နှလုံးသားနဲ့သာခံစားနိုင်တဲ့

ရင်ခုန်လှုပ်၊ရှားမှု့မျိုးကို

အချစ်လို့ခေါ်ရင်

ကောင်မလေးရေ

ငါ နင့်ကိုချစ်နေခဲ့ပြီ

ချစ်ခြင်းမေတ္တာမှာ

ပေးဆပ်ခြင်းကရာခိုင်နှုန်း

မည်မျှပါလဲ....ငါမသိပါဘူး

ငါရဲ့အချစ်ကတော့ ပေးဆပ်ခြင်းပါပဲ

ပိုင်ဆိုင်မှုဆိုတာငါအတွက်

လက်လှမ်း မမှီတဲ့အရာမို့

ငါ့ အချစ်တွေကို

ရင်ထဲမှာထာဝရသိမ်းထားပါမယ်

ကောင်မလေးရေ

ငါ့ကိုအပြုံးတစ်ချက်နဲ့

မနှစ်သိမ့်ပါနဲ့

ငါ့မျက်ဝန်းထဲကအချစ်တွေ

နင်သိသွားမှာဆိုးလို့ပါ

တစ်သက်တာမဟုတ်တဲ့

စိတ်ကူးယဉ်မှုမျိုးနဲ့

အရူးမထချင်တဲ့ငါဟာ

နင်စိတ်ချမ်းသာမယ်ဆို

ငါ့အချစ်တွေကိုပြည်ဖုံးကားချလို့

နင့် အတွက်ထာဝရ

ပေးဆပ်သူတစ်ယောက်ပါ။