မောင်

နှလုံးသွေးကြွ
ရင်သိမ့်လှိုက်ဖို
သိမ့်သိမ့်တုန်အောင်
ချစ်ရပါ၏...........

မောင်
နှုတ်ခမ်းနှစ်လွှာ
ဖွင့်မရအောင်
မိန်းမောတွေဝေ
ချစ်ရပါ၏.............

မောင်
အစားလည်းပျက်
အလုပ်ခွင့်နှင့်
မအိပ်နိုင်စွာ
ချစ်ရပါ၏..............

မောင်
သေလွန်မှသော်
နောင်ဘဝများ
ရှိလင့်ပါလျင်
မခွဲဘယ်ခါ
ထာ0ရမြဲ
ချစ်နေပါမည်.......