ကောင်းခန်းမရှိတဲ့ ရုပ်ရှင်..

အိပ်ရေးပျက်ခြင်းက ..
မျက်တွင်းတွေကိုတင်ချိုင့်ဝင်စေတာ..
အချစ်တစ်ခုပျက်ခြင်းက ..
ဘ၀ကိုပါ တွင်းနက်နက်ထဲ ကန်ချလိုက်တယ်..
ဒီလိုနဲ့ ငါ ချောက်ထဲကျသွားတယ်..
ဒီလိုဆို မင်းက ချောက်တွန်းသူပေါ့..
ဘာပဲဖြစ်ဖြစ် မင်းထားတဲ့ဘ၀က ..
ငါ့ကိုနေသားကျစေတယ်..
တည်ငြိမ်နေတဲ့ရေပြင်တစ်ခုပေါ့..
ဒါပေမယ့် အလင်းရောင်မရှိဘူး..
ဘ၀ကိုမြှင့်တင်တဲ့လှေကားတစ်ခုပေါ့..
ဒါပေမယ့် လက်ရမ်းမရှိဘူး…
ပြီးပါပြီ လို့စာတမ်းမထိုးပေမယ့်..
ငါတို့ဇာတ်သိမ်းသွားခဲ့ပြီ…
ငါ မျက်ရည်မကျမိဘူး..
ငါချစ်သူပီသခဲ့တာကြောင့်ပေါ့…

နွေတွေသာကုန်သွားပြီဆိုရင်..
ဥဩငှက်တွေလည်းကြိုစရာမလို..
အလွမ်းသင့်သူတွေလဲ ..ငိုစရာမလို…
ဒါပေမယ့်…
နေရောင်မရတဲ့ ပန်းတွေက မလန်းတတ်ဘူးလေ..
ဒီလိုနဲ့ ကျွန်တော်လောင်းရိပ်မိတယ်..
အချစ်ဆိုတာ လှေကားထိပ်က..
တံခါးပေါက်တစ်ခုလား…
ဒါမှမဟုတ် မိုးပျံပူပေါင်းလိုလား..
လွတ်လိုက်တဲ့အခါပြန်လည်ဖမ်းဆုတ်လို့မရဘူးလေ..
ဘာဖြစ်လို့လဲ …
အချစ်ဆိုတာ ဘာမှန်းမသိချင်တော့ဘူး..
ဒီလိုပဲ အချစ်ဆိုတာ..
ဘာမှန်းမသိခဲ့တဲ့အရာပေါ့…