အမေ့အလွမ်း

အမေရေ......
ရပ်ဝေးမြေခြား တိုင်းတပါးမှာ
နေထိုင်မကောင်း ဖြစ်တဲ့ အခါ
အိမ်ကိုလွမ်းတဲ့ ဝေဒနာဟာ
မကြေမငြာဘဲနဲ့
ဟောဒီရင်မှာ နေရာအပြည့်ယူလာတော့တယ်။
အမေ့အပြုံး အဖေ့အပြုံး
ညီအကို မောင်နှမတွေ တရုံးရုးံနဲ့
တ၀ုန်းဝုန်းဆူညံနေခဲ့တဲ့
အိမ်အိုလေးတလုံးကို လွမ်းလွမ်းနေတာလည်း
ဟောဒီ ရင်ထဲကပါပဲ..။
နေပူထဲမှာ ဆော့ကစား
အပြင်းဖျားတုန်းက အဖေဆူမှာဆိုးလို့
အိပ်ချင်ယောင်နေတဲ့အခါ
နဖူးလေး အသာလာစမ်း
ကျနော်ပါးလေးကို အမေနမ်းတာလည်း
ပြန်လည်တမ်းတလွမ်းနေရတာ
ဟောဒီ ရင်ထဲကပါပဲ..။
အိပ်ယာထဲမှာလှဲ အတွေးနယ်ထဲမှာ
ငယ်ကပေါင်း သူငယ်ချင်းရောင်းရင်းတွေနဲ့
ကျောင်းပြေးကြတာကအစ
ပျိုရွယ်စဉ်ဘ၀တွေကို ပြန်တွေး
ဆွေးဆွေးပြီး လွမ်းနေရတာလဲ
ဟောဒီ ရင်ထဲကပါပဲ...။
အခုများတော့ အမေရေ
ထစ်ကနဲဆို လွမ်းလွမ်းနေတတ်တဲ့
ဟောဒီရင် ကိုပဲ
မီးရှို့ပြာချ နလံထချင်လှပါပြီ။