ဖူးပွင့်ခဲ့တဲ့ အလွမ်း
လူခြေတိတ်ဆိတ် ညိမ်သက်တဲ့ည
ကြယ်တွေကြည့်ရင်းအိပ်မရတဲ့ငါ
ရက်တွေသာကြာခဲ့ပေါ့......

အေးချမ်းလှတဲ့ဆောင်းတစ်ည
နှင်းစက်ကြားကလရောင်
အလွမ်းတွေအတွက်
အရှိန်ပြင်းပြင်း
တောက်လောင်ခဲ့ရပေါ့

မင်းမသိပေမဲ့ ခံစားရတဲ့ဝေဒနာ
ရင်ထဲမှာကျွမ်းလောင်
ရင်နှင့်မဆံ့အလွမ်းတွေ
တထောင့်တနေရာမှာ
ထားလို့ရရင် သိပ်ကောင်းမှာဘဲ

ဒီလိုနဲ့ဘဲ ငါ့နှလုံးသားလဲ
အလွမ်းတွေနဲ့ ရင့်ကျက်ခဲ့ပြီလေ
အချိန်နဲ့ ရက်တွေသာ ကြာခဲ့ပေါ့
အလွမ်းတွေကတော့
လျှော့မသွားတဲ့ အပြင်
အဖူးအပွင့်တွေနဲ့ ဝေဆာနေတုန်းပါဘဲ .... ချစ်သူရယ်...။