..ပင်လယ်ငိုသံ..

သူတကယ်တုန့်ပြန်မှုကင်းစွာ..
ပျင်းစရာလောကကိုဖြတ်..
ဒီတိုင်းပဲလျှောက်လှမ်းချင်ခဲ့တာလား…
ငါတကယ်မျက်စိလည်ပြီး..
မင်းရင်ခွင်ထဲကိုဝင်ရောက်..
အလိုက်ကန်းဆိုးနားမလည်ခဲ့တာလား…
ဘ၀ပျောက်သူတွေက..
အိပ်မက်ဆိုးဆိုတာကိုကြောက်စရာမလိုဘူးတဲ့..
ငါကတော့ မင်းနှင်လွတ်မှာကိုသာ..
ထာဝရကြောက်ရွံ့နေမိသူ..
မင်းလုံလောက်တဲ့အချိန်မှာ..
ငါဟာထောင့်ချိုးတစ်ခုအတွင်း..
ကြာရှည်စွာပုန်းအောင်းနေနှင့်ပြီပေါ့…