ပေးသနားပါ

“ပေးသနားပါ”
ငါ၏ စစ်မှန်သော ချစ်ခြင်းတရားအတွက်
အထီးကျန်ညတွေ ဖြတ်သန်းဖို့ အင်အား
ပေးသနားပါ
အိပ်ပျက်ညတွေဖြတ်သန်းဖို့ အင်အား
ပေးသနားပါ
အထိအတွေ့ မဲ့ ချစ်ခြင်းတွေ
ခိုင်မြဲ ဖို့ သစ္စာတရား
ပေးသနားပါ
မျှော်လင့်ခြင်းတွေ
ပြည့်ဝလာစေမဲ့  အလင်းများ
ပေးသနားပါ
အလွမ်းတွေ ကြံ့ ကြံ့ ခံနိုင်ဖို့ အင်အား
ပေးသနားပါ
အလွမ်းအဆွေးတွေကြား
အထီးကျန်ခံစား
တမ်းတမျှော်လင့်ခြင်းများစွာအတွက်
ဆုံဆည်းနိုင်ဖို့ အခွင့်အလမ်းများ
ပေးသနားပါ။
ငါ သွားနေကျ ဒီလမ်းနဲ့ 
ငါ ဖွင့်နေကျ ဒီသော့ဂလောက်တွေကို
ငါ မုန်းတယ်...။

ငါ့ မနက်ခင်းတွေ မျက်နှာသစ်တိုင်း
ငါဟာ လန်းဆန်းမှုကို မရခဲ့ဘူးး
ငါ့ လက်ပက်နာရီက ဒိတ်တွေ
ငါ့ကို တစ်ရက်ပြီး တစ်ရက်ဝါးမြိုသွားခဲ့
ငါ့ အတွက် ပြေပြစ်တဲ့ နေ့ ရက်တွေကတော့
ငါ့ကို မျက်မုန်းကျိုးလို့ နေဆဲပေါ့...။

ငါလိုချင်တာ နည်းနည်းလေးရဖို့ 
ငါ ပြန်ပေးလိုက်ရတာတွေက
ငါရှင်သန်နေတဲ့ ဘ၀နဲ့ ယှဉ်ရင်
ငါ့ ကိုယ် ငါတောင်အလိုက် ပြန်ပေးရမဲ့ပုံပဲ...( ဒီလိုနဲ့ ...)

ငါ့ ရင်ကိုဖွင့်မက်
ငါ့ မနက်ဖြန်တွေကို ထိုးနှက်ဖို့ 
ငါလာပြီ ဒီလိုညထဲ
ငါ့ အတွက် အမုန်းတွေ ကြိုက်သလောက်ကြဲခဲ့စမ်း