“သက်သေပြချက်“

ထစ်ချုန်းသံတွေနဲ့ 
အော်ဟစ်ပြီး
မျက်ရည်တွေကို
ရွာကျစေမှ
ငါချစ်တာကို
သိမယ်ဆို၇င်
ကန္တာရကြီးတွေပေါ်
ရေလွှမ်းသွားပြီ

ပိုတယ်လို့  ဆိုချင်ဆို
ငိုနေအုံးမှာပဲ
စကြာဝဋ္ဋာထဲ ရေပြည့်မှ
ယုံလိုက်ပေါ့.. ချစ်သူ။