မိုးကောင်းကင်က

ကြယ်တစ်စင်း သက်စင်းလို့မြေခသွားတယ်။

ရင်ခွင်ထဲက

အချစ်ဆိုတဲ့အရာ က မမျှော်လင့်ပဲ

မင်းထံ သက်ဆင်းသွားခဲ့တယ်။

မိုးကောင်းကင်မှာ

ကြယ်တွေ မရေတွက်နိုင်လောက်အောင်ရှိလို့

ကြယ်တစ်စင်းကြွေသွားတာ သိပ်အထွေအထူးမရှိခဲ့ပါဘူး။

ဒါပေမယ့် ငါ့ရင်ထဲမှာ

တော့ မင်းအပေါ်သက်ဆင်းသွားတဲ့

ရင်ခုန်သံတွေ အချစ်တွေဟာ

အပြီးတိုင်ပါပဲ ချစ်သူ။

အဆုံးသတ် ချစ်ချင်းအတွက်

မင်းမေတ္တာတုန့်ပြန်မှုကို မျှော်လင့်ပေမယ့်

ငါမတောင်းဆိုပါဘူး ချစ်သူ။