ချစ်သူ

ချစ်သူကိုတောင်
ချစ်တယ်လို့မပြောရဲတဲ့ကောင်
ရာစုတစ်ထောင်မှာ နေရစ်ခဲ့
ထိုသို့ဖြင်စကားမဲ့စေသတည်း..

ချစ်သူ
နင့်အပေါ်မှာထားတဲ့ ငါ့ရဲ့
ချစ်ခြင်းမေတ္တာဟာ
မိုးပေါ်ကိုဦးမော့ပြီးဝင်းပစွာ
လင်းမြတုန်ခါနေတဲ့
ရွှေဝါရောင် မီးတောက်မီးလျှံ
လိုပါပဲ ချစ်သူ။