အခုအချိန် ငါဘယ်လောက်လွမ်းနေတယ်ဆိုတာ နင်သိမှာ မဟုတ်ဘူး...
အချစ်တွေ အလွမ်းတွေ ငါလုံးဝစိတ်မ၀င်စားဘူး ဆိုတဲ့ ကောင်မလေးရေ....
နင်မချစ်ပေမယ့် ငါချစ်နေမယ်..နင်မလွမ်းပေမယ့် ငါသေလောက်အောင် လွမ်းနေတယ်..
ငါမျှော်လင့်နေပါတယ်...တစ်နေ့နေ့ပေါ့.
ဖြစ်လာမယ်လို့ ယုံကြည်နေခွင့်ရှိတယ်..ယုံကြည်နေမယ်..
ပေးဆပ်ခဲ့တဲ့ အချစ်တွေကြောင့်လည်း အကျိုးတစ်စုံတစ်ရာ ရယူချင်တဲ့ စိတ် ငါ့မှာ မရှိပါဘူး..
အချိန်တိုင်း နင့်နားမှာ နေ့ရက်တိုင်း နင့်ဘေးမှာ ဖြတ်သန်းနေရတဲ့ ဘ၀ကို ငါလိုလိုလားလား ခံယူထားတာပါ...
နင် ဘယ်လို အခက်အခဲတွေရှိရှိ ရင်ဆိုင် ဖြေရှင်း ငါ့မာနကို နင်းချေသွားမယ်ဆိုလည်း ငါကျေနပ်နေမယ်.....
အရင်တုန်းက လူဆိုးလူမိုက် `ငါ` စာတော်တဲ့ `နင်`နဲ့ တွေ့ပြီးနောက်မှာ သူများတွေ သြချလောက်အောင်
ငါ စာကြိုးစားခဲ့တယ်...နင် ပေးခဲ့တဲ့ သတ္တိတွေပါ...
ပြန်တွေးကြည့်ရင် ရှုပ်ခဲ့ ပွေခဲ့ သမျှတွေဟာ နင်နဲ့ မတွေ့ရှိခင်က စိတ်ကစားခဲ့တာပါ..
အခု နင်သာ ငါ့ဘ၀ နင်သာ ငါ့အိမ်မက် နင်သာ ငါ့ပဲ့ကိုင်ရှင် ငါ့ဘ၀ရဲ့ သခင်ပါ...
နင် စေလိုရာစေ ထားလိုရာထား ငါ့ပျော်ရွှင်မှုပါ....
ရင်ခုန်သံတွေရဲ့ ထိန်းချုပ်ခြင်းအောက်မှာ ရုန်းမထွက်နိုင်လောက်အောင် ငါ့နတ်သမီး ဖမ်းစားခဲ့တယ်..
ပုံရိပ်တွေမှာလည်း နင့် မျက်နှာသာ မြင်ယောင် အမှောင်ကျနေတဲ့ ငါ့ကို ကယ်တင်ပေးခဲ့တာ နင်ပါ...
နောင်လာမယ့် နေ့သစ်တွေအတွက်လည်း ငါကြိုးစား တည်ဆောက်မယ်...
နင်နဲ့ငါ နှစ်ယောက် သီးသန့် ကမ္ဘာလေးကို ငါ ရင်ခုန် စောင့်မျှော်နေပါရစေ...............