင်း
ဝေးသွားလိုက်ပုံများ
အိပ်မက်တစ်ခုစာ ကွဲပြားသွားသလားထင်ရတယ်
မင်းရဲ့အစိမ်းရောင်ထီးလေးကို
အရွက်တွေဖြုတ်သိမ်းလိုက်ပါတော့ ။

ဘယ်တစ်ဖက်ညာတစ်ဖက်
သံလျက်တစ်စင်းစီဆွဲကိုင်ပြီး
မိုးတွေအတိပြီးတဲ့ ဒီညမှာ
ငါ့ကိုယ်ငါ အဆုံးစီရင်ခွင့် ပြုပါတော့ကွယ် . . .

နတ်သမီးရဲ့လက်ကိုဆွဲပြီး
စကြ၀ဠာအပြင်ဘက်ကို
လမ်းလျှောက်ထွက်လိုခဲ့တဲ့ လူမိုက်တစ်ယောက်
ဒီကနေ့ . . .
ဒူးထောက်လိုက်ပါပြီ ကလေးမရေ