ရင်ခုန်တာ နင်မသိပေမယ့်
နင်သိအောင်လည်း မပြောတော့ပါ...
ဝေဒနာ မမြင်မိသူအတွက်
မြင်မိအောင်လည်း မပြတော့ပါ...
ရင်ခုန်သံ မျက်နှာချင်း ဆိုင်ချင်သူမို့
ဗလာကျင်းတဲ့ (နင့်) နှလုံးသားမှာ
မုန်းပွားစရာ အချစ်လည်း မဖြည့်တော့ပါ...
လိုအင်ကို အစိမ်းချုပ်
သိမ်းထုတ်လို့ လုံခြုံစွာ
ဆန္ဒကို ရေမှာမျှော
နင်သောသော ရယ်ဖို့ပါ...
နင်မသိ မမြင်မိပေမဲ့
အစဉ်ရှိ အချစ်တေးတို့
သခင်ဝေးတဲ့ ငါ့ရင်မှာ
ဒဏ်ရာတွေ နင်မရအောင်
ခရေ အသွင်နဲ့
မြေပြင်မှာ ဖြန့်ကာကြဲလိုက်မယ်...
နှလုံးသားကို လမ်းခင်း
ချစ်သူနင်းလို့ လျှောက်စမ်းလေ...
သြော်...
နှလုံးသားကို လမ်းခင်း
ချစ်သူ နင်းလို့ လျှောက်စမ်းလေ....။